Mar 24, 2021
၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီး(၁)ဦးအား တွံတေးမြို့နယ်၊ ဗျောက်ရိုး ကျေးရွာအနီးတွင် ရက်စက်ယုတ်မာစွာသတ်ဖြတ်ခဲ့ပြီး တိမ်းရှောင်နေသူ လှမျိုးအောင်(ခ) ကိုမျိုး(ခ) ဝက်ကြီးနှင့် ၎င်း၏ဇနီးတို့အား လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ တွင် ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
Mar 24, 2021
ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိအချို့မြို့နယ်များတွင်ဆူပူအကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် အသက်သေဆုံးသည်အထိရန်ပြုတိုက်ခိုက်လျက်ရှိပြီး ထို့သို့ အကြမ်းဖက်ရာ တွင်အသုံးပြုရန် လက်နက် များ ပြုလုပ်ခြင်း၊လက်ဝယ်တွင်ထားရှိခြင်းများပြုလုပ်လျက်ရှိခြင်း ကြောင့် သက်ဆိုင်ရာ နယ်မြေများ လိုက် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ သတင်း ဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက် လျက်ရှိ သည်။
Mar 24, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက် ဆန္ဒဖော်ထုတ် သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက်တိုက်ခိုက်ခြင်းများအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှု အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် လမ်းမများပေါ်၌ တာယာကွင်းများ၊ သဲအိတ် များ၊ သစ်ကိုင်းများ၊ အုတ်ခဲကျိုးများနှင့် သံချောင်းများစသည့် အတားအဆီးများ ထူထပ်စွာ ချထား၍ ပိတ်ဆို့တားဆီးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
Mar 24, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 24, 2021
လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ သူများအား ပြစ်ဒဏ်အသီးသီးချမှတ် လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Mar 24, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မတ် ၂၂ ရက် ည ၈ နာရီ ၄၀ မိနစ် ခန့်တွင် အနောက်မြို့ပတ်လမ်း၊ ကျောင်းကြီးစုရပ်ကွက်၊ Mytel ရုံးအနီး၌ မသင်္ကာဖွယ် ဆိုင်ကယ် ၄ စီးအား စစ်ဆေးရန် တားဆီးစဉ် နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံး လုပ်နည်း များနှင့်အညီ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရွှေဖြူကျေးရွာနေ ရှိုင်းဘိုဘို(ဘ) ဦးသိန်းတန်နှင့် ကျောင်းကြီး စုရပ်ကွက်၊ ဖရဲလမ်းနေ သိန်းဇော်မြင့်(ဘ)ဦးစိန်လင်း တို့အား မီးရှို့ရန်အဝတ်စဖြင့် အသင့်ပြုလုပ်ထားသော ဓာတ်ဆီ ၃ ပုလင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
Mar 24, 2021
၂၀၂၁ ခုနှစ်၊ မတ် ၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် လမ်း ၉၀ ထောင့်တို့တွင် ဆူပူဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျော့လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့စဉ် ဆူပူဆန္ဒပြသူများထဲမှ အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၉ ဦးတို့ကို ထိန်းသိမ်းဖမ်းဆီးခဲ့သည့်သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
Mar 24, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ (မြို့တော်ဝန်) နှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီက ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်း ရေမြောင်း ရေစီးရေလာ ကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Mar 24, 2021
ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ် များတွင် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်လှစ် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန COVID-19 Central Command Centre ၌ ကျင်းပသည်။
Mar 24, 2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အား ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ရုံးခန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD)ကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။
Mar 24, 2021
Basic English for Ministry Staff အစီအစဉ်၏ Elementary-1 Course သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဖွင့်လှစ်သည်။
Mar 24, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိသည့် Quarantine Center ၌သီးသန့်ထားရှိရာ ယနေ့တွင် သတ်မှတ်ရက် ပြည့်မြောက် သဖြင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးသည်။
Mar 24, 2021
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့်ပြည်သူများ အကျိုးစီးပွားအတွက် နိုင်ငံ့ဝန်၊ ပြည်သူ့ဝန်ကို ထမ်းရွက်ကြ ရသူများ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ ဝန်ထမ်းဟု ခေါ်ဆိုကြပါသည်။ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို ထမ်းရွက်ကြသဖြင့် မွန်မြတ်သော အမှုတော်ထမ်းများဖြစ်ပါသည်။ သက်ဆိုင်ရာလုပ်ငန်းများကို လုပ်ခ လစာနည်းပါးစွာဖြင့် စေတနာရှေ့ထားကာ ထမ်းရွက်ကြသူများဖြစ်သဖြင့် ဂုဏ်ယူ ထိုက်သူများ ဖြစ်ကြပါသည်။
Mar 24, 2021
အဂတိလိုက်စားမှုဟု ဆိုလိုက်သည်နှင့် ကိုယ်ကျင့်တရား ချွတ်ချော်တိမ်းပါးမှု ဟူ၍ ယေဘုယျ နားလည် ထားကြသည်။ စင်စစ်အားဖြင့်မူ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်မှာ ကိုယ်ကျင့် သိက္ခာပိုင်းသာမက ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ ရေးရာတို့အထိ အကျုံးဝင်ပြီး အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များမှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် ကြီးမားကျယ်ပြန့်သည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို ဖွင့်ဆိုမှုအများအပြားရှိနေပြီး ယေဘုယျအားဖြင့် “ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွား အတွက် အလွဲသုံးစားပြုခြင်း”ဟူ၍ အနက်ဖွင့်ကြသည်။
Mar 23, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 23, 2021
(၂၂-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၉၇၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၂၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၂၆,၇၄၀) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၂၉၂) ဦး ရှိပြီ ဖြစ်ပါသည်။
Mar 23, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၃/၂၀၂၁ ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Mar 23, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
Mar 23, 2021
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲတွင် နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာ ကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ သည်။
