Skip to main content

Mar 09, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရောက်၍ ပြည်ပထွက်ခွာမည့်ခရီးသည်များကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စိစစ်ဆောင်ရွက်ပေးသည့် လေဆိပ် Terminal 1 မြေညီထပ် CIP Lounge ရှိ လူဝင်မှုကြီးကြပ်ရေး ကောင်တာများအား လေဆိပ်ပထမထပ် (Level-2) သို့ ပြောင်းရွှေ့နေရာချထားနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လေဆိပ်တာဝန်ခံက လိုက်လံရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် တောမအုပ်စုဥယျာဉ်ကျေးရွာရှိ မိတ္ထီလာတောင်ကန် ဥယျာဉ်မြောင်း ရေသောက်စနစ်အတွင်း နွေနှမ်း (ဆင်းရတနာ ၃) မျိုးများကို ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူများ၏ ဧက ၅၀ စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် M.V Moe Hein (မိုးဟိန်း) ရေယာဉ်သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှပေးပို့သည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် ခွဲကျောက်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မှာယူသည့် ဆန် (40 Kg) ၃၂၁၂၁ အိတ်၊ ဓာတ်မြေဩဇာအိတ် ၁၅၄၀ နှင့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၁၄၂၈ ဒသမ ၄၃ တန်တင်ဆောင်၍ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် မတ် ၆ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ် မဒန်းဆည် ရေသောက်စနစ်နှင့် ဥတ္တရသီရိမြို့နယ် ဖောင်းလောင်ရေသောက်စနစ်များအတွင်း စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၀၄ ဦးကို ယနေ့တွင် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁၀ ကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

သစ်သီးအခြေခံ စားသောက်ကုန်နှင့် ဝိုင်၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကော်ဖီထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့်တက်ရောက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ MSME Agency မှ တာဝန်ရှိသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် တတ်သိပညာရှင်များ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဘဏ်များအသင်းရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

ပြည်သူလူထုလိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများ တိုးတက်ရရှိစေရန်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသောဝန်ထမ်းများ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ တာဝန်ရှိသူများသည် ယနေ့တွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းရုံး (ဗဟို) ၌ အထူးကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဝန်ကြီးဌာနလက်အောက်ရှိဌာနများက မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန် မတ် ၆ ရက် မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှမန္တလေးသို့ အမှတ် (၂၇) အဆန်လေအိတ်ရထားဖြင့်ထွက်ခွာ၍ ရထားလမ်းပိုင်းကြံ့ခိုင်မှုကိုစစ်ဆေးပြီး ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်များကို တာဝန်ရှိသူများအားမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ် မတ် ၃ ရက်တွင် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှနေ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆာမားရားမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ဘယ်လာရုစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအပါအဝင် ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်ခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် ဘယ်လာရုစ်သမ္မတနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2025

အခြေခံပညာဦးစီးဌာန ၂၀၂၅ ခုနှစ် နဝမတန်း(Grade 9)လူရည်ချွန်စာရင်းကြေညာ

ဆက်လက်ဖတ်ရှုရန်

Mar 08, 2025

အခြေခံပညာဦးစီးဌာန ၂၀၂၅ ခုနှစ် ဒသမတန်း(Grade 10)လူရည်ချွန်စာရင်း ကြေညာ

ဆက်လက်ဖတ်ရှုရန်

Mar 08, 2025

အခြေခံပညာဦးစီးဌာန ၂၀၂၅ ခုနှစ် ဧကာဒသမတန်း(Grade 11)လူရည်ချွန်စာရင်း ကြေညာ

ဆက်လက်ဖတ်ရှုရန်