May 13, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များကို ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
May 13, 2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် နေပြည်တော်ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များဖြစ်ကြသော အထက(၈)၊အထက(၄)၊ အထက(၁)၊အထက(၂)နှင့် အထက(ခွဲ)ဗိုလ်မင်း ရောင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အထက(ပြည်စံအောင်)နှင့် အထက(ကျောက်ချက်)တို့ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံ(ခုတင် ၁၀၀)တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
May 13, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် မေ ၁၁ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကျောက်စရစ်ကုန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ရွှေမြို့ကြီး ဂိုဏ်းထောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဝါရောင် မျိုးဆက်သစ် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ပြင်ကြီးသာသနာ့ဝေပုလ္လ သီလရှင်သင် ပညာရေးကျောင်းများသို့လည်းကောင်း၊ မေလ ၁၂ ရက်တွင် ပျဉ်းမနားမြို့နယ်ရှိ ရတနာမှန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ စက်ရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပန်းပဲစု ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဇေယျာသီရိမြို့နယ်ရှိ ရွှေကြာပျိုးခင်း ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့လည်းကောင်း၊ မေလ ၁၃ ရက်တွင် ဒက္ခိဏသီရိမြို့နယ်ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ လယ်ဝေးမြို့နယ်ရှိ ပုဏ္ဏမီဂုဏ်ဝေသီလရှင် သင်ပညာရေး ကျောင်း၊ အောင်ချမ်းသာသီလရှင်သင် ပညာရေးကျောင်းနှင့် သံလမ်း(၂) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့လည်းကောင်း သွားရောက်၍ ကျောင်းအုပ်ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက်ထားသည်။
May 13, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၂၁ ခုနှစ်၊ မေလ (၁၃)ရက်နေ့ ည(၇:၀၀) နာရီ အချိန် ထုတ်ပြန်ချက်)
May 13, 2021
ဂိမှာန်နွေရာသီတေးသီချင်းများဖျော်ဖြေပွဲရဲ့ ပွဲစဉ်(၃)ကို မေ(၁၄)ရက်၊ ည(၈)နာရီ သတင်းအပြီး တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
May 13, 2021
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဘဏ္ဍာရေး ဆိုင်ရာစီမံခန့်ခွဲကြီးကြပ်မှုမွမ်းမံသင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ကျင်းပသည်။
May 13, 2021
ပညာရေးဝန်ကြီးဌာနမှ ရာထူးတိုးခန့်အပ်သော ဒုတိယပါမောက္ခချုပ်များအတွက် အရည် အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။
May 13, 2021
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် မေ ၁၂ နံနက် ၁၁ နာရီတွင် မြိုတိုင်းရင်းသားခေါင်းဆောင် ဦးစံသာအောင်နှင့်အဖွဲ့အား တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
May 13, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ "ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖော်ထုတ် ထိန်းသိမ်းရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ"ကို ယနေ့ နံနက်ပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ ယဉ်ကျေးမှုရတနာခန်းမ၊ နေပြည်တော်၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များနှင့် အညီ ကျင်းပသည်။
May 13, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သွားရောက်စစ်ဆေးသည်။
May 13, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(၂၀၂၁ ခုနှစ်၊ မေလ (၁၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
May 13, 2021
ရန်ကုန်မြို့နေပြည်သူများ မိသားစုအလိုက် အပန်းဖြေနိုင်ရန် ကိုဗစ်-၁၉ ဒုတိယအကျော့တွင် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး သတ်မှတ်ချက်နှင့်အညီ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် ခရီးသွားပြည်သူများ အပန်းဖြေခဲ့ကြပြီး ယခုအခါတွင်လည်း ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော များဖြင့် မိသားစုအလိုက် အပန်းဖြေနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
May 13, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိသည်။
May 13, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မတ် ၁၂ ရက် ညနေ ၃ နာရီခန့်တွင် သိန်းအေး (ခ) ကျွဲကြီး (ဘ) ဦးတင်ရ၊ စိုးသူအောင်(ဘ)ဦးမြသောင်း၊ ဝေယံကိုကို(ခ)ဝေယံ(ဘ) ဦးစိုးဝင်း၊ ကျော်သိန်း(ဘ)ဦးမောင်စိုး၊ အိုက်ပီး(ခ) ဇော်မင်းထွန်း(ဘ)ဦးအုန်းတင်၊ စိုင်းသူရ(ခ) ရှိုင်းသူရ(ဘ)ဦးဌေးကြွယ်၊ ကိုရဲ(စိစစ်တဲ)၊ ဆံရှည်(စိစစ်ဆဲ)၊ စောမိုးလွင်(စိစစ်ဆဲ)၊ ကျော်သူရ (စိစစ်ဆဲ)၊ လှစိန်(ခ)အဗ္ဗဒူဝတ် (ဘ)ဦးစိန်းအေးနှင့် မျိုးမြင့်အောင်(စိစစ်ဆဲ)တို့သည် ဒဂုံမြို့နယ်နေ ဦးခင်မောင်ဌေး၏ အငှားယာဉ်ဖြင့် တိုက်မိခဲ့သဖြင့် ပြင်ဆင်ပေးမည်ဟုဆိုကာ လမ်းတွင် ဦးခင်မောင်ဌေး၏ ဦးခေါင်းအား အဝတ်စည်း၍ ရိုက်နှက်ကာ ခေါ်ဆောင်သွားခဲ့ပြီး ပြန်လွတ်လိုပါက ငွေကျပ် သိန်း(၂၅၀) အားပေးရမည်ဖြစ်ကြောင်း ခြိမ်းခြောက် တောင်းယူခဲ့ခြင်းဖြင့် ဓားပြမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၉၅ အရ ၎င်းတို့အား မေ ၁၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” စီ အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
May 13, 2021
မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ဖြတ်ကျော်မှုနှင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်မှု မရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။
May 13, 2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း၌ CDM လှုပ်ရှားမှုကို အခြေခံ၍ ဒေသ တွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် တရားဥပဒေပျက်ပြားအောင် ဦးတည်ဆောင်ရွက်နေသော ဆူပူ အကြမ်းဖက်အဖွဲ့များသည် မြင်းခြံမြို့နှင့် ၇ မိုင် ကွာဝေးသော တလုပ်မြို့ရွာ၊ ရဲတိုင်ရွာ၊ မြို့ကြီးကုန်း ရွာ၊ မြောက်ရွာများတွင် ရွာခြံစည်းရိုးတံခါးများ အခိုင်အမာပြုလုပ်ခြင်း၊ သဲအိတ်ဘန်ကာများ၊ လူလုပ်အတားအဆီးများ ပြုလုပ်ပြီး ယာယီခံစစ်များသဖွယ် ပြုလုပ်လျက်ရှိပြီး မြင်းခြံမြို့ပေါ်သို့ အဖျက်အမှောင့်လုပ်ငန်းများအဖြစ် မြဝတီဘဏ် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ ကမ္ဘောဇဘဏ် ဗုံးပေါက်ကွဲမှု တစ်ကြိမ်၊ ခရိုင်စီမံ အုပ်ချုပ်ရေးရုံးသို့ တစ်ကြိမ်၊ ခရိုင် ရဲတပ်ဖွဲ့မှူးနေအိမ် မီးရှို့မှု တစ်ကြိမ်၊ ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာနသို့ နှစ်ကြိမ် လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်းများ ဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာခဲ့သည်။
May 13, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ မေ လ ၁၁ ရက်နေ့တွင် အကြမ်းဖက် လုပ်ရက်များ တွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်း တပ်ဆင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
May 13, 2021
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များ အားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိသည်။
May 13, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာ ကျေးရွာ လမ်းကြောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မေ ၇ ရက်တွင် ဆူပူ အကြမ်းဖက်သူများက ဒေသန္တရလက်လုပ်ဆွဲမိုင်းများ၊ တူမီးသေနတ်များဖြင့် ဖောက်ခွဲတိုက်ခိုက်လာ ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဆူပူအကြမ်းဖက် သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့် တွင် ကနီမြို့နှင့် ချောင်းမကျေးရွာအကြားသို့အရောက်၌ ဆူပူအကြမ်းဖက်သူ ၂၀ ဦးခန့်က တူမီး သေနတ်များဖြင့် စတင်တိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့် ပစ်ခတ် ခဲ့ရာ ဆူပူအကြမ်းဖက်သူများအနက်မှ ၁ ဦးသေဆုံးခဲ့ပြီး ချစ်မင်းကို (ဘ)ဦးသန်းငွေအား တူမီးသေနတ် ၂ လက်၊ လက်လုပ်မိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
