Jun 11, 2021
ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းမှ ပြန်လည်ရုန်း ထနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အဓိက အားထားရမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမကဏ္ဍများ အနေဖြင့် ပါဝင်သူအား လုံး၏ အင်အားကို ရယူအသုံးချ နိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သည့် ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်နိုင်ရေးနှင့် ရရှိထားသောချေးငွေ များကို အလေအလွင့်မရှိ ထိရောက်စွာအသုံးချရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၆)တွင် ကျင်းပသည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေ ကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
Jun 11, 2021
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာကိစ္စများကို ကိုယ်စားဆောင်ရွက် ရမည့် ကိုယ်စားလှယ်များသတ်မှတ်ခြင်း နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 11, 2021
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များတွင် သင်ကြားရေးနှင့် သုတေသနဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jun 11, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ နှင့် အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jun 11, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်) ပဉ္စမနေ့ကို ၁၁-၆-၂၀၂၁ ရက်နေ့၌ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့တွင် စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၂၉၅၁၅ ပါး အနက် ၁၇၇၄၄ ပါး ဖြေဆိုကြသဖြင့် ၆၀ ဒဿမ ၁၂ ရာခိုင်နှုန်း ဖြေဆိုကြ ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
Jun 11, 2021
ရန်ကုန်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့မှူးများအား တွေ့ဆုံသည်။
Jun 11, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဇွန် ၁၀ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံသည်။
Jun 11, 2021
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်း များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်း ကော်မတီများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Jun 11, 2021
လှော်ကားရေလှောင်ကန်ရှိ ရေဝေရေလဲ သစ်တောမြေနေရာ က ၅ဝ တွင် ကျွန်း၊ ပျဉ်းကတိုးနှင့် အရိပ်ရ သစ်ပင်ပေါင်း ၈ဝဝဝဝ ကျော်ကို ယခု မိုးရာသီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စိုက်ပျိုး ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Jun 11, 2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (မေလထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု (ယာယီစာရင်းအရ) ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၉.၆၉) ဘီလီယံ၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ
Jun 11, 2021
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပြီးခဲ့သော ဇွန် ၁ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်းလုံးမှ အခြေခံပညာကျောင်းများ ဖြစ်သောထက်/လယ်/မူ ကျောင်းများအားလုံး ၂၀၂၁၂၀၂၂ ပညာသစ်နှစ်ကို စတင် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ယင်းသို့ စတင် ဖွင့်လှစ်နိုင်ရန် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ကိုလည်း ဇွန်လမတိုင်မီ မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကြိုတင်သတ်မှတ်ကာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို သက်ဆိုင် ရာကျောင်းများမှ စတင် လက်ခံခဲ့ပြီးဖြစ်သည်။
Jun 11, 2021
သုတဝေဖြာသီရိဂေဟာမိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ် (၁၈)ကို ဇွန် ( ၁၁ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
Jun 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ဇွန် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်မြို့၌ တွေ့ဆုံ သည်။
Jun 11, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
Jun 11, 2021
မန္တလေး တိုင်းဒေသကြီး အတွင်း ဒုဋ္ဌဝတီမြစ်ကို အခြေခံ သည့် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ကာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ် နှင့် ဆီးသွားလာရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။
Jun 10, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုး မရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
Jun 10, 2021
မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတရည်ရှည်ဖွံ့ဖြိုးရန်နှင့် မျိုးကောင်းမျိုးသန့်များ ရည်ရှည် တည်တံ့စေရန် ပင်လယ်ပြင် ငါးမဖမ်းရရာသီကို ယခင်သတ်မှတ်သော ၃ လမှ တစ်လရှေ့တိုး၍ ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။
Jun 10, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင် တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 10, 2021
(၉-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၀-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၂,၃၄၇)ခုအားစစ်ဆေးပြီးစီးခဲ့ရာCOVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ သစ် (၁၆၁)ဦးတွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း(၂,၆၃၉,၁၃၈) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၄,၈၇၆) ဦး ရှိပြီ ဖြစ်ပါသည်။
Jun 10, 2021
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ပညာရေးဘွဲ့(B.Ed)မရရှိသေးသော သင်ကြားရေး ဆရာ၊ဆရာမ များအတွက် ပညာရေးဘွဲ့(B.Ed)သင်တန်းတိုးချဲ့ ဖွင့်လှစ်နိုင် ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
