Skip to main content

Feb 04, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲ ၂ နာရီက အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (4-2-2021, 6:00 PM)

ဆက်လက်ဖတ်ရှုရန်

Feb 04, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံသား (၄၀) အပါအဝင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၆) ဦးကို ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2021

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တိုင်းရင်းသားပြည်သူများ တပ်မတော် ဆေးရုံများတွင် ဆေးသကုနိုင်ကြောင်း ထုတ်ပြန်ချက် တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2021

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ရန်ကုန် (ဝါးတန်း/ဒလ) ကားကူး ဇက် ယာဉ်လမ်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကားကူးဇက် ရေယာဉ် တစ်စင်းဖြင့် ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ အဆင်ပြေ စေရေးအတွက် သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ဇန်နဝါရီ ၅ ရက်မှစတင်၍ ကုန်စည်နှင့် မော်တော်ယာဉ်များ ကူးသန်းသွားလာမှု များပြားလာခြင်းကြောင့် ကုန်စည်များပြတ်တောက်မှုမဖြစ်ပေါ်စေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကားကူးဇက် ရေယာဉ် နှစ်စင်းဖြင့် ပြေးဆွဲပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် နှစ်ရှည်ပဒေသာပင် စိုက်ပျိုးထားသော ယုံဗွေ ကွမ်းသီးခြံမှာ အနားယူအပန်းဖြေနိုင်သည့် ခရီးသွားနေရာတစ်ခုဖြစ်လာကြောင်း သိရသည်။ တောင်ပေါ် ဒေသဖြစ် သော်လည်း ရေငွေသဖွယ်ရှိသော ရေထွက်ပေါက်မှ ရေများထွက်ရှိကာ အဆိုပါနေရာကို အကြောင်းပြု၍ ရေငွေမှတစ်ဆင့် ယုံဗွေဟု ခေါ်တွင်လာ ကြောင်း ဒေသခံ များထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2021

ရေသည် လူသားအားလုံးအတွက် အရေးကြီးသည့်ပစ္စည်းဖြစ်သည်။ ရေသည် သက်ရှိအရာ များနှင့် သတ္တဝါများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ရေကို စနစ်တကျ အသုံးချလျှင် များစွာအကျိုး ရှိသည်။ စနစ်တကျ အသုံးမချတတ်လျှင် အဟောသိကံဖြစ်မည်။ ရေသည် ကောင်းကျိုးများစွာပေးသလို တစ်ခါတစ်ရံ ဆိုးကျိုးများလည်း ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2021

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်းရှိ ပူးပေါင်း စစ်ဆေးရေးစခန်းတစ်ခုတွင် ည အချိန် ဖြတ်သန်းသွားလာသည့် ယာဉ်တစ်စီးကို စစ်ဆေးရာမှ အစပြု၍ သန်းနှင့်ချီသည့် အရေ အတွက်ရှိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိ ခဲ့သည်။ ရှမ်းပြည်နယ် (မြောက် ပိုင်း)မှ အစပြုကာ ရန်ကုန်သို့ လည်းကောင်း၊ ရန်ကုန်မှတစ်ဆင့်ရခိုင်ပြည်နယ်သို့ လည်းကောင်း အဆင့်ဆင့်သယ်ဆောင်လာသည့် အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများ၏ တန်ဖိုးမှာ ကျပ် ၇ဒသမ ၅၉ဘီလီယံကျော်ရှိရာ လွန်စွာများ ပြားလှသည့် ပမာဏပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ယာယီရပ်နားထားသော ခရီးဝေးရထား၊ မြို့ပတ်နှင့် ဆင်ခြေ ဖုံး ရထားများ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ (ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကို ရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် ညတွင် ပွဲစဉ် (၉) ကို ဆက်လက်ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းမှစတင်ကာ YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲလျက်ရှိသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင်လှပသာယာ၍ ရေသ ယံဇာတ၊ သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ပေါကြွယ်၀သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်မှာ အထူးပြောစရာ လိုမည်မထင်ပါ။ ထိုတနင်္သာရီတိုင်းဒေသကြီး၏ အစွန်ဆုံး မြို့တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့ အနီးတစ်ဝိုက် ကျွန်းများတွင် ရှားပါးလူနည်းစု ဆလုံ(ခေါ်) မော်ကင်း “ Mawken” (သို့) Sea Gypsies ခေါ် ပင်လယ်ပျော်လူသားမျိုးနွယ်စုတစ်စု နေထိုင်ကြသည်ဆိုသည်ကို သိသူနည်းမည် ထင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အောက်ရှိ ယာဉ် လိုင်း များတွင် ပြေးဆွဲပေးလျက်ရှိသော YRTA ယာဉ်မောင်းများနှင့် ဝန်ထမ်း များအား မြန်မာနိုင်ငံ တွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု လုပ်ငန်း ကို ဖေဖော်ဝါရီ ၁ ရက် နံနက် ပိုင်းတွင် စတင်ထိုးနှံပေးခဲ့ကြောင်း YRTA ရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

၂၀၁၉ ခုနှစ် နှောင်းပိုင်းမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ကပ်ရောဂါသည် ၂၀၂၁ ခုနှစ်သို့ ဝင်ရောက် လာသည့် အချိန်ထိ ကမ္ဘာမြေပေါ်မှပျောက် ကွယ်မသွားသေးဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူအများကြား ထဲတွင် ကူးစက်ပျံ့နှံ့ကောင်းနေဆဲ။ အချို့ဒေသများတွင်မူ ဗီဇပြောင်းကာ လူ့အဖွဲ့အစည်းကိုဆက်လက်၍ အန္တရာယ်ပြုနေဆဲ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ တစ်ဝန်း ပိုးတွေ့ လူနာ တွေ့ရှိမှု တဖြည်းဖြည်း ကျဆင်း လာသည်ကိုတွေ့ရ သည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ပိုးတွေ့ လူနာ ၃၁၀ ဦး ရှိသည်။ ပိုးတွေ့ရှိမှုများအနေဖြင့် ၄၀၀ ကျော်မှ ၃၀၀ ကျော်၊ ၂၀၀ ကျော်စသည်ဖြင့် တဖြည်းဖြည်း အကျဘက်သို့ ဦးတည်လာနေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်