Skip to main content

Sep 15, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၀၉ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည် ရေး တံတားမှ တစ်ဆင့် စက်တင်ဘာ ၁၄ ရက်က ဆက်လက် ဝင်ရောက် လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

အောင်မြင်မှုစီမံကိန်းအနေဖြင့် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေဆဲကာလအတွင်း အဝတ်နှာခေါင်းစည်း နှစ်သန်းခန့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း အောင်မြင်မှုစီမံကိန်းထုတ်ပြန်ချက် များအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေး ဌာန (ဖောင်ကြီး) ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန် အတွက် အဆောက်အအုံများကို ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက လူနာပေါင်း ၁၂၂၀ အား ထားရှိကုသနိုင်မည် ဖြစ်ကြောင်း ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လှူဒါန်းသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များ အသင်း ချုပ်မှ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသည့် လူနာများ နေ့စဉ် နှင့်အမျှ များပြားလာသောကြောင့်ထပ်တိုးလူနာများထားရှိရန်အတွက် စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးချဲ့ဆောင်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု တစ်ကျော့ပြန်ဝင်လာသည့် အရှိန်အဟုန်သည် ယခင် ကြုံဖူးသည်နှင့်မတူ။ ချက်ချင်းဆိုသလို ရက်ပိုင်းအတွင်းမှာပင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာဦးရေက သုံးထောင် ကျော်သွားခဲ့သည်။ တိမ်းပါးသွားရသူ အရေအတွက်လည်း မြင့်မားလာသည်ကို တွေ့ရ၏။ နေ့စဉ်နေ့စဉ် ပိုးတွေ့လူနာ အရေအတွက်က ရာဂဏန်း တိုးလာနေခြင်းဖြစ်၏။ နိုင်ငံတကာဖြစ်စဉ်များနှင့် နှိုင်းယှဉ် လျှင် ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်နေသေးသည့်အတွက် အများပြည်သူတို့အနေဖြင့် အလွန်အကျွံ ပူပန်စိုးရိမ်မှုဖြင့် တုံ့ပြန်ကြရန် မလိုအပ်သော်လည်း သတိပြု ဂရုစိုက်မှုတော့ များစွာ တိုးမြင့် လုပ်ဆောင် ကြရန် လိုပါလိမ့်မည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ရန်ကုန်သည် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ဖြစ်ပေါ်နေသည့် ဒေသဖြစ်၍ မကြာသေးမီရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစည်းညှိနှိုင်းရေးကော်မတီကိုဖွဲ့စည်းကာ နေ့စဉ်တိုးပွားနေသော ပိုးတွေ့ လူနာများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

၁။ (၁၄-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး(55th Meeting of the ASEAN Committee on Culture and Information, 55th ASEAN-COCI Meeeting) ကို ယနေ့ နံနက်ပိုင်းတွင် COCI အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် စင်ကာပူနိုင်ငံမှ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာ ကန့်သတ်နေသည့် ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး COVID-19ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ရုံးသို့ စက်တင်ဘာ ၁၄ရက် နံနက် ၉နာရီခွဲက ကမ္ဘောဇ ဘဏ်မိသားစုမှ ပဲခူးမြို့ရှိပြည်သူများအတွက်

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မာမာအေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

ခေတ်သစ်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၀ သည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတား မှတစ်ဆင့် ယနေ့တွင် ဆက်လက်ဝင်ရောက်လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့ နေရသည့် ဂျော်ဒန်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၄ ဦး နှင့် အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား ၆၀ ၊ စုစုပေါင်း ၁၆၄ ဦး တို့အား မြန်မာသံရုံး တဲလ်အဗီးမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကူးစက်ဖြစ်ပွားမှု များပြား လာသည်နှင့်အမျှ ကိုဗစ်-၁၉လူနာများအား စေတနာပြည့်ဝစွာ ဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်မကျဆင်းဘဲ လိုအပ်ချက် များပြည့်စုံနေရေးသည် အရေးကြီးသည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လအတန်ငယ်ကြာပြီးသည့် နောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နောက်ထပ်အသစ်များ ထပ်တိုးလာသည်။ ယခင်ရှိရင်းစွဲ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ် ပစ္စည်းများဖြစ်သော ပလတ်စတစ် အမှိုက်သရိုက်များ အပြင် ကိုဗစ်ကာလအတွင်း စွန့်ပစ် အမှိုက်များဖြစ်သည့် တစ်ခါသုံး ပါးစပ်နှာခေါင်းစည်းများ၊ လက်အိတ်များ၊ လက်သန့်ဆေးရည်ဘူးခွံ၊ ပုလင်းခွံများက လူတို့နေထိုင်ရာ မြို့ပြပတ်ဝန်းကျင်များ တွင်သာမက ပင်လယ်ပြင်အထိပါ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2020

ရုံး/ဌာနများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြီးကြပ်သူများ/ တာဝန်ကျဝန်ထမ်းများအနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များ

ဆက်လက်ဖတ်ရှုရန်

Sep 13, 2020

မသန်စွမ်းသူများအတွက် CERP အရ ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲကို Online စနစ်ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2020

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်၊ ကမ်းနီ၊ ဆုံတား ၊အိုးဖို နှင့် မြေဇွန်း ကျေးရွာများသို့ သွားရောက်၍ နှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ရေချွေတာသုံးစွဲရေးနှင့် စိုက်ပျိုးရေစီမံခန့်ခွဲခြင်း ဆိုင်ရာနည်းစနစ်များ လိုက်နာကျင့်သုံးရန်လိုအပ် ချက်များ၊ သဘာဝမြေဩဇာများ နှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြရန် လိုအပ်ချက်များ၊ ပေါင်းမြက်နှိမ်နင်းရာတွင် ပေါင်းသတ်ဆေးအသုံးပြုခြင်းအား လျော့ချသုံးစွဲကြရန် လိုအပ်ချက်များကို ပညာပေးဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်