Skip to main content

Feb 13, 2020

နေပြည်တော်  ဖေဖော်ဝါရီ ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

ဘားအံ  ဖေဖော်ဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာ စကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အထိမ်းအမှတ်လှုပ်ရှားဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

မင်းဘူး     ဖေဖော်ဝါရီ          ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင်  ယမန်နေ့ ညနေ ၅ နာရီခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇၀) ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

လောင်းလုံး ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အဖြစ် လောင်းလုံးမြို့တွင် မြို့တော်ခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

မုံရွာ၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲတော်ကို ယနေ့ နံနက် (၈)နာရီခွဲ က မုံရွာမြို့ ကန်သာယာ ရွှေလိမ္မော်ကျွန်း၌ ကျင်းပသည်။

ရှေးဦးစွာ ပွဲတော်မုခ်ဦးအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြ ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ဂျပန်-မြန်မာ မွေးရာပါကလေးနှလုံးရောဂါ ပူးပေါင်း ကုသရေးစီမံချက် ငါးနှစ်ပြည့်မြောက်သည့် အခမ်းအနား ကို ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့မာရုယာမက အဖွင့်အမှာ စကားပြောကြားရာတွင် ကလေးငယ်များကို ကူညီကုသပေး ခဲ့သည့် ငါးနှစ်တာကာလကို အထူးဂုဏ်ယူကျေးဇူးတင်ပါ ကြောင်း၊ ယခုလို ကူညီနိုင်စေရန် ကူညီပေးကြသူများကို ကျေးဇူးတင်ပါကြောင်း၊ ထပ်မံပြီး ကူညီဆောင်ရွက်ပေးပါ ရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၃) ရက်

ယခင်အခါက ပုံနှိပ်မီဒီယာများသာ ရှိခဲ့သော်လည်း ယနေ့ခေတ်အခါတွင် မိုဘိုင်းအင်တာနက်ကွန်ရက်များ ဖွံ့ဖြိုးတိုးတက်လာမှု နှင့် အတူ အင်တာနက်သုံးစွဲမှုနှင့် လူမှု ကွန်ရက်သုံးစွဲမှုတို့သည်လည်း များပြားလာပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ပြခန်းကို နေပြည်တော်၊ သပြေကုန်းဝိုင်းအနီး တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိရာ ကြည့်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။ 

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ယနေ့ကျရောက်သည့် ပြည်ထောင်စု၏ဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏(၁၀၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နှင့် နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အထိမ်းအမှတ် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်မှုညီလာခံ (8th Myanmar Media Development Conference) အောင်မြင်စွာ ကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးပွဲ ကို  ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၇/၂၀၂၀) ကို ယနေ့၊ နံနက် (၈:၃၀) နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှဦးဆောင်၍ ကျင်းပခဲ့ပါသည်။

အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က လမ်းညွှန်ပြောကြားရာတွင် -

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားနှင့် မြန်မာနိုင်ငံ ကလေးများနေ့ ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေး၊ မြို့အဝင်၌ တည်ဆောက်ပြီးစီးသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံဖွင့်ပွဲကို ယနေ့နံနက် (၇)  နာရီခွဲက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေနှင့် တည်ဆောက်ရေးကော်မတီမှ ဒေါက်တာသန်းနိုင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် အိန္ဒိယနိုင်ငံ ပြည်ထောင်စုနယ်မြေ ဒေလီ၏ ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲသို့ သွားရောက်လေ့လာခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

သတင်းစဉ်

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၂

2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ် ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၃ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်