Mar 15, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 15, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 15, 2021
ကျင့်ဝတ်များသည် မိမိတို့လူ့လောကအတွင်း အချင်းချင်းသဟဇာတဖြစ်အောင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင်၊ အေးချမ်းသာယာ သည့်နယ်မြေဖြစ်အောင် ဆောင်ကြဉ်းပေးရန် အတွက် အစဉ်အဆက်သော လူသားများက လူသားဘဝဖြစ်စဉ်များအပေါ်၊ သမိုင်းအပေါ် အခြေခံ၍ ထွက်ပေါ်ရှိနှင့်ပြီးသားဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ခိုင်မာစွာရပ်တည်နိုင် ရန်အတွက် ချမှတ်ထားသည့် လူ့လောကစည်းမျဉ်း စည်းကမ်းများလည်းဖြစ်ကြသည်။ ယင်းတို့ကို လူသားအားလုံးက လိုက်နာစောင့်ထိန်းကြပြီး သာယာသောလူ့ဘောင်လောကကို ဖန်တီးကြရ မည်ဖြစ်ပါသည်။
Mar 15, 2021
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း၌ တည်ရှိသော ဒေသသုတေသနဗဟိုဌာန(ဇလုပ်)သည် သီးနှံမျိုးသစ်များနှင့် နည်းပညာများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် သီးနှံသု တေသနများ ဆောင်ရွက်လျက်ရှိသည်။
Mar 15, 2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား (မုပ္ပလင်)၌ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား (မွန်ပြည်နယ်သူ/သား) များအား နွေးထွေးစွာကြိုဆိုကြသည်။ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မွန်ပြည်နယ် သူ/ သားများအား မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အစားအစာများ၊ ကိုဗစ်၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပြီး နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၂၂၃ ဦးရှိကြောင်း သိရသည်။
Mar 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ နယ်မြေခံတပ်နှင့် တပ်မတော် နည်းပညာတက္ကသိုလ်တို့ရှိ သင်တန်းသားအရာရှိ များ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အားပေးအမှာစကား ပြောကြားသည်။
Mar 15, 2021
လူ့ဘဝတွင် အရေးအကြီးဆုံးမှာ ကျန်းမာခြင်းပင် ဖြစ်သည်။ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး ဖြစ်သည်။ ကျန်းမာမှသာ မိမိအရေး၊ မိသားစုအရေးမှစကာ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးကဏ္ဍတွင် အဓိကအရေးပါသည့် ဆရာဝန်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှစ်စဉ်သင်ကြားမွေးထုတ် ပေးလျက်ရှိသည်။
Mar 14, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 14, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 14, 2021
(တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ အပါအဝင်လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူ များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။
Mar 14, 2021
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်ရှိ မန္တလေး- မြစ်ကြီးနား သွား မီးရထားလမ်း မိုင်တိုင်အမှတ် ၅၇၁ မိုင် ၂ ဖာလုံရှိသဲချောင်းကုန်း တံတား တံတားအမှတ်(၄၀၅)အား မတ် ၁၂ ရက် ည ၁၂ နာရီခန့်တွင်သောင်းကျန်းသူ (စိစစ်ဆဲ) အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။
Mar 14, 2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဓမ္မာစရိယ တက္ကသိုလ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ပြီး စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Mar 14, 2021
ကလေးသူငယ်များ ဘေးအန္တရာယ်ဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ပါရန် မတ်လ၁၂ရက်က ယူနီဆက်မှတောင်းဆိုလိုက်သည့်ထုတ်ပြန်ချက်ကို တွေ့ရှိလိုက်ရသည်။နိုင်ငံအတွင်း ဆူပူလှုပ်ရှားမှုများကို တားဆီးထိန်းသိမ်းရာတွင် အနည်းဆုံးအင်အား ၊အနိမ့်ဆုံးအဆင့်ဖြင့်စိတ်ရှည်သည်းခံကာ ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ငယ်ရွယ်သူကလေးသူငယ်များ ပါဝင်လာပါကလည်း အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးလျက် ရှိသည်။
Mar 14, 2021
အဓိက မိမိပြောလိုသည်မှာ မလေးရှားနိုင်ငံကို အဖွဲ့အစည်းတစ်ခု က တရားစွဲထားကြောင်း၊ အဆိုပါလူများကို ပြန်လွှတ်လျှင် လွတ်လပ် မည် မဟုတ်ကြောင်း၊ ယခုအချိန်တွင် မလွှတ်သင့်သေးခြင်းကြောင့် တရားခဲ့ကြကြောင်း၊ ဒီအထောက်အထာဝရရှိရန်အတွက် အထောက် အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သွားပေးသည့်သူအနေဖြင့် တပ်မတော် Quaranime Ceriter ကသည့်သူများ အပြင်ထွက်ချိန်တွင် အင်တာမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှား ပြန်အင်တာ ဗျူးကို ကြည့်ပြီး မိမိ ပြောလိုသည်မှာ ထိုအရာကိုပဲ နှိုင်းယှဉ်ကြည့်စေလိုကြောင်း တချို့ အဖွဲ့ အစည်းများ၊ မီဒီယာများအနေဖြင့် မိမိတို့ပြည်သူလူထုအပေါ်နှင့် နိုင်ငံတော်အပေါ်ထား သည် စေတနာအစစ်အမှန်ကို တွေ့ နိုင်လိမ့်မည် ဖြစ်ကြောင်း၊ ယခုလည်း အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း၊ ပို့ဘလဲယား ဆိပ်ကမ်းမှာရှိသော မြန်မာနိုင်ငံသား ဂျဝ အား မတ် ၆ ရက်က သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း၊ မတ် ၁ဝ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ လာပြီးဖြစ် ကြောင်း၊ အများစုမှာ ရေလုပ်သားများဖြစ်ကြောင်း၊ တချို့မှာ မြန်မာနိုင်ငံနှင့် အဆက်အသွယ် ပြတ်နေသည့်သူများဖြစ်ပြီး ၆ နှစ်လောက် အဆက်အသွယ်ပြတ်နေသူပါဝင်ကြောင်း ၎င်းတို့မှာဘာမျှော်လင့်ချက်ရှိကြောင်း၊ ထို့နောက် သီရိလင်္ကာ၌ ပညာသင်ကြားနေသည့် စာသင်သား သံဃာတော်များ၊ သီလရှင်များအား လေယာဉ်ဖြင့် သွားရောက်ပင့် ဆောင်ခဲ့ ကြောင်း၊ မတ် ၁၀ ရက် ညနေတွင် ပြန်ရောက်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ နှင့် တပ်မတော် အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် မှာပင် စေတနာထား လက်တွေ့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိနိုင်ငံ အတွင်းမှာရှိသည့် နိုင်ငံသူ၊ နိုင်ငံသား ပြည်သူလူထု အတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုကြား သွေးကွဲ စေရန် ဆောင်ရွက်နေသည့် အကြံအစည် လုပ်ဆောင်ချက်များကို သတိ ထားစေရန်အတွက် သတင်း စကားပါးလိုပါကြောင်း ပြောကြားသည်။
Mar 14, 2021
(ယမန်နေ့မှ အဆက်) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တစ်လတာအတွင်း တွေ့ရှိချက်များ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလည်း ဖေဖော်ဝါရီလ ၁၆ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သတင်းထုတ် ပြန်ချက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲနဲ့ စပ်လျဉ်းလို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် စ မြို့နယ်ရဲ့ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့ရာမှ စစ်ဆေးတွေ့ရှိချက်များကို ဖော်ပြထား ပါတယ်။
Mar 14, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် | ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဗထူးတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ သင်တန်းသား အရာရှိနှင့် ဗိုလ်လောင်းများ၊ သင်တန်းသားစစ်သည်များ၊ သန္ဓေစစ်သည်နှင့် မိသားစုများအား သီးခြားစီ တွေ့ဆုံ၍ အားပေးအမှာစကားပြောကြား သည်။
Mar 13, 2021
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံ၌ ပြုလုပ်နေ သည့် လူ့အခွင့်အရေးကောင်စီ၏ (၄၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကာလအတွင်း ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာ အပေါ် အပြန်အလှန်ဆွေးနွေးခြင်းနှင့် ၂၀၂၁ ခုနှစ် မတ် ၁၂ ရက် တွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ ပါဝင်မှု အခန်းကဏ္ဍဆိုင်ရာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင် ခံစာအပေါ် နှုတ်ဖြင့် တင်ပြချက်အပေါ် အထွေထွေဆွေးနွေးခြင်းအား ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေး မှုများတွင် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်သူငြိမ်း တို့က ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ပြီး ဂျီနီဗာ မြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
Mar 12, 2021
“ဒီမိုကရေစီစနစ်သည် ဝါဒမဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာန များအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း”။ “ဒီမိုကရေစီစနစ်ကို သွားရာတွင် ပရမ်းပတာ ဆောင်ရွက် ၍မရဘဲ စည်းကမ်းနှင့် သာသွားရန်လိုကြောင်း” ဒီမိုကရေစီစနစ်နှင့်ပတ်သက်သည့် မှတ်သားလိုက်နာ ရမည့် အချက် များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေး (၃/၂၀၂၁)တွင် ပြောကြားခဲ့သည်။
