Jun 17, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 17, 2021
ဂျပန်နိုင်ငံမှကြီးမှူး၍ Online ဖြင့်ကျင်းပခဲ့သော Seminar on Economic Policies 2021 အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်း ကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Jun 17, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 17, 2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ (၂၀၂၁)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ရာထူးဝင် စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။
Jun 17, 2021
ပြန်ကြားရေးဝန်ကြီးဌာန၏စီစဉ်မှုဖြင့် အမှန်နှင့်အမှား၊ ဓမ္မနှင့် အဓမ္မ ပြည်သူတွေကွဲပြားကြဖို့ လိုပါပြီနှင့် အခြား ဆောင်းပါးများ ပါဝင်သည့် ဆောင်းပါးပေါင်းချုပ် စာအုပ်ထွက်ရှိလာသည်။ ။
Jun 17, 2021
VOM သတင်းဌာနမှ ဦးမောင်မောင်ထွန်းက နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ဘဏ်လုပ်ငန်း တွင် ဥပဒေအချို့ ကိုထုတ်ပြန်ကြောင်း၊ သို့သော်လည်းအောက်ခြေတွင် တော်တော်အဆင်မပြေမှုများ ဖြစ် နေကြောင်း၊ နောက်တစ်ချက်မှာ သက်ပြည့်ပင်စင် ဝန်ထမ်းများ၊ ကျဆုံး၊ သေဆုံးစစ်မှုထမ်းများ၏ စစ်မှု ထမ်း ဆုကြေး ငွေများကို အပတ်စဉ်ထုတ်နေရ၍ အခက်အခဲဖြစ်နေကြောင်း၊ ထို့ကြောင့် တစ်လုံးတစ်ခဲ တည်းရအောင် ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အပြင်၌ KPay, Wave Moneypero cotopogumopos ဘာကြောင့် ထုတ်၍ မရသလဲဆိုသည်မှာ ဘဏ်က ထုတ်မပေး၍ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်၌ ပိုက်ဆံ မရှိ၍ ထုတ်မပေးခြင်း၊ မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုကြောင်း၊ ငွေထုတ်၊ ငွေလွှဲအချိန်တွင် ရာခိုင်နှုန်းများကိုလည်း တောင်းနေကြကြောင်း၊ ထိုကိစ္စကို မည်သို့အဆင်ပြေစေရန် ဆောင်ရွက် ပေးမည်ကိုသိလိုကြောင်း မေးမြန်းသည်။
Jun 17, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
Jun 17, 2021
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာ၌ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ် များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Jun 17, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ ဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်အဖွဲ့ဝင်များက အဆိုပါရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Jun 16, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင် ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေး အနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာ ကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ် လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန် စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
Jun 16, 2021
(၁၅-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) ောရီမှ (၁၆-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) ောရီအတွင်း ဓာတ်ခွဲေမူောစုစုနေါင်း (၃,၅၅၆) ခုအား စစ်နေးပေီးစီးခဲ့ရာ COVID-19 နရာဂါ ဓာတ်ခွဲအတည်ပေု လူောသစ် (၃၅၅) ဦး နတွ့ရှိရေါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲေမူော စုစုနပါင်း (၂,၆၅၇,၈၀၈) ခု အား စစ်နေးခဲ့ပပီး COVID-19 ဓာတ်ခွဲအတည်ဖပုလူော စုစုနပါင်း (၁၄၆,၄၀၆) ဦး ရှိပပီ ဖြစ်ပါသည်။
Jun 16, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
Jun 16, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
Jun 16, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဇွန် ၁၄ ရက် နံနက် ပိုင်းတွင် လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများအား အမှာစကားပြောကြား၍ ဝန်ထမ်း များအတွက် တူညီဝတ်စုံများ ပေးအပ်သည်။
Jun 16, 2021
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ၌ ကျင်းပသည်။
Jun 16, 2021
နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်ရန်အတွက် နေပြည် တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များတွင် အငှားအိမ်ရာများ တည်ဆောက်သွားနိုင်ရန် ဖွဲ့စည်း သော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 16, 2021
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့် အမျိုးသား ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးများ ကျင်းပရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Jun 16, 2021
တိုင်းဒေသကြီး ပြည်နယ်များအားလုံး၌ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်လာစေရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်မိသားစုချင်း၏ လူနေမှု အဆင့် အတန်းမြင့်မားလာရေး အကောင်အထည် ဖော်ပေးခြင်းသည် မြို့နယ် ပြည်ရွာတစ်ခုလုံးဖွံ့ဖြိုးရေးအတွက် အရေး ပါသည့် လုပ်ငန်းရပ် ဖြစ်ကြောင်း ဇွန် ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် တိုင်းဒေသကြီး ခရိုင်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြား သည်။
Jun 16, 2021
ရန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲက ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်း ချောင်းနှင့် အင်းစိန်မြို့နယ်ရှိ ရိုးကြီးချောင်း တူးဖော်ရှင်းလင်းနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
