Skip to main content

Oct 31, 2025

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၅ခုနှစ်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမာရဝိဇယကျောင်းတော်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

ဖိလစ်ပိုင်နိုင်ငံPampanga Mabalacat City SMX Convention Center Clark တွင် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၄၃) ကြိမ်မြောက် ASEAN Federation of Engineering Organizations များ၏ ညီလာခံအစည်းအဝေးနှင့် Engineering Conference ၌ ပေးအပ်သည့် ၂၀၂၅ ခုနှစ်၊ အာဆီယံအကောင်းဆုံးအင်ဂျင်နီယာဆု (ASEAN Outstanding Engineering Achievement Award - Individual Category) ဆုကို မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူး ပြည့်ဖြိုးမောင်က ရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊   ၃  /၂၀၂၅

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party - AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးသုံးပစ္စည်းများအား အထူးကုန်ရထားများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေအိတ် ၉၇၂၀ (တန်ချိန် ၄၈၆ တန်) တင်ဆောင်လာသော အထူးကုန်ရထားသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ရွှေကြက်ယက်ဘူတာသို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးလက်ခံခဲ့ကြကာ တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ကွင်းအမှတ်-၄/ယောရင်ကွင်း ဦးပိုင်အမှတ် ၃၅ / ၂င ၊ ၃၅ /၂စ ရှိ ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ် ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါအဆောက်အအုံ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျုံကန်ကျေးရွာအုပ်စု မိုးစပါးစံပြဧက ၁၀၀ စိုက်ခင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ingo PEACE.(Japan) တို့ပူးပေါင်း၍ သားအိမ်ခေါင်း ကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ​တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအထိမ်းအမှတ် လမ်းလျှောက်ပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး     ညွှန်ကြားရေးမှူးချုပ် ဦးထက်သျှန်ဖြိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် သားကောင်းရတနာများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးစသည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်အရွယ်အချိုးအစားအလိုက် ဟန်ချက်ညီမျှတစွာ ဆိုင်ရာကဏ္ဍများအလိုက် ကျေပွန်စွာထမ်းဆောင်နိုင်ရန် ဆောင်ရွက်ကြရာတွင် လူငယ်လူရွယ်များ၏ အချိုးအစားများ လုံလောက်စွာရှိနေစေရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2025

လူပုဂ္ဂိုလ်တို့ကလှူ၍ ရဟန်းတော်တို့က ဝိနည်းနှင့်အညီ ခင်းခွင့်ရကြသော ကထိန်သင်္ကန်းအလှူသည် မြတ်သောအလှူတစ်ခုပင်ဖြစ်သည်။ ကထိန်ဟူသော မြန်မာဝေါဟာရသည် ကထိနဟူသော ပါဠိမှဆင်းသက်လာခြင်းဖြစ်ပြီး ကထိနသဒ္ဒါသည် ထိရ= မြဲမြံခိုင်ခံ့ခြင်းဟူသောအနက်နှင့် ကထန= ချီးမွမ်းခြင်းဟူသော အနက်တို့ကို ပြဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် နည်းပညာတက္ကသိုလ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Precision Auto Engineering Co.,Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် နည်းပညာဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သုံးဘီးနည်းပညာဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်း သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ် (၆) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များထမ်းဆောင်သည့်အခါတွင်အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ အောက်တိုဘာ ၁ ရက်မှစတင်၍ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းစခန်းချလေ့ကျင့်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်မြင်စွာသင်တန်းဆင်းပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် သတင်းအရ ပင်လောင်းမြို့နယ်၊ လိန်းလီ ကျေးရွာအနီးတွင် ရှိုင်းဗိုလ် (ခ) ငမော့မောင်းနှင်လာသော DONGFENG မော်တော်ယာဉ်ပေါ်မှ ဘိန်းဆီခဲ ၇၄ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ကီလို၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၅၅ x ၅၆ လမ်းကြားနှင့် ၁၄၁ x ၁၄၂ လမ်းကြား တွင် ဇင်ဖြိုးဦး(ခ)ကိုဖြိုးအား NISSAN ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၇၇၅ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁,၅၄၂ ဒသမ ၅ သိန်း)၊ ဘိန်းဆီခဲ ၇၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁,၄၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ဒသမ ၇၇၅ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၆၃၃၀)၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀)၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၁,၁၂၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်း(၎င်းဒေသတန်ဖိုးငွေ ကျပ်သိန်း ၅၇၀)၊ (စုစုပေါင်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄၉၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ပါကြောင်း၊

ဆက်လက်ဖတ်ရှုရန်