Oct 19, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားချိန်မှစ၍ National COVID-19 Call Center(ဖုန်းနံပါတ် ၂၀၁၉) သို့ ဖုန်းခေါ်ဆိုမေးမြန်းမှု ပြန်လည်မြင့်တက် လာကြောင်း ဆေးသုတေသနဦးစီးဌာန ကူးစက်ရောဂါဗေဒ သုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်ထံမှ သိရသည်။
Oct 19, 2020
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ထောက်ပံ့ကူညီသည့် ဆေးရုံ သုံး လက်အိတ်များနှင့် လူသားချင်းစာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင် ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
Oct 19, 2020
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဝါရှင်တန်မြို့ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ မြန်မာ သံရုံးတို့ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ ၅၁ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ၆၁ ဦး စုစုပေါင်း ၁၁၂ ဦး လိုက်ပါခဲ့ကြသည်။
Oct 19, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် ယခုရက်သတ္တ ပတ်အတွင်း ဖြစ်ပွားနှုန်းကျဆင်းမှု မရှိသေးသော်လည်း ရောဂါအတက်၊ အကျနှုန်း တန်းနေသည့်သဘောကို တွေ့ရသည်။ ဆေးပညာရှင်များ၏ အဆိုအရ ရောဂါဖြစ်ပွားနှုန်းဂရပ်မျဉ်းသည် အကျဘက်သို့ ဆင်းလျှင်သော်လည်းကောင်း၊ တန်း၍နေလျှင်သော်လည်းကောင်း အခြေအနေကောင်း ဖြစ်သည်ဟု ခန့်မှန်းကြသည်။ ။
Oct 19, 2020
မြန်မာနိုင်ငံ၏ နှစ်တစ်ရာ အမှတ်တရများတွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်သည် ပဓာန ကျသော အထိမ်းအမှတ်တစ်ခုဖြစ်ပါ သည်။ ထိုအထိမ်းအမှတ်သည် မြန်မာနိုင်ငံသားတို့အတွက် တန်ဖိုး ထား ထိန်းသိမ်းရမည့် အမွေအနှစ်တစ်ခုအဖြစ် ရှိနေပေသည်။ ။
Oct 18, 2020
(၁၇-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၈၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Oct 18, 2020
(၁၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၃၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၅၀)ဦး တွေ့ရှိရပါသည်။
Oct 18, 2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ နောက်ဆုံးနေ့အဖြစ် ကြိုတင် ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၅၀၃) ဦး၊ ဆိုးလ် မြို့ရှိ မြန်မာ သံရုံး၌ မဲဆန္ဒရှင် (၇၂) ဉီးနှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၂၆၀) ခန့် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။
Oct 18, 2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များ အတွက် ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 18, 2020
အထက်မြန်မာပြည်တစ်ခုလုံးအတွက် အကျိုးပြုဆောင်ရွက်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအသစ် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory- Mandalay) ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ အဆိုပါ ဌာနဝင်းအတွင်း၌ တည်ဆောက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအခြေနေကို အောက်တိုဘာ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 18, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၄၀နှင့် ထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၄၀ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၅ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Oct 18, 2020
အောက်တိုဘာ ၁၅ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့လက်ဆေးခြင်းနေ့ ရက်သတ္တပတ် အထိမ်းအမှတ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် Stay at Home ကာလတွင် လက်ဆေးခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လက်ဆေးခြင်း ဓာတ်ပုံပြိုင်ပွဲကို မြန်မာဝိုင်အမ်စီအေ က ကြီးမှူးကျင်းပသည်။
Oct 18, 2020
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန် အသင်းတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ကားများဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေး အစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ပြုလုပ်သည်။
Oct 18, 2020
ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်လူနာများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာတွင် အသုံးပြုမည့် ဒေါ်လာ(၂)သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပြည်ပမှ ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။
Oct 18, 2020
ကမ္ဘာကြီးတွင် လူတို့၏တည်ဆောက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ စီမံဖန်တီးမှုတို့နှင့် ဆက်နွှယ်၍ ကမ္ဘာကြီး၏ဂေဟစနစ်၊ ကမ္ဘာကြီး၏ရာသီဥတုစနစ်များ ယခုအခါ ပြောင်းလဲဖြစ်ပေါ်နေပြီဖြစ်သည်။ လူတို့၏ ပြုပြင်စီမံဖန်တီးမှုတို့ကြောင့် ရှေးယခင်ကပုံမှန်ရာသီဥတုဖြစ်စဉ်၊ သဘာဝဖြစ်စဉ်တို့ကို သွေဖည်ကာ ပုံမှန်မဟုတ်သည့် ရာသီဥတုဖြစ်စဉ်၊ သဘာဝဖြစ်စဉ်များ ပေါ်ပေါက်လာသည်။
Oct 18, 2020
မြန်မာတို့သည် အားနာတတ်၏။ မြန်မာတို့သည် သူတစ်ထူး၏ အခက်အခဲကို ဂရုမစိုက်တတ်။ မြန်မာတို့သည် လက်ဖွာရက်ရောကြ၏။ မြန်မာတို့သည် အလွန်ကပ်စေးနှဲ၏။ မြန်မာတို့သည် သွေးဆူလွယ်၏။ မြန်မာတို့သည် ဖော်ရွေကာ သူတစ်ထူးကို အလွန်ဂရုစိုက်ကြ၏။ မြန်မာတို့သည် အလွန်ယဉ်ကျေး၏ အစရှိသော ယေဘုယျသုံးသပ်ချက်များသည် မည်သို့သော စနစ်တကျ ဆန်းစစ် လေ့လာထားသည့် အချက်အလက် သုတေသနပြုမှုများပေါ်တွင် အခြေခံပြောဆိုခြင်းမဟုတ်။ လူတစ်ဦးချင်း၏ အတွေ့အကြုံနှင့် စိတ်ခံစားမှုပေါ်မူတည်ကာ ယေဘုယျပြုခြင်းဟု ဆိုရပါမည်။
Oct 17, 2020
(၁၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၇၃၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၈၇)ဦး တွေ့ရှိရပါသည်။
Oct 17, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates-UAE) ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဒူဘိုင်းမြို့ရှိ Jumeirah Creekside ဟိုတယ်၌ ပြင်ပမဲရုံ သွားရောက် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
Oct 17, 2020
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ က လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်၊ ရွှေကျောင်းဆောင်၌ ကျင်းပသည်။
Oct 17, 2020
(၁၆-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၃၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
