Jan 14, 2021
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုသည်မှာ လူတစ်ဦးအတွက် လွန်စွာအရေးကြီးသည့် အခြေခံစည်းမျဉ်းဟု ဆိုရပါမည်။ ချမ်းသာကြွယ်ဝခြင်း၊ ရာထူးဂုဏ်ဒြပ် ကြီးမားခြင်း၊ အောင်မြင်ကျော်ကြားထင်ရှားခြင်း အစရှိသည်တို့ထက် လူတစ်ဦး မြင့်မြတ်မှုကို သူ၏ရိုးသားဖြူစင်မှုဖြင့်သာ တိုင်းတာနိုင်မည်ဟု ယူဆပါသည်။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ သီလလုံခြင်းတို့ကသာ လူတစ်ဦး၏ သိက္ခာကို ဖော်ပြနေမည် ဖြစ်ပါသည်။
Jan 13, 2021
နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၆၇) ဦးကို ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Jan 13, 2021
(၁၂-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၈၂၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၅၂၃) ဦး တွေ့ရှိရပါသည်။
Jan 13, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေ အမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေ ထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 13, 2021
မြန်မာနိုင်ငံ၌ ပထမဦးဆုံး Wet Market (သား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက် ဈေးရုံကြီး)နှင့် စားသောက်ဆိုင်တန်းများ ယှဉ်တွဲဆောက်လုပ်ထားသော ခေတ်မီအဆင့်မြင့် the Hangar စျေးရုံသစ်တည်ဆောက်ရေးစီမံကိန်းကို ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Star City အိမ်ရာဝင်းအတွင်း တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စျေးရုံသစ် စီမံခန့်ခွဲသူ ဦးမြင့်လွင်ထံမှ သိရသည်။
Jan 13, 2021
ပထမအကြိမ် အမျိုးသားအဆင့်စီမံကိန်း ဦးဆောင်ကော်မတီ (NPSC) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 13, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက် ပါသည်။
Jan 13, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၉) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Jan 13, 2021
ထိုင်းနိုင်ငံတွင်ကျင်းပမည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 13, 2021
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍရှိ ဦးစီးဌာနနှင့်လုပ်ငန်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်း က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 13, 2021
ယနေ့ကာလတွင်ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ၊ စီးပွားရေးဘဝ အသုံးပြုမှု ပုံစံများ ပြောင်းလဲလာသည်။ ပြည်သူများ၏လူမှုပတ်ဝန်းကျင်တွင် ရှေးယခင်ကဲ့သို့ သမားရိုးကျပုံစံ မဟုတ်တော့ဘဲ နေရာတကာတွင် လျှပ်စစ်မီး၊ လျှပ်စစ်ဓာတ်အားကိုပိုမိုသုံးစွဲလာကြသည်။ လျှပ်စစ်ဆိုင်ရာပစ္စည်းများသည် လူသားများ အားအကျိုးပြုသလို ဘေးအန္တရာယ်ရှိသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။
Jan 13, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံကြီးများတွင် စတင်အသုံးပြု ထိုးနှံနေပြီဖြစ်၏။ သို့သော်လည်း အခြားတစ်ဖက်တွင် ကိုဗစ်ရောဂါ၏ မူလဘူတ အရင်းခံဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ပိုးက ဗီဇပြောင်းပုံစံဖြင့် ထွက်ပေါ်လာပြီး ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိသည်ဟု နိုင်ငံကြီးများကို ခြိမ်းခြောက်လာနေပြန်သည်။
Jan 12, 2021
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁ ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 12, 2021
(၁၁-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁,၇၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၅၅၁) ဦး တွေ့ရှိရပါသည်။
Jan 12, 2021
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ဆဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
Jan 12, 2021
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 12, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် China Railway Eryuan Engineering Group Co.,Ltd (CREEC) တို့အကြား မန္တလေး-ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jan 12, 2021
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၆:၀၀) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေး ကြေညာအပ်ပါသည်။
Jan 12, 2021
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ လူနေအိမ်(၆)လုံးသည် ယနေ့ နံနက် ၄ နာရီ ၁၀ မီနစ်ခန့်က လောင်ကျွမ်းပျက်စီးသွားပြီး အမျိုးသမီး(၂)ဦး သေဆုံးသွားသည်။
Jan 12, 2021
ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
