Jan 22, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
Jan 22, 2021
(၁၇)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
Jan 22, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ အလှူငွေများ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 22, 2021
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 22, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ ကျင်းပသည်။
Jan 22, 2021
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၊ မြန်မာနိုင်ငံ FAO-SLM စီမံကိန်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အမျိုးသားအဆင့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးဗဟိုဌာန (NCSA Center) တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လူမှုအဝန်းအဝိုင်းအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 22, 2021
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဆုံးဖြတ်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ သတင်းရေးသား ထုတ်ပြန်ခဲ့မှုအပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့အား သက်ဆိုင်ရာ သတင်းထောက်(၂)ဦးမှ ပြန်လည်ရှင်းလင်းတောင်းပန်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 22, 2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု အမှတ်(၂၂)စိုက်ကွင်း စွန့်လွှတ်မြေ(၄၅၁.၉၅)ဧကအား တောင်သူ(၁၅၂)ဦးထံသို့ ယာယီလုပ် ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီ၃၀မိနစ် အချိန်က မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 22, 2021
(၇၄) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Jan 22, 2021
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
Jan 22, 2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန် အထက်လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေးဟိဒဲအို ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအခမ်းအနားကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပသွားနိုင်ရေး စီစဉ်ထားရှိရာ နေပြည်တော်တွင် ကျင်းပနိုင်ရေးအခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
Jan 22, 2021
COVID-19 ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးအကျုံးဝင် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိအာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေများအား ခွင့်ပြုထုတ်ပေးလျက်ရှိရာ COVID-19-19 1st Wave အတွက် ၁၃-၅-၂၀၂၀ရက်နေ့မှ ၁၉-၁-၂၀၂၁ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၇၂၆၂) ဌာနမှ အာမခံ အလုပ်သမား (၈၂၅,၁၀၆) ဦးအတွက် ထောက်ပံ့ငွေကျပ်သန်း (၂၀,၇၆၃ . ၈၆၆) အား လည်းကောင်း။
Jan 22, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ် ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Jan 22, 2021
၁။ ၂၀၂၀ ပြည့်နှစ်အတွင်း လူ့အခွင့်အရေးဖောက်ဖျက်ခံရကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသည့် တိုင်တန်းချက်ပေါင်း (၂၀၂၀) စောင်ကို လက်ခံရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှ လက်ကျန် (၃၃၆) စောင်ရှိသဖြင့် စုစုပေါင်း တိုင်တန်းချက် (၂၃၃၆) စောင်ကို ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ရေးအဖွဲ့အစည်းအဝေးများ ကျင်းပ၍ အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ခဲ့ပါသည်
Jan 22, 2021
စာအုပ်ထုတ်ဝေသူများ၊ စာအုပ်စာစောင်ဖြန့်ချိသူများနှင့် စာဖတ်ပရိသတ်များ၊ စာရေးဆရာများကြားတွင် ပေါင်းကူးတံတားအသွင် ထွက်ပေါ်လာမည့် 7Book Zay Online Bookstore ၏ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ ရှေးဦးစွာ စာရေးဆရာကြီးများဖြစ်ကြသည့် ဆရာချစ်ဉီးညို၊ ဆရာမောင်သာချို၊ ဆရာမပုညခင်နှင့် ဆရာမစပယ်ဖြူနု တို့၏ ဂုဏ်ပြုအမှတ်တရစကား ရုပ်သံဖိုင်ကို ပြသသည်။
Jan 22, 2021
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၈၀၀ နာရီမှ စတင်၍ video conference ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
Jan 22, 2021
နှစ်ဦးကာလအတွက် သတင်းကောင်းမှာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး တစ်သန်းခွဲရောက်ရှိလာမည် ဖြစ်ပါသည်။ လူတစ်ဦးအတွက် ဆေးနှစ်ကြိမ်ထိုးရမည်ဖြစ်သောကြောင့် လူခုနစ်သိန်းခွဲကို စတင်ထိုးနှံပေးနိုင်တော့မည်ဟု သိရပါသည်။ ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုနှင့် ထိုးရန် လိုအပ်သည့် အရေအတွက်မှာ မမျှမတ ဖြစ်နေသောကြောင့် လူတိုင်းကို တစ်ခါတည်း ထိုးနိုင်ဦးမည် မဟုတ်ဘဲ၊ နိုင်ငံတိုင်းတွင် ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အလှည့်ကျစနစ်ကို စီစဉ်နေရပါသည်။
Jan 22, 2021
ကိုဗစ်-၁၉ ရောဂါ ကမ္ဘာပေါ်တွင် စတင်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်တာကာလ ရှိပြီဖြစ်သည်။ ရောဂါဖြစ်ပွားရခြင်းဇာစ်မြစ်ကို တိတိကျကျသေသေချာချာ ထုတ်ဖော်နိုင်ခြင်းမရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးမျိုး တရားဝင်ပေါ်ထွက်လာပြီး နိုင်ငံအများတွင် ဆေးစတင်ထိုးနှံနေကြပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသူ သန်း ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး ကမ္ဘာ့လူဦးရေ သန်း ၄၀ ကျော်မှာ တစ်လအတွင်း ကာကွယ်ဆေးထိုးနိုင်ခဲ့သည်။
