Jun 07, 2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သာသနာ့ဗိမာန်တော် စာဖြေဌာန၌ သာသနာရေး ဦးစီးဌာနမှ ကျင်းပလျက်ရှိသော အစိုးရဓမ္မာစရိယ စာမေးပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှ ၉ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ စုစုပေါင်း ၂၈၉ ပါးတို့က ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုလျက်ရှိသည်။
Jun 07, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဟိုခုံကျောင်းပရိယတိ္တစာသင်တိုက်တွင် သီတင်းသုံး လျက်ရှိသော ဒေါက်တာ အာလောက ဖမဟာ ရှဲန်လျဲန်း အရှင်သူမြတ်သည် အိန္ဒိယ နိုင်ငံ University Of My Sore တက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာ သင်နှစ်တွင် Doctor Of Philosophy ဒေါက်တာဘွဲ့ ဆွတ်ခူးရရှိ အောင်မြင်တော် မူခဲ့ခြင်းကြောင့် ကျိုင်းယင်းကျောင်း တိုက် ဂိုဏ်းချုပ် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာရ်စာရ အမှူးပြုသော သံဃာတော်များနှင့် စေတနာရှင် အပေါင်းတို့က ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုခုံကျောင်းတိုက်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။
Jun 07, 2021
မျက်မှောက်အချိန်ကာလတွင် နိုင်ငံရေး ဂယက်ရိုက်ခတ်မှုကို သတိပြုနေကြသည်။ ယခုအခါ အဆိုပါနိုင်ငံရေးထက် ပိုကြီးသော ကိုဗစ်-၁၉ ကပ်ရောဂါဘေး သတိပြု ရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့ခံစားနေရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါအရှိန်အဟုန် မြင့်မားလာသည်။ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု မမြင့်မားသော်လည်း မြို့နယ်အချို့တွင် ရောဂါကူးစက်မှု မြင့်တက်လာသည်ကို တွေ့ရသည်။
Jun 07, 2021
မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခဲ့သည့် သတင်းများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အမှန်များကို ပြန်လည်ရှင်းလင်းတင်ပြမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ မုသားက အလွယ်တကူ ရှေ့မှသွား၍ အမှန်တရားက နောက်မှ တရွတ်ဆွဲလိုက်နေရခြင်းလည်း ဖြစ်ချေသည်။ သတင်းဟူသည် လူအများစိတ်ဝင်စားစရာ အကြောင်း အရာ အသစ်များဖြစ်ပြီး မှန်ကန်၊ မြန်ဆန်၊တိကျ၊ ဘက်မလိုက်သော အချက်အလက်များ (ဘခြောက်လုံး) အပြည့်အ
Jun 06, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 06, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် မဟာဇနကဗိမာန်တို့၌ အစိုးရ ဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက် ဖူးမြော်ကြည်ညိုသည်။
Jun 06, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗားကရာဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ကွင်းဆင်း ကြည့်ရှုသည်။
Jun 06, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇွန် (၅) ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နောင်ချိုဟိုတယ်အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jun 06, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jun 06, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အဆင့်မြင့် မီးခံအုတ်စက်ရုံ(တညင်းကုန်း)သို့ ရောက်ရှိပြီး စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 06, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြေအုတ်အစား ထိုးဖြစ်သော အပေါ့စား သဲကွန်ကရစ်အုတ်၊ ဖိအားမြင့်ခံ သဲကွန်ကရစ်အုတ်နှင့် အဆင့်မြင့်မီးခံ အုတ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Jun 06, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 06, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jun 06, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Jun 06, 2021
နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံဆော်နေသူများနှင့် အကြမ်းဖက်လုပ်ဆောင်နေသူများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များ က စုံစမ်း ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။
Jun 06, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ် ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုံ၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ်၊ ၂၇၄/၂၇၅ ရှိ TMR အထည်ချုပ်စက်ရုံအား မတ် ၁၅ ရက် နေ့လယ် ၁ နာရီခန့်တွင် မျိုးသန်းကျော်(ခ) ကျန်ကျောင်း(ဘ)ဦးထွန်းထွန်း၊ ကြက်ဖ(ဘ)ဦးကျော်ထွန်း၊ ကုလား(ဘ)ဦးမြင့်အေး၊ ဝဿန်(ဘ)ဦးမြအေး၊ ပိုင်လေး(ဘ)ဦးချိုဝင်းနှင့် သူရ(ခ) ဝဏ္ဏ(ဘ)ဦးအောင်ဝင်း တို့သည် မီးဇာပါသော ဓာတ်ဆီပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ခဲ့ခြင်းဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆ အရ ၎င်းတို့အား ဇွန် ၄ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
Jun 06, 2021
နိုင်ငံအတွင်းရှိ အနာဂတ်ရင်သွေးငယ်များအား အသိပညာ၊ အတတ်ပညာများ တိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများအား ဖွင့်လှစ်သင်ကြားပေးလျက် ရှိသော်လည်း မသမာသူ အကြမ်းဖက်သမားများက ၎င်းတို့၏ တစ်ပါတီ ကိုယ်ကျိုး စီးပွားအတွက် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
Jun 06, 2021
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီး ရှိ အခြေခံကုန်စည်ဈေးများတွင် နေ့စဉ်ကိုဗစ်-၁၉ကပ်ရောဂါ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိရာရောင်းဝယ်ဖောက်ကားမှုမှာလည်း စည်ကား များပြား လျက်ရှိခြင်းကြောင့် ယခုအခါ ဈေးအများစုကို အေးအေးချမ်းချမ်း ဖြင့် ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ သိရသည်။
