Skip to main content

Jan 29, 2021

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငြိမ်းချမ်းအောင် လူမှုညီရေးအဖွဲ့(ရွှေဘို)၊ ဖိုးချစ်(ဇာတ်သဘင်)အဖွဲ့တို့နှင့် အတူ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့သို့ ဇန်နဝါရီ ၂၈ ရက်နံနက် ၁၀ နာရီ ခွဲကရောက်ရှိလာရာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ဇန်နဝါရီလ(၂၈)ရက် နံနက်(၁၀)နာရီခွဲမှစတင်ပြီး ဇီးကုန်းမြို့၊ကန့်ဘလူ၊ကျွန်းလှနှင့်ကောလင်းမြို့နယ်တို့ရှိ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များနှင့် နှင့် Quarantine Center များသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ နံနက်(၉)နာရီအချိန် က ပဲခူးမြို့ ကုတင် (၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရုံးအမှတ် (၄၄) ရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် မြန်မာ့ရေနံဆေးပေးခန်းနှင့် တည်ဆောက်သွားမည့် အဆောက်အအုံများအတွက် မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ရက်စွဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများအပါအဝင် မြန်မာနိုင်ငံသားများအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၂၁)ကြိမ်မြောက် All Nippon Airways (ANA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများ၌ စီးပွားရေးလုပ်ငန်းအများစု တုံ့ဆိုင်းခြင်း၊ ရပ်တန့်ခြင်း၊ ဖျက်သိမ်းခြင်းအဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ အချို့ လုပ်ငန်းများမှာ ခေတ္တ၊ အချို့ လုပ်ငန်းများမှာ တစ်ဝက်တစ်ပျက်၊ အချို့လုပ်ငန်း များမှာ အပြီးတိုင်ဖျက်သိမ်းမှုများရှိခဲ့သည်။ အားလုံးအတွက် စိတ်မကောင်းဖွယ်ဖြစ်သည်။ သို့သော် စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ကိုဗစ်-၁၉ အလွန်တွင် စီးပွားရေး ပြန်လည်ဦးမော့အောင် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2021

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင်း၌ စတင် ထိုးနှံနေပြီဖြစ်သည်။ အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် လက်ဝယ်ရရှိထားသော ကာကွယ်ဆေးနှင့် ထိုးနှံရန်လိုအပ်သည့် လူအရေအတွက် မမျှမတဖြစ်နေသည့်အတွက် မည်သို့သောသူများကို ပထမဆုံး စတင်ထိုးနှံမည် ထို့နောက် မည်သူတို့ကို ဆက်လက် ထိုးနှံမည် စသည့် ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

(၂၇-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၆,၃၇၈)ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၅၀) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်း (Early Grade Mathematics Assessment and Reading Assessment – EGRA/EGMA) သုတေသန လုပ်ငန်း၏ တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြခြင်းလုပ်ငန်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်‌ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAOs) မှ ကိုယ်စားလှယ်များ၏ အလွတ်သဘော ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက် လျက်ရှိရာ ဒီးမော့ဆိုမြို့နယ် ၊ ပူဖားကျေးရွာရှိ စာသင်ကျောင်းဆောင် ပြီးစီးအောင် ဆောင်ရွက်နိုင် ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်ခေတ္တ ဝန်ကြီးချုပ် ရုံးခန်း၌ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပသိရေအား လျှပ်စစ်စက်ရုံ၊ အကြီးစားပြင်ဆင်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပပြလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်း‌ဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ(၂၈)ရက်နေ့က ကျွန်းလှမြို့နယ်၊ မော်ကယ်ကျေးအုပ်စု၊ ညောင်ပင်ကျေးရွာ အ‌ရှေ့ဘက်၊ ခါချဉ်ကုန်းတွင်တွေ့ရှိရသည့် ရှေးဟောင်းပစ္စည်း ဟုယူဆရသော ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လက္ခဏကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍရေးနှစ်ပထမ(၃)ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် MCCT ထောက်ပံငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက လက္ခဏကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဦးစီး ဌာနမှ တည်ဆောက်ထားသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ အဆိုပါ အိမ်ရာဝင်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်