Oct 17, 2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်စွဲဖြင့် ကြေညာချက် (၆) စောင်ထုတ်ပြန်ခဲ့သည်။
Oct 17, 2020
ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပြည်ဝင်ဗီဇာတစ်မျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး ရက်ပေါင်း (၉၀)ထက် ကျော်လွန်နေထိုင်သူများသည် ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်း ဥပဒေ အပိုဒ် ၆ (၁)(ခ)(ဂ) တို့အရ YGN သင်္ကေတဖြင့် ထုတ်ပေးသည့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကို ကိုင်ဆောင်ကြရသည်။ အဆိုပါ YGN သင်္ကေတပါ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာ (၃၀) ရက်တွင် သက်တမ်းကုန်ဆုံးပြီး ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင် ရေးနည်းဥပဒေ အပိုဒ် ၇(၂)(ခ)အရ သက်တမ်းကုန်ဆုံးသည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်း နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်သည်။
Oct 17, 2020
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဘ၀ရှင်သန်ရေးကို ရုန်းကန်နေရသူဖြစ်စေ၊ သက်သောင့်သက်သာ ဖြတ်သန်းနေရသူ ဖြစ်စေ စစ်မှန်သော သာယာအေးမြမှုထက် ပိုပြီး ဘာကိုမှ ပိုလိုချင် စရာမရှိ။ ရင်တွင်းက နှလုံးသား၏စကားသံကို ခဏတာ အချိန်ပေး နားထောင်ကြည့်လျှင် လူတိုင်းသည် ငြိမ်းချမ်းမှုကို မည်မျှမြတ်နိုး သည် ဆိုခြင်းကို ပိုမိုသတိပြုမိပါလိမ့်မည်။ ။
Oct 17, 2020
ယခု ၂၀၂၀ ပြည့်နှစ်သည် ရန်ကုန်တက္ကသိုလ်ကြီးအတွက် လေးစားဂုဏ်ယူ မြတ်နိုးဖွယ်ရာ ရာပြည့်ကာလဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ သက်တမ်းပြည့်တော့မည် ဖြစ် သည်။ ယခုအခါ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကာလ နီးကပ်လာပြီ ဖြစ်၍ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာတက္ကသိုလ်ကြီးနှင့် ဆက်နွှယ် ပတ်သက်ခဲ့ကြသူများ၊ ပညာသင်ကြား ပေးခဲ့ကြသည့်ဆရာ ဆရာမကြီးများ၊ ပညာရည်နို့သောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများက လက်လှမ်းမီသရွေ့၊ တတ်နိုင်သရွေ့ ဝိုင်းဝန်းဂုဏ်ပြုချီးမြှင့်ပေးကြရမည် ဖြစ်သည်။
Oct 16, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာနေ ဦးမျိုးဝင်း၊ ဦးမြင့်မောင်၊ ဦးအောင်မြင့်၊ ဦးဇော်နှင့် ဦးကြက်တောတို့သည် ယာမြေရှင်းလင်းရာမှ တွေ့ရှိရသည့် ရွှေဖြင့်ပြုလုပ်ထားသည့် ခေါင်းလောင်းပုံစေတီ အစိတ်အပိုင်းတစ်ခုနှင့် ထီးတော်တစ်ခု၊ ငွေဖြင့်ပြုလုပ်ထားသည့် စေတီတော်ပစ္စယာတစ်ခု၊ စေတီတော်အောက်ခံပြားတစ်ခု၊ ငွေနန်းကြိုးအပိုင်းအစ (၃)ခု၊ ငွေပြားအပိုင်းအစ (၂)ခုတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်အပ်နှံခဲ့သဖြင့် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကမ္ဘာ့အမွေအနှစ်မြို့ဟောင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဟန်လင်းဌာနစု အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 16, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် အောက်တိုဘာ ၁၆ ရက်တွင် အင်းယားစင်တာမှ လူနာ ၁၀၁ ဦး သတ်မှတ်ချက်များနှင့်အညီ စင်တာမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Oct 16, 2020
စင်ကာပူနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာများနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည်။
Oct 16, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (၁၃)ခုမြောက် ကာကွယ်ဆေးအဖြစ် အိတ်ခ်ျပီဗီကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်မှစ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ Stay at Home အမိန့်ကြေညာထားသည့် မြို့နယ်များမှလွဲ၍ စတင်ထိုးနှံ ပေးသွားဖြစ်ကြောင်း သိရသည်။
Oct 16, 2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၄၄၃)ဦးနှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၁၆၄၀)တို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။
Oct 16, 2020
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ၏ သတ္တမအကြိမ် နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများအဆင့် (Senior Officials’ Meeting) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။
Oct 16, 2020
ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 16, 2020
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ချိတ်ဆက် ပါဝင် တက်ရောက်ကြသည်။
Oct 16, 2020
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။
Oct 16, 2020
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 16, 2020
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Web Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 16, 2020
ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ Video Conferencing System ဖြင့်ပြုလုပ်သည့် (zoom Meeting) လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၀)ကို အောက်တိုဘာ (၁၄)ရက် နံနက်(၁၀)နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား ထောက်ပံ့ငွေပေးအပ်
Oct 16, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၁)နာရီခွဲ က တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေး အေးသာယာစခန်း နှင့် တောင်လေးလုံးလမ်းခွဲ (ခေါင်တိုင်) မြို့ဝင်၊ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များကို ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ငွေသားကျပ် (၅)သိန်းစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 16, 2020
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးသည် အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် (၁၀) နာရီက ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းရှိ ရေပူစမ်းနာနေအဆောင်တွင် ပျူခေတ်ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။
Oct 16, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပေါင်း ၂၃ ရက်သာ လိုပါတော့သည်။ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများအရ သက်ဆိုင်ရာက ထုတ်ပြန် သော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နေထိုင်ကြရသဖြင့် မိမိ၏ မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေး နိုင်ခြင်းမရှိသော မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ရှိနေကြသည်။ ထိုမဲဆန္ဒရှင်များအတွက် ဆန္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မည်သို့စီမံဆောင်ရွက်ထားပါ သနည်း။ အနှစ်ချုပ်မျှဝေပါရစေ။
Oct 16, 2020
မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း
=============================
ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
အောက်တိုဘာ ၁၅ ရက်မှအဆက်
ဒေါ်ခင်ယုမေ ။ ။ ‘မြွေမြွေချင်းခြေမြင်’က မထွက်ဘူး ထင်တယ်။
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အစ်မ ထွက်တယ် နောက်ဆုံးကား ထွက်တယ်။ နောက်ကျတော့ အစ်မ (၁၉၇၃) ရောက်တဲ့အခါကျတော့ အစ်မက ‘တိမ်ဦး လေပြေ မောင့်ကိုစေ ’ နော် ကိုဝင်းဦးနဲ့။
