Skip to main content

Aug 01, 2021

အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များ သည်မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူလူထုအပေါ် စာနာထောက်ထားမှုမရှိဘဲ တရားမဝင် အကြမ်းဖက် အဖွဲ့များ ဖွဲ့စည်း၍ အပြစ်မဲ့ပြည်သူများအား စွပ်စွဲသတ်ဖြတ်ခြင်း၊ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည့် အပြင် လုယက်မှုများကိုပါ ကျူးလွန်လျက်ရှိသည်။ ထိုသို့ တရားဥပဒေမဲ့ လုပ်ရပ်များပြုလုပ်နေမှုကို ထပ်မံဖြစ်ပွားမှု မရှိစေရေးနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2021

၁။ COVID-19 ကာကွယ်ဆေးဝယ်ယူရန်နိုင်ရေးအတွက် COVID -19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ် ထားပါသည် -

ဆက်လက်ဖတ်ရှုရန်

Aug 01, 2021

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် မြို့နယ်အချို့တွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အသုံးပြု သော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2021

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော တပ်မတော်ဆေးရုံများ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ၊ မြို့နယ် ပြည်သူ့ဆေးရုံများ၊ အရပ်ဘက် ပရဟိတ အဖွဲ့အစည်းများနှင့် အရေးပေါ်လူနာများအား လိုအပ်သောအောက်ဆီဂျင် ထောက်ပံ့ပေးနိုင်ရေး အတွက် တပ်မတော်(ရေ) ရေတပ်သင်္ဘောကျင်းဌာနချုပ်နှင့် ကွပ်ကဲမှုအောက် ဌာနချုပ်များတွင် အောက်ဆီဂျင် စက်ရုံများတည်ဆောက် တပ်ဆင်လျက်ရှိရာ

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

(၂၉-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅,၁၂၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းအား ဩဂုတ် ၁ ရက် နံနက် ၉ နာရီတွင် MRTV ၊ NRC ၊ MITV ၊ MWD HD ၊ MWD Variety ၊ MWD Documentry ၊ Up to Date ၊ One News ၊ Channel-9 ၊ MNTV ၊ Channel-7 ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယိုနှင့် FM အားလုံးတို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ/ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများမှ တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို သိရှိနိုင်ရေး ထပ်ဆင့်မျှဝေရှင်းလင်းခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် Online ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ကွမ်းလုံတံတားသစ် တည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Yunan Sunny Road & Bridge Co.,Ltd မှ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာန သို့ ပေးအပ်လှူဒါန်း သည့် 40 Liter Oxygen အိုး အလုံး(၅၀) နှင့် Flow Meter (၁၅)ခု ကို ဇူလိုင် ၂၇ ရက်တွင် ချင်းရွှေဟော်နယ်စပ်ဂိတ်၌ လက်ခံရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်နိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် အောက်ပါအတိုင်း ဖွင့်လှစ် ထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးတစ်ရပ်ကို ၂၉-၇-၂၀၂၁ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ Arria Formula အစည်းအဝေး၏ သဘော သဘာဝအရ အလွတ်သဘော ဆွေးနွေးမှုသာဖြစ်ပြီး အစည်းအဝေးမှ စာရွက်စာတမ်း တစ်စုံတစ်ရာ ထွက်ရှိခြင်း မရှိပါ။ လုံခြုံရေးကောင်စီ၏ လုပ်နည်းလုပ်ဟန်အရ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမကထပြု ဆောင်ရွက်နိုင်ပြီး အစည်းအဝေးသို့ ဖိတ်ကြား သူများ အားလုံးနှင့် တက်ကြွလှုပ်ရှားသူများလည်း အဟန့်အတားမရှိဘဲ ပါဝင်နိုင်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (CoVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံသို့ ၂ဝ၂ဝ နှစ်ဆန်းပိုင်းမှ စတင်ဝင်ရောက်လာခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၁၂-၃-၂ဝ၂ဝ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာ ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့ ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အဆိုပါရောဂါကို ကာကွယ်ကုသရန်အတွက် ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသရေး လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

ဇူလိုင် ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၂ မိုင်အကွာ တွင် အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည့် အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ငလျင်ရိုက်ခတ်မှုဒဏ်ကြောင့် ဌာနမှ ထိန်းသိမ်း ထားသော ရေလှောင်တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ထိခိုက်မှုရှိ/ မရှိ ချက်ချင်း ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရ | ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 31, 2021

လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျှက်ရှိပြီး ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး ဆေးသို လှောင်အအေးခန်းတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များနှင့် ဆေးထိုးအပ်များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့ နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် မြစ်ကြီးနား၊ စစ်တွေနှင့် သံတွဲမြို့များသို့ ပို့ဆောင်ပေးသည်။

ဆက်လက်ဖတ်ရှုရန်