Skip to main content

Jun 23, 2021

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဇွန် ၂၂ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းနေရာ၊ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာ၊ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းနေရာနှင့် ဟင်္သာတဘူတာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်း လမ်းညွှန်(မူကြမ်း) ဒုတိယအကြိမ်နှင့် ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆွေးနွေးပွဲ (ပထမနေ့) ကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိ အမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်းကို ဇွန်လ ၂၃ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည်မန္တလေးမြို့ အတွင်းဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများ နှင့်အတူ အကြမ်းဖက်သူတချို့ရောက်ရှိခိုအောင်းနေကြောင်းသတင်းအရ ယနေ့နံနက်၇နာရီခွဲခန့်တွင် ၁၁၁ လမ်း နှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်သည်

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လုယက်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင် လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်ကိုင်ဆောင်သော လက်နက်အား လုယူခဲ့ရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး လုယက်မှုကျူးလွန်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုအား စစ်ဆေးရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦးအား တူမီးသေနတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ခါနန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိစဉ် တည်ငြိမ်အေးချမ်းမှုကို မလိုသည့် အကြမ်းဖက်သူများက နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်၏ အရှေ့ လှေကား အောက်၌ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးဖြင့် ဆင်ခြေတုံတရားမဲ့စွာ ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်ခွဲ၊ အောင် ရွှေစင်လမ်း၊ အမှတ်(၆၄၁)နေအိမ်ရှိ ဦးစိန်မိုး မိသားစုအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးဟုဆိုကာ မတ် ၁၅ ရက်နေ့တွင် ဝေယံဝင်းမြင့်(ခ)ဝေယံ(ဘ)ဦးဝင်းမြင့် အပါအဝင်(၁၄)ဦး တို့သည် နေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ ဦးစိန်မိုး၊ အောင်မိုးဟိန်း နှင့် ထင်ခန့်မိုးဟိန်းတို့အား ဓားများဖြင့် ဝိုင်းဝန်ထိုးသတ်ကာ လူသတ်မှုကျူးလွန် ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/၃၄ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၆ တို့အရ ၎င်းတို့အား ဇွန် ၂၁ ရက်တွင် “ သေဒဏ်” အမိန့်ကိုလည်းကောင်း၊ အထက်ပါဖြစ်စဉ်တွင် သေဆုံးသူများ၏ ရုပ်အလောင်းများအား ငမိုးရိမ်ချောင်း အတွင်းသို့ ပစ်ချဖျောက်ဖျက်ရန်စေရန် အားပေးကူညီခဲ့သည့် စန်းဦး(ခ)ကုလားကြီး (ဘ)ဦးကံမြင့် အား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၂၀၁/၁၀၉ အရ ၎င်းအား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်” အမိန့်ကို လည်းကောင်း အသီးသီးချမှတ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်