Skip to main content

Aug 23, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုး သက်ရောက်မှုရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ စနစ်တကျ မှတ်ပုံတင်ထားရှိရန်တို့နှင့် ပတ်သက်၍ အမျိုးသားဆေးဝါးဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုအား သိရှိစေရန် အချက်အလက်များကို ထုတ်ပြန်ကြေညာပေးလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၃၅ ဦး၊ အမျိုးသမီး ၂၂၆ ဦး၊ စုစုပေါင်း ၄၆၁ ဦး ကို မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှတစ်ဆင့် လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၃၅ ဦး၊ အမျိုးသမီး ၂၂၆ ဦး၊ စုစုပေါင်း ၄၆၁ ဦး ကို မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှတစ်ဆင့် လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များ ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေးရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အကျော်ကျေးရွာ အကျော်ချောင်းမ၌ ဩဂုတ် ၂၀ ရက်ပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သာသနာ့ပါလမွန်ကျောင်းတိုက်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမျူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၌ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေပဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက် အတွင်း၌လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိမြန်မာသံရုံး၊ စစ်သံရုံးတို့မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ တင်ဆောင် လာသည့် Air China လေယာဉ်သည် ပေကျင်းမြို့မှ ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ အဆိုပါဆေးနှင့်ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ဗိုလ်မှူးကြီး ဇော်မျိုးဟန်နှင့် ကျန်းမာရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့် နိုင်ငံအတွင်း စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တုံ့ဆိုင်းနှေးကွေး ရပ်တန့်ခြင်းများဖြစ်ပေါ်နေသည်။ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်တွန်း အားပေး မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်နေသည်။ စိုက်ပျိုးရေးကဏ္ဍ၌ စပါးပြီးလျှင် အဓိက အားထားသည့် ပဲမျိုးစုံစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်နေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် နိုင်ငံ ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေးအရယူရန်အတွက် နယ်ချဲ့အစိုးရလက်အောက်တွင် အလျင်အမြန်ရေးဆွဲခဲ့ရသည့် အခြေခံဥပဒေတွင် အားနည်းချက်များ ပါရှိခဲ့သလို ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း အကွဲအပြဲများစွာဖြင့် ဇာတ်သိမ်းခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူ တစ်ပါတီပုံစံ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို တည်ထောင်ခြင်း ဖြစ်သော်လည်း ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ အပြောင်းအလဲများတွင် မအောင်မြင်ပြန် သည့်အခါ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို မြန်မာပြည်သူတို့ လိုလားလာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးအချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် အတွက် လက်နက်/ ခဲယမ်းများ သယ်ဆောင် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးမှုများ လုပ်ဆောင် လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့၌ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (က)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည့် ဖယ်ခုံ PDF အဖွဲ့၏ထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံ၊ ဖယ်ခုံမြို့နယ် NLD ပါတီဝင် ပီတယ်အောင်၊ PDF အဖွဲ့ဝင်များ ဖြစ်သည့် လှိုင်ကြူ(ခ) စိုင်းလူနှင့် မောင်နက်၊ PNLO နယ်မြေအတွင်း အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် ဇင်သော် ဟိန်းနှင့် မောင်နို့တို့ ငါးဦးကို ၎င်းတို့စီးနင်း လိုက်ပါလာသော မော်တော်ယာဉ် အပါအဝင် M-22 နှစ်လက်၊ M-4တစ်လက်၊ ပစ္စတို နှစ်လက် စုစုပေါင်း လက်နက် ငယ် ငါးလက်၊ ကျည်မျိုးစုံ ၄၂၅ တောင့်၊ ကျည်အိမ်၁၄ ခု၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 22, 2021

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉နာရီ က မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ မန္တလေးတိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်။ စိုက်ပျိုးရေး ဦးစီးမှူးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်