Skip to main content

Jun 23, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည်မန္တလေးမြို့ အတွင်းဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများ နှင့်အတူ အကြမ်းဖက်သူတချို့ရောက်ရှိခိုအောင်းနေကြောင်းသတင်းအရ ယနေ့နံနက်၇နာရီခွဲခန့်တွင် ၁၁၁ လမ်း နှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်သည်

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လုယက်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင် လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်ကိုင်ဆောင်သော လက်နက်အား လုယူခဲ့ရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး လုယက်မှုကျူးလွန်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုအား စစ်ဆေးရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦးအား တူမီးသေနတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ခါနန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိစဉ် တည်ငြိမ်အေးချမ်းမှုကို မလိုသည့် အကြမ်းဖက်သူများက နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်၏ အရှေ့ လှေကား အောက်၌ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးဖြင့် ဆင်ခြေတုံတရားမဲ့စွာ ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်ခွဲ၊ အောင် ရွှေစင်လမ်း၊ အမှတ်(၆၄၁)နေအိမ်ရှိ ဦးစိန်မိုး မိသားစုအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးဟုဆိုကာ မတ် ၁၅ ရက်နေ့တွင် ဝေယံဝင်းမြင့်(ခ)ဝေယံ(ဘ)ဦးဝင်းမြင့် အပါအဝင်(၁၄)ဦး တို့သည် နေအိမ်အား မီးရှို့ဖျက်ဆီးခြင်း၊ ဦးစိန်မိုး၊ အောင်မိုးဟိန်း နှင့် ထင်ခန့်မိုးဟိန်းတို့အား ဓားများဖြင့် ဝိုင်းဝန်ထိုးသတ်ကာ လူသတ်မှုကျူးလွန် ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/၃၄ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၆ တို့အရ ၎င်းတို့အား ဇွန် ၂၁ ရက်တွင် “ သေဒဏ်” အမိန့်ကိုလည်းကောင်း၊ အထက်ပါဖြစ်စဉ်တွင် သေဆုံးသူများ၏ ရုပ်အလောင်းများအား ငမိုးရိမ်ချောင်း အတွင်းသို့ ပစ်ချဖျောက်ဖျက်ရန်စေရန် အားပေးကူညီခဲ့သည့် စန်းဦး(ခ)ကုလားကြီး (ဘ)ဦးကံမြင့် အား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၂၀၁/၁၀၉ အရ ၎င်းအား ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်” အမိန့်ကို လည်းကောင်း အသီးသီးချမှတ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးမျိုးစိတ်သစ်သည် ကမ္ဘာတစ်ဝန်း၌ ပျံ့နှံ့နေသဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးကွဲ မျိုးစိတ်သစ်များ ကူးစက်မှုဖြစ်လာသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည် ကူးစက်မှုအမြင့်ဆုံးဖြစ်နေပြီး အိန္ဒိယနိုင်ငံမှ တွေ့ရှိခဲ့သည့် ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်ကြောင့် ကူးစက်မှုနေ့စဉ်တိုးနေသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်များက ပို၍ပို၍ လက်ရဲ ဇက်ရဲဖြစ်လာကြသည်ကို သတင်းများအရ သိရသည်။ အေးချမ်းစွာ နေထိုင်လိုသူပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရိုးသားစွာပရိယေသန ဝမ်းစာရှာဖွေနေထိုင်သူများမှာ အကြမ်းဖက်မှုတို့၏သားကောင်ဘဝသို့ ကျရောက်ရသည်။ အချို့ ဇနီးမောင်နှံအလိုက်၊ အချို့တစ်မိသားစုလုံး ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russia 24 ရုပ်သံ သတင်းဌာန၊ International Review အစီအစဉ်မှ ပင်တိုင်သတင်းတင်ဆက်သူ Mr. Fedor Lukyanov အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 22, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များသည့် ဇွန် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ မော်စကိုမြို့၏ ပို့ဆောင်ရေးစနစ်၊ သမိုင်းယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လေ့လာကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်