Aug 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီမှ ရေကြည မြို့နယ်အတွင်း စွန့်လွတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀နာရီက ရေကြည်မြို့၊ ပြည်သူ့ခန်းမတွင် ကျင်းပခဲ့သည်။
Aug 26, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော် ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။
Aug 26, 2020
နေပြည်တော် ဩဂုတ် ၂၆
Aug 26, 2020
မြန်မာန်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့်အထောက် အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသည်။
Aug 26, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့ Less Walk Organization နှင့် ဇမ္ဗူသီရိ ကျောက်မျက်ရတနာကုမ္ပဏီတို့မှ စက်ဘီး ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေပြည်တန်ဘိုးဘွားရိပ်သာ ပြည်တန်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 26, 2020
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆန်း(၁၀)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာ တိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများ တွင် ရောင်းချပေး သွားမည်ဖြစ်သည်။
Aug 26, 2020
မန္တလေး သြဂုတ် ၂၆
မန္တလးတိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှုများပြားသည့် ဒေသများမှ လာရောက်သူများမှ တစ်ဆင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်များရှိမည်ဟု ခန့်မှန်းထားသောကြောင့် COVID-19 ရောဂါ ကာကွယ်ရေး အတွက် ပြည်သူများပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရက တိုက်တွန်းနှိုးဆော်ထားသည်။
COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရက အသိပေး ထုတ်ပြန်ချက် တစ်စောင်ကို သြဂုတ် ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
Aug 26, 2020
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ (၁၀)မြို့နယ် ဆောင်နှင့် နည်းပညာတက္ကသိုလ်ရှိ Quarantine Centre များတွင် Quarantine ဝင်ရောက် နေသူ များ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ယနေ့နံနက် (၀၉:၃၀) နာရီ တွင် Quarantine Centre များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 26, 2020
(၂၆-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၂:၃၀)နာရီ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။
Aug 26, 2020
GOVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Cs မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ် ထောက်ပံငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်း ဆောင်ခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။
Aug 26, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျှက်ရှိရာ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်လွဲ(၃)နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ လာရောက်နေထိုင်စရာမလိုဘဲ ဆွေမျိုးမိတ်ဆွေအိမ်များနှင့် ခြေတန်ရှည်အိမ်အမြင့်များတွင် နေထိုင်နိုင်သေးသူ မိသားစုဝင်များအား ဆန်နှင့်စားရိက္ခာများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Aug 26, 2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ရွှေပြည်စိုးသာသနာ့ဗိမ္မာန်တွင် Inclusive Self – Help Group (ISHG) လူမှုအားမာန်အဖွဲ့များသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 26, 2020
ဆေးလိပ်ကင်းစင်ရေးလုပ်ငန်းများကို တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာကျောင်း များတွင် အားဖြည့်ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
Aug 26, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖြစ်ပွားနေသော Coronavirus Disease (COVID-19) ရောဂါ ကူးစက်မှု အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ ၃ တွင်ပြုလုပ်ခဲ့သည်။
Aug 26, 2020
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်စစ်တောင်းတံတားသစ် (မုပ္ပလင်) လမ်းဆုံတွင် Covid-19 ရောဂါ မပေါ်ပေါက် စေရေးနှင့်ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး အနေဖြင့် ပဲခူး တိုင်းဒေသကြီးဘက်မှ ဝင်ရောက် လာသည့် မော်တော်ယာဉ်များပေါ်၌လိုက်ပါလာသည့် ခရီးသွားများအား ကျန်းမာရေးစစ်ဆေးနေမှု အခြေအနေ များကို ဩဂုတ် ၂၅ရက်၊ နံနက်(၁၁)နာရီက မွန်ပြည်နယ်၀န်ကြီးချုပ်ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Aug 26, 2020
အဂတိလိုက်စားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် စိုးရိမ်နေရသော အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ကိုယ်ကျိုးစီးပွားရှာဖွေခြင်းပြဿနာမှစတင်လာကာ နေရာဌာနများစွာနှင့် ပတ်သက်နေသဖြင့် စီမံဖြေရှင်းရန် ခက်ခဲလှသည်။ အဂတိလိုက်စားမှုသည် တိုင်းပြည်၊ နိုင်ငံအများအပြားတွင် အသီးသီးဖြစ်ပေါ်လျက်ရှိနေသောကြောင့် အဂတိလိုက်စားခြင်းကို အပြည်ပြည်ဆိုင်ရာ ပြဿနာအဖြစ် သတ်မှတ်နိုင်သည်။ ဖွံ့ဖြို
Aug 26, 2020
ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၌ “မိမိဆန္ဒအလျောက်” ယာယီ တာဝန် ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများပါဝင်သော အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယ အသုတ်အနေဖြင့် မြန်မာ အမျိုးသားလေကြောင်း အထူး လေယာဉ်ဖြင့် စစ်တွေမြို့သို့ ထပ်မံ ရောက်ရှိ ကြသည်။
Aug 26, 2020
နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် နိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေးဘဏ် ရှေ့ပြေးစီမံကိန်း (Pilot Project) မှ USAID ACDI/VOCA အကူအညီဖြင့် Cash-flow Based Financing Model အသုံးပြု၍ SMEs ချေးငွေထုတ်ချေးနိုင်ရန် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ချေးငွေဆိုင်ရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြန်မာ့စီးပွားရေးဘဏ် မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
Aug 26, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
