Skip to main content

Oct 30, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၂၀၂၅ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့်ဇာတ်သဘင်ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာ(၂)ရက်မှ(၄)ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၆) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်းမှထုတ်ယူရရှိသည့် ရေနံစိမ်းများအား ဌာနကြီးကြပ်မှုအောက်ရှိ ရေနံချက်စက်ရုံများတွင်ချက်လုပ် ဖြန့်ဖြူးပေးလျက်ရှိသော်လည်း ပြည်တွင်းထုတ်လုပ်မှုမှာ နိုင်ငံအတွင်း လိုအပ်ချက်၏ ၃ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် ထပ်မံလိုအပ်သည့် စက်သုံးဆီအများစုကို နိုင်ငံခြားငွေဖြင့် ပြည်ပမှဝယ်ယူတင် သွင်းရလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် (Global Alliance for Vaccines and Immunization- GAVI) မှ Senior Country Manager ၊ Mr. Ricard Lacort Monte ဦးဆောင်သောအဖွဲ့နှင့် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအား တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်နော်ယုဇနဝါ က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီ အတွင်းရေးမှူး ဦးခေါတိန့် က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းက တောင်ကြီးမြို့ အဝေရာမီးပုံး ပျံကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

၂၀၂၄ ခုနှစ် စက်တင်ဘာအတွင်း ကြုံတွေ့ခဲ့ရသည့် ရာဂီစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ်ရေကြီး ရေလျှံမှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းတို့ရှိ အချို့နေရာများတွင်ရထား လမ်းတာပေါင်များ၊ တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့ခြင်း၊ မြေပြိုကျ၍ ပျက်စီးခြင်းစသည်တို့ ကြုံတွေ့ခဲ့ရပြီး လမ်းပိုင်းအလိုက် ဦးစားပေးပြုပြင် နိုင်ခဲ့သဖြင့် သာစည်-ရွှေညောင် လမ်းပိုင်းတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှစ၍ အပတ်စဉ် အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားအား သောကြာနေ့နှင့် အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည်ရထားအား တနင်္လာနေ့များတွင် ပုံမှန် ပြေးဆွဲပေးလျက်ရှိရာ အောက်တိုဘာ ၃၁ ရက်မှ စတင်၍ သာစည်မှ တောင်ကြီးအထိ ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)အောင်မြင်သော သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည် တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝါဝါမောင်သည် ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာ- ကိုရီးယား စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ Mr. Choi Shin-iL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၁ ) နေပြည်တော်၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့က အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီး Shri Sahntanu Thakur နှင့်အတူ ဂျာဝါဟာနေဟူဆိပ်ကမ်း အာဏာပိုင်ကကျင်းပသည့် ကုန်ပစ္စည်းများ ဖြန့်ဝေမှုကွင်းဆက်ခိုင်မာအောင် တည်ဆောက်ခြင်း (Fortifying Global Supply Chains) အခမ်းအနားကို တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ ကျင်းပနေသည့် ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြင့်မားရေးကို မြှင့်တင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ခန့်သည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြသည်ဖြစ်ရာ စိုက်ပျိုး မွေးမြူရေးထွက်ကုန်များ မြှင့်တင်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်းနှင့် ထုတ်ကုန်အရည်အသွေး မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြကာ နိုင်ငံ့စီးပွားမြင့်မား တိုးတက်လာစေရန် ဆောင်ရွက်ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပါဝင်သည့် မြို့နယ် ၁၀၀ တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။ ရွေးကောက်ပွဲအပိုင်း(၁) နှင့် အပိုင်း(၂) အကြား အချိန်ကာလအားဖြင့် ကွာခြားချက် ရက်သတ္တနှစ်ပတ်သာလျှင်ဖြစ်ရာ လာမည့်နှစ်ဆန်း ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ မြို့နယ်ပေါင်း ၂၀၂ မြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးနေမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ်နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့် အခြေအနေမှကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်