Skip to main content

Aug 19, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပကာ ဩဂုတ် ၁၆ ရက်က ကျင်းပခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားဆွေးနွေးချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် ချင်းပြည်နယ်၏ နွားနောက်မွေးမြူမှု လုပ်ငန်း ပိုမို ဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

အကြိမ်(၄၀)မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (40h Meeting of the High-level Task Force on ASEAN Economic Integration - HLTF-El) အစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်အထိ သရက်၊ ကြံခင်း၊ ဘားအံမြို့တို့တွင်သာ ဘိလပ်မြေစက်ရုံများ ရှိခဲ့ကြောင်း၊ ယခုအခါ ပြည်တွင်းဘိလပ်မြေစက်ရုံ စုစုပေါင်း (၁၉) ရုံ ရှိလာပြီဖြစ်၍ (၁) နှစ်လျှင် ဘိလပ်မြေ တန်ချိန် (၇) သန်းမှ (၉) သန်းခန့်ထိ ထုတ်လုပ် နိုင်သော်လည်း ပြည်ပမှ (၁) နှစ်လျှင် ဘိလပ်မြေ တန်ချိန် (၁) သန်းခန့် တင်သွင်းနေရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

အကောက်ခွန်ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက် မရှိလွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၁၈-၈-၂၀၂၁ ရက်နေ့၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ (၄၁) ခုမှ ENOXAPARIN INJECTION (၁၂၀၀၀)ခု၊ CRYOGENIC GAS YUNDER (၆)ခု၊ FLOW METER (၁၂၅၀)ခု၊ HAND HELD UVC DCSIN ECTION LAMP (၄)ခု၊

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Union Resources & Engineering Co.,Ltd. (UREC)ထံ မှာယူခဲ့သော တွန်း/ဆွဲရေယာဉ် သစ်နှစ်စင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

“စားသောက်ကုန်ပစ္စည်းများအား ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့်မားလာစေရန်အတွက် ရည်ရွယ်ချက် ရှိစွာဖြင့် ပွဲရုံများ၊ ဂိုဒေါင်များတွင် သိုလှောင်ခြင်း၊ ဈေးကစားခြင်းများ ရှိနိုင်သဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်းမြင့်မားမှု မရှိစေရေး တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်ပေးကြရန် လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထေ

ဆက်လက်ဖတ်ရှုရန်

Aug 19, 2021

အာဖဂန်နစ္စတန်မြေပေါ်တွင် နှစ်ပေါင်း ၂၀ ကြာ တပ်စွဲခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်း ထွက်ခွာသွားချိန်၌ အာဖဂန် လူ့အဖွဲ့အစည်းမှာ ယိမ်းခါလှုပ်ရှားကျန်ရစ်ခဲ့သည်။ စစ်ရေးအင်အား အပါအဝင် ငွေကြေးအားဖြင့်လည်း ဒေါ်လာဘီလီယံများစွာ သုံးစွဲ၍ ကျားကန်လာခဲ့သည့်တိုင်အောင် အနောက်နိုင်ငံများက ဖြစ်စေလိုခဲ့သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ခိုင်ခ

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် Video conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့် ကိစ္စနှင့်ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ဩဂုတ်လ ၁၂ ရက်နေ့ ၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်ဝန်းကျေးရွာ အနောက်တောင်ဘက်ရှိ လောပိတအမှတ်(၂) ဓာတ်အားပေးစက်ရုံနှင့် နေပြည်တော် (တပ်ကုန်း)ရွှေမြို့ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော National Grid ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ အောက်ခံကွန်ကရစ်ခုံ ၄ ခုနှင့် သံဖရိန်အား ယမ်းကပ်၍ ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

၁။         ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အောင်ဘာလေ သိန်းထီကံစမ်းသူမိဘပြည်သူများမှ ထီလက်မှတ်များကို အဆင်ပြေချောမွေ့စွာ ဝယ်ယူကံစမ်းနိုင်စေရေးအတွက် အောင်ဘာလေသိန်းထီ လက်မှတ်များအား လစဉ်ရောင်းချပေးလျက်ရှိပြီး ထီဖွင့်ပွဲများကိုလည်း လစဉ်လဆန်း (၁) ရက်နေ့တွင်  ကျင်းပပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

 

                                                                                                              နေပြည်တော် ဩဂုတ် ၁၈

 

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်များကို ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်။ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီက မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနက ငါးအမျိုးမျိုးကို ဝန်ထမ်းများ သက်သာချောင်ချိစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍ မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်းစည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချနေမှုကိုသွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌

ဆက်လက်ဖတ်ရှုရန်