Aug 25, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Aug 25, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အခြေအနေမှာ ဩဂုတ် ၁၅ ရက်နေ့က ၃၇၄ ဦးရှိရာမှ သြဂုတ် ၂၄ ရက်နေ့တွင် ၄၇၄ ဦး ရှိလာသည်။ တစ်ပတ်ကျော်ကာလအတွင်း ရောဂါပိုး တွေ့ရှိသူများ တိုးလာသည်မှာ နိုင်ငံ၏ ပကတိအနေအထားနှင့် လူဦးရေအရ ကူးစက်မှုမြန်နေသည်ဟု ဆိုရမည်ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
Aug 25, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုများ ရှိနေပြီဖြစ်သည့်အတွက် စစ်တွေမှ ပြည်သူများ ရခိုင်ပြည်နယ်ပြင်ပသို့ မထွက်ရန် စည်းကမ်းများ သတ်မှတ်ထားပါသည်။ ဒေသတစ်ခုလုံး နှင့် အခြားသော နေရာများကိုပါ ကာကွယ်ရန်အတွက် ရည်ရွယ် ကန့်သတ်ရခြင်း ဖြစ်ပါ၏။
Aug 24, 2020
၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 24, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၃) ဦးအား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Aug 24, 2020
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2020
(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2020
မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park royal ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Aug 24, 2020
ဩဂုတ် (၂၂) ရက်တွင် သံလွင်မြစ်ရေမြင့်တက်၍ မြစ်ရေဝင်ရောက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၄) ခုတို့မှ အိမ်ထောင်စု (၁၆၄) စု၊ လူဦးရေ (၆၆၃) ဦးတို့သည် ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရေဘေးရှောင်နေရာ (၈) ခုနှင့် ဆွေမျိုး နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။
Aug 24, 2020
မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ကျင်းပသည်။
Aug 24, 2020
နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် နိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေး ဘဏ်ရှေ့ပြေးစီမံကိန်း (Pilot Project) မှ USAID ACDI/VOCA အကူအညီဖြင့် Cash-flow Based Financing Model အသုံးပြု၍ SMEs ချေးငွေထုတ်ချေးနိုင်ရန် SMEs Credit Training သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအား ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာ့စီးပွားရေးဘဏ်၊ မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
Aug 24, 2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ပြည်မြို့ သရေခေတ္တရာ ပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး သရေခေတ္တရာ မြို့ဟောင်းအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်အသစ်များ ဖော်ဆောင်နိုင်ရေး အခြေအနေ များကို လေ့လာကြည့်ရှု စစ်ဆေးသည်။
Aug 24, 2020
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ (38th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်သည်။
Aug 24, 2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Aug 24, 2020
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 24, 2020
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Motegi Toshimitsu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိသည်။
Aug 24, 2020
စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၀)ကို ယနေ့ နေ့လယ် (၂)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 24, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇီးကုန်းမြို့နယ် ကူဖြူရွာသစ်ကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
Aug 24, 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ် မည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း ရန်ကုန်မြို့ဘက်ခြမ်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ သည်။
Aug 24, 2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် နတ်တလင်းမြို့နယ် အနောက်ဘက်ပွဲသာကျေးရွာအုပ်စုနှင့် ချင်းကုန်းကံကျေးရွာအုပ်စုတို့၏ စားကျက်မြေကိစ္စ ဖြေရှင်းပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
