Skip to main content

Feb 16, 2026

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးရှိ အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Energetic Alliance Petroleum Products Co., Ltd. နှင့် Hein Engineering Co., Ltd. တို့၏ စက်ဆီချောဆီရောစပ်စက်ရုံနှင့် သီလဝါအထူး စီးပွားရေးဇုန်ရှိ Pacific-PSP Syntech Co., Ltd. ၏ စက်ဆီချောဆီရောစပ်စက်ရုံများကိုသွားရောက်၍ ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ စက်ဆီချောဆီရောစပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဟာဝိဟာရကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော သံဃာတော်များအား အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)နှင့် Trust Alliance Company တို့ပူးပေါင်း၍ ပထမအကြိမ် အသည်းရောင်အသားဝါ(ဘီ)ပိုး၊ (စီ)ပိုးစစ်ဆေးခြင်းနှင့် ဘီပိုးကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့တက်ရောက်ပြီး ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သံဃာတော်များ ကာကွယ်ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီ ခွဲက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ဝမ်မိုင် (ကွက်သစ်) ပုံလို့လမ်းတွင်လမ်း လျှောက်လာသူ ကျော်စန်းဦး (ခ) ကုလား (၃၁) နှစ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂၄၀) အား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရယင်းနေ့ ည ၆ နာရီတွင် တာချီလိတ်မြို့မယ်ခေါင်ရပ်ကွက် အိမ်တွင်းမှုကျောင်းလမ်း၌ ဖမ်းဆီးရမိအိုက်စ်(မက်သ် အဖက်တမင်း) များအား ရောင်းချပေးသူ ဝင်းကျော်စွာ(ခ)ကိုထွန်း (၄၀)နှစ်၊ ရန်အောင်မြေရပ်ကွက် တာချီလိတ်မြို့နေသူအား စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ (တစ်ပြား လျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်း ဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၅ သိန်း)နှင့် အိုက်စ် (မက်သ်အဖက် တမင်း) ၀ ဒသမ ၁ ကီလို (တစ် ကီလိုလျှင်ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၈ သိန်း)အား ထပ်မံဖမ်းဆီးရမိသဖြင့် ကျော်စန်းဦး (ခ) ကုလားနှင့် ဝင်းကျော်စွာ (ခ) ကိုထွန်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရမူဆယ်မြို့ စွမ်စော်ရပ်ကွက် မူဆယ်-နမ့်ခမ်းကားလမ်းတွင် လမောင်ဆိုင်းအောင် (ခ) ဆိုင်းအောင် (၃၀) နှစ် ဆိုင်းတောင်ကျေးရွာ ဖားကန့်မြို့နယ်နေသူ မောင်းနှင်လာသော TOYOTA LANDCRUISER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၂၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၁၀ သိန်း) အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအနီးရှိ နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက စက်ရုံ၏ ဘဏ္ဍာရေးနှစ်အလိုက် အရှုံးအမြတ်အခြေအနေကို ဆွေးနွေးတင်ပြပြီး စက်ရုံအတွင်း အုတ်စိမ်းထုတ်လုပ်နေမှုနှင့် လက်ရှိထုတ်လုပ်နေသည့် Top Burning System မှ ပိုမိုကောင်းမွန်သည့် မြေကြီးတွင် ကျောက်မီးသွေးရောစပ်၍ အုတ်ကျက်ထုတ်လုပ်မည့် Internal Bur-ning System ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုအား အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် အရှုံးမဖြစ်ပေါ်စေရေးအတွက် ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (International Cooperation Review Group - ICRG) အစည်းအဝေးများကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၃ ရက်အထိ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀)ပြည့် အထိမ်းအမှတ် ထူးချွန်ဆုရရှိသောဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအတွက် ဗလာမပါ ကံစမ်းမဲများချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်(တပ်ကုန်း မြို့)ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား Auditorium ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပခဲ့သည်။ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိသည့်အနက် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိသည့်အတွက် မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိသည်။ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်များ စာရင်းအပြင် FPTP မဲဆန္ဒနယ်များတွင် တစ်ဦးချင်းဆန္ဒမဲရရှိမှု၊ PR မဲဆန္ဒနယ်များတွင် ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှုအခြေအနေများကို တစ်ပြိုင်နက်ထုတ်ပြန် ကြေညာပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်ရှိသည့်အနက် ၁၃ ဒသမ ၁၄ သန်းကျော်တို့က လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခွင့်ရှိသူအရေအတွက်၏ ထက်ဝက်ကျော်ဖြစ်၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိသည်။ ယခုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ကြရသည်။ ရွေးကောက်ပွဲကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သလို ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါကလည်း တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2026

တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့ရာတွင် တီမောလက်စ်တေအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးသည့်နောက်ပိုင်းကာလများတွင်လည်း ၎င်း၏ကတိကဝတ်များနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို လေ့လာတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2026

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားပြီး အကြမ်းဖက်လုပ်ရပ် များလုပ်ဆောင်လျက်ရှိသည့် ဒေသများ၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်ပြီး ပြန်လည်ထိန်းချုပ်လျက်ရှိရာ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ကယားပြည်နယ်၊ ဖားဆောင်းမြို့အားလည်း ယနေ့ဖေဖော်ဝါရီ ၁၅ ရက်တွင် တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2026

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်