Skip to main content

Jun 08, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ညနေ ၃ နာရီ၌ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး နှစ်(၃၀) ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြား ရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2021

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားသော အမှုများအား စစ်ဆေးစီရင်နိုင်ရန် ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် သီးသန့်တရားရုံး၌ ရုံးထိုင်ဆောင်ရွက်ခဲ့ရာ စွဲဆိုထားသည့် အမှုများ စစ်ဆေးစီရင်ခြင်းနှင့်

ဆက်လက်ဖတ်ရှုရန်

Jun 08, 2021

“မိမိတို့ မြန်မာလူမျိုးများသည် သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးကြပြီး သစ်တော ထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ရှိပြီးသားဖြစ်ကြောင်း၊ ယခု ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေး အန္တရာယ်များ တွေ့ကြုံခံစားရမှု လျော့ပါး သက်သာစေရေး၊ လိုက်လျောညီထွေ ရှိစေရေးအတွက် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပြောကြား ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2021

ကိုဗစ်-၁၉ ကပ်ရောဂါပိုးတွေ့ လူနာများ တွေ့ရှိမှုရာခိုင်နှုန်းများ ရုတ်တရက်မြင့်တက်လာမှုကို အမှတ်တမဲ့မနေကြဘဲ ပြည်သူ အချင်းချင်း အပြန်အလှန်အသိပေး၊ သတိပေးကြရန် လိုအပ်နေပြီ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်ရှိသည့် မြို့နယ်အချို့တို့တွင် ရောဂါဖြစ်ပွားမှုများ အစုလိုက် အပြုံလိုက်တွေ့ရှိခြင်း၊ ပိုးတွေ့လူနာအရေအတွက် ရုတ်တရက် မြင့်တက်လာခြင်း တို့ ကြောင့် နေအိမ်တွင် နေထိုင်ရေးအစီအစဉ် Stay at Home သတ်မှတ်ခဲ့သလို ပြည်တွင်းလေကြောင်း ခရီးစဉ်အချို့ကိုလည်း ယာယီရပ်နားထားခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဇွန် ၅ ရက်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းစာဖြေဌာန၊ သင်္ဃန်းကျွန်းစာဖြေဌာန၊ သာကေတစာဖြေ ဌာန၊ ဒဂုံ(ဆိပ်ကမ်း)စာဖြေ ဌာနတို့သို့လည်းကောင်း၊ ဇွန် ၆ ရက်တွင် ဗဟန်းစာဖြေဌာနနှင့် အင်းစိန်စာဖြေဌာနတို့သို့ လည်းကောင်း သွားရောက်၍ စာမေးပွဲကြီးကြပ် ဆရာတော်များနှင့် စာဖြေ သံဃာတော်များ၊ သီလရှင်များအား ဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဇွန် ၆ ရက် နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုပြခန်းအား လေ့လာကြည့်ရှု၍ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များနှင့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက်နံနက် ၇နာရီခွဲတွင် ရန်ကုန်မြို့အထက်ပုဇွန် တောင်လမ်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ပိုင် စက်ဆန်း အုပ်စု(၁၁)၀င်းရှိ မြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ တောင်သူအွန်လိုင်းလက်လီ/ လက်ကား ဈေးထုတ်ပိုးသိုလှောင်ရုံနှင့် ဖြန့်ဖြူးရေးစင်တာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

နှစ်ပေါင်းများစွာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် မိမိတို့၏ တွေးခေါ်စဉ်းစားပုံ၊ ပြောဆိုပြုမူပုံများသည် ခေါက်ရိုးကျိုးခဲ့ပြီ။ အရေးအကြောင်းပေါ်လျှင် သက်စွန့်ဆံဖျား တာဝန် ထမ်းရသည်ကိုပင် အားရဝမ်းသာ ပျော်ရွှင်စွာပါဝင်ခဲ့ဖူးသည်။ စိတ်မပါသော အလုပ်မျိုးတွေ ကိုလည်း ကျိတ်မှိတ်အောင့်အည်းသည်းခံကာ ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ရဖူးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

“၁၂၄၇ ခု တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့မှာ နန်းတော် အတွင်းသို့ အင်္ဂလိပ်စစ်သည် တော်များ ဝင်ရောက်လာကြသည်။ မြန်မာတို့၏ထုံးစံအတိုင်း ပုရပိုက်များကို ကျွန်းသေတ္တာကြီး အတွင်း ထည့်သွင်းကာ အလုပ်လုပ်ရာဌာနရှိသမျှနှင့် စာရင်းတိုက်မှာထားကြသည်။ ပုရပိုက် အမှတ်အသားထားသော သေတ္တာများမှာလည်း မရေမတွက်နိုင်လောက်အောင် များပြားသည်။ ထိုသေတ္တာအတွင်း ပုရပိုက်များနှင့်အတူ ဗောင်း၊ နားတောင်း၊ ဝတ်လုံစသော မင်းခမ်း မင်းများနှင့် ဆိုင်သည့် အဝတ်အစားများ၊ ငွေများ၊ အဖိုးတန်သော အသုံးအဆောင်များကို ထားကြသည်။ အင်္ဂလိပ်စစ်ဗိုလ်၊ စစ်သား စသူများနှင့် ၎င်းတို့၏ နောက်လိုက်များပါ သေတ္တာရှိသမျှကို ဖွင့်လှစ် ယူငင်ကြရာ အချို့မှာ ပစ္စည်းအဖိုးတန်များကို ရကြသည်။ အချို့မှာ ပစ္စည်းကိုမရသော်လည်း ပစ္စည်းရှိမည်အထင်နှင့် သေတ္တာများကို ဖွင့်လှစ်ရှာဖွေသည့်အတွက် ပုရပိုက်များမှာ အခေါက်ပျက်ကုန်ကာ ပစ်ထားလိုက်ကြသည်။”

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်အတွက် စာအုပ်အမှတ်စဉ် ၂၂ ဖြစ်သည့် “အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့ လိုပါပြီနှင့် အခြားဆောင်းပါးများ” ပါဝင်သော မေလတွင် ပထမအကြိမ်အဖြစ်ထုတ်ဝေထားသည့် စာအုပ်ကို စာချစ်သူများ အတွက် မိတ်ဆက်ပေး လိုပါသည်။ ထိုစာအုပ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း နိုင်ငံပိုင်သတင်း စာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံတို့တွင် ဖော်ပြပါရှိခဲ့သည့် ဆောင်းပါး ၉၂ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

စိမ်းစိုနေသည့်နှမ်းနှင့် ပဲစိုက်ခင်းများကို လမ်းဘေးတစ်ဖက်စီတွင် တွေ့ရသည်။ နွေကာလ မိုးမရ၍ ခြောက်သွေ့နေရမည့်အစား စိမ်းစိုသန်စွမ်း၍နေသည်။ အချို့နှမ်းပင်များသည် ပွင့်ဖူး၍နေပြန်သည်။ အချို့နေရာများတွင် ရေအပြည့်ဖြင့် စီးဆင်းနေသည့် မြောင်းမကြီးများကို တွေ့ရပြီး တောင်သူများက ထိုရေကိုရယူ၍ ရေပိုက်များဖြင့် စိုက်ခင်းများကို ရေသွင်း၍ စိုက်ပျိုးနေကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက် လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်