Jul 29, 2021
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက် လျက်ရှိသောကြောင့် တာဝန်ရှိသူများက ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် CRPH၊ NUGနှင့် PDF အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်နှင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားကို ပျက်ပြားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသော လမ်းများ၌ မိုင်းထောင် ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ကို ထောက်ထားညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။
Jul 29, 2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေး နှင့် ဈေးကွက်လိုအပ်ချက် ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 29, 2021
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI) အဆင့်မြင့် အရာရှိကြီးများ၏ (၆) ကြိမ်မြောက်အစည်းအဝေး (the 6th ASEANSAI Senior Officials’ Meeting: SOM) နောက်ဆုံးနေ့ကို ယမန်နေ့တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။
Jul 29, 2021
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ သုတေသန ဌာနခွဲ၊ စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များ လေ့လာရေးဌာနစုကွင်းတွင် “ရာသီဥတုနှင့် မိုးလေဝသအခြေအနေများအလိုက် စိုက်ပျိုးသီးနှံပုံစံအမျိုးမျိုးတို့၏ သီးနှံထုတ်လုပ်မှုအပေါ် သက်ရောက်မှုတို့ကိုလေ့လာခြင်း” နှစ်ရှည်သုတေသနလုပ်ငန်းကို ရာသီဥတုနှင့် မိုးလေဝသ ပြောင်းလဲမှု အခြေအနေများအလိုက် စိုက်ပျိုးသီးနှံပုံစံ အမျိုးအမျိုးတို့၏ သီးနှံထုတ်လုပ်မှုအပေါ် သက်ရောက်မှုများကို လေ့လာ၍ အထွက်နှုန်းကို ကြိုတင်ခန့်မှန်းနိုင်မည့် Model များကို ရေးဆွဲ တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 29, 2021
နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများအား ဇူလိုင် ၂၈ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ပြီး ကာကွယ်ဆေး ထိုးပြီးလျှင် ဆေးနှင့် ဓာတ်မတည့်ခြင်းနှင့် ဘေးထွက် ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် မိနစ် ၃၀ အကြာ စောင့်ကြပ်ကြည့်ရှုပေးရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
Jul 29, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်လျက်ရှိသည်။
Jul 29, 2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဇောတိကာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ မဟာထေရ်မြတ်ကြီးသည် သက်တော် (၇၀)နှစ်၊ သိက္ခာတော်(၅၀)ဝါ အရ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၄)ရက်၊ (၂၇-၇-၂၀၂၁)၊ အင်္ဂါနေ့၊ နံနက် (၁၁:၂၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန် တော်မူကြောင်းနှင့် ယင်းနေ့ နေ့လယ် (၁၄ : ၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အန္တိမအဂ္ဂိ ဈာပန ပြုလုပ်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
Jul 29, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း နှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
Jul 29, 2021
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် မြို့နယ်အချို့တွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 29, 2021
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံတွဲ၊ ဘူးသီတောင်၊ မောင်တောမြို့နယ်များအတွင်း ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Jul 29, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ရိပ်သာ၌ပြု လုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
Jul 29, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီး သည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
Jul 29, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များက စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
Jul 29, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး မြေပြင်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ၊ လိုအပ်ချက်များ ဖော်ထုတ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများမှ ကိုယ်စား လှယ်များနှင့်လည်းကောင်း၊ ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့မှစေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း Online စနစ်ဖြင့် ကျင်းပသည်။
Jul 29, 2021
လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေရေးအတွက်မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ဝယ်ယူရောက်ရှိလာ သော ကာကွယ်ဆေးများ စတင်ထိုးနှံမှု ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အချုပ်သား ၆၁၀ အား ယနေ့နံနက်ပိုင်းတွင် စတင် ထိုးနှံပေး ခဲ့ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရသည်။
Jul 29, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည်။
Jul 29, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်သူများက မြန်မာနိုင်ငံမှ ကိုဗစ်လူနာများ ကုသရာတွင် အသုံးပြုရန် အောက်ဆီဂျင်အရည် (Liquid Oxygen) တန် ၂၀၀ လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီကမန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးတွင် ကျင်းပသည်။
Jul 29, 2021
လူမှုကူညီရေးအဖွဲ့အစည်းများ၏ကဏ္ဍ မိမိအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ အများ အကျိုးဆောင်ရွက်သည့်လုပ်ငန်းများကို ပရဟိတလုပ်ငန်းများအဖြစ် သိရှိကြသည်။
Jul 29, 2021
ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ ဘာသာရေး၊ ဝါဒရေး၊ စီးပွားရေး အကြောင်းတစ်မျိုးမျိုး အတွက် လက်နက်စွဲကိုင် တိုက်ခိုက်သတ်ဖြတ်သည့် အကြမ်းဖက်လမ်းစဉ်ကို အသုံးချလာကြသည်။ အကြမ်းဖက်လမ်းစဉ်မှာ ရက်စက်ယုတ်မာသည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူများအား အကြောက် တရားကြီးမားလာအောင် လုပ်ဆောင်ကာ အာဏာထူထောင်ခြင်းပင် ဖြစ်သည်။ အကြမ်း ဖက် သမားတို့၏ရည်မှန်းချက်သည် ဖြတ်လမ်း နည်းဖြင့်ရယူသည့် ယုတ်မာရက်စက်သော လုပ်ငန်း စဉ်ဖြစ်သည်။
Jul 28, 2021
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များ အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး အများပြည်သူလူထုသွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကိုထိခိုက်စေရန် စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ ဆရာ/ဆရာများအား နှောက်ယှက် တိုက်ခိုက်ခြင်းများကိုလူသားချင်းစာနာထောက်ထားမှုမရှိဘဲလုပ်ဆောင်လျက်ရှိသည်။
