Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့် ဆေးပစ္စည်းများ၊ သားငါးများ ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက် ကားရောင်းချပေးသည့် အစီအစဉ် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၅

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ပန်းဘဲ တန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ ဒုတိယ အစီအစဉ်အဖြစ် အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို  ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၂၀မှ အိမ်သုံးဆေးဝါး ၁၇၉ မျိုးကို ရောင်းချပေးလျက်ရှိပြီး ငွေကျပ်သိန်း ၈၀ ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ကို ရောင်းချခဲ့သည်။

 

အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈) နေရာ၌လည်း အဋ္ဌမမြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် ၃၉ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့် ဆေး ပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ရွေ့လျားဈေးကားဖြင့် သားငါးများရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်