Skip to main content

Feb 03, 2021

မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝပတ်ဝန်းကျင်လှပသာယာ၍ ရေသ ယံဇာတ၊ သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ပေါကြွယ်၀သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်မှာ အထူးပြောစရာ လိုမည်မထင်ပါ။ ထိုတနင်္သာရီတိုင်းဒေသကြီး၏ အစွန်ဆုံး မြို့တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့ အနီးတစ်ဝိုက် ကျွန်းများတွင် ရှားပါးလူနည်းစု ဆလုံ(ခေါ်) မော်ကင်း “ Mawken” (သို့) Sea Gypsies ခေါ် ပင်လယ်ပျော်လူသားမျိုးနွယ်စုတစ်စု နေထိုင်ကြသည်ဆိုသည်ကို သိသူနည်းမည် ထင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အောက်ရှိ ယာဉ် လိုင်း များတွင် ပြေးဆွဲပေးလျက်ရှိသော YRTA ယာဉ်မောင်းများနှင့် ဝန်ထမ်း များအား မြန်မာနိုင်ငံ တွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု လုပ်ငန်း ကို ဖေဖော်ဝါရီ ၁ ရက် နံနက် ပိုင်းတွင် စတင်ထိုးနှံပေးခဲ့ကြောင်း YRTA ရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

၂၀၁၉ ခုနှစ် နှောင်းပိုင်းမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ကပ်ရောဂါသည် ၂၀၂၁ ခုနှစ်သို့ ဝင်ရောက် လာသည့် အချိန်ထိ ကမ္ဘာမြေပေါ်မှပျောက် ကွယ်မသွားသေးဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူအများကြား ထဲတွင် ကူးစက်ပျံ့နှံ့ကောင်းနေဆဲ။ အချို့ဒေသများတွင်မူ ဗီဇပြောင်းကာ လူ့အဖွဲ့အစည်းကိုဆက်လက်၍ အန္တရာယ်ပြုနေဆဲ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ တစ်ဝန်း ပိုးတွေ့ လူနာ တွေ့ရှိမှု တဖြည်းဖြည်း ကျဆင်း လာသည်ကိုတွေ့ရ သည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ပိုးတွေ့ လူနာ ၃၁၀ ဦး ရှိသည်။ ပိုးတွေ့ရှိမှုများအနေဖြင့် ၄၀၀ ကျော်မှ ၃၀၀ ကျော်၊ ၂၀၀ ကျော်စသည်ဖြင့် တဖြည်းဖြည်း အကျဘက်သို့ ဦးတည်လာနေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2021

(၁-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၂,၃၇၇)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁၀) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2021

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် နေပြည်တော် တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တို့လိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ အား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2021

(၂၃-၃-၂၀၂၀) ရက်နေ့မှ (၁-၂-၂၀၂၁) ရက်နေ့အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၁၄၀,၃၅၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2021

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၆ ဒသမ၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် ပွိုင့် ၂၂ ပြောင်းရှည်သေနတ် တစ်လက်၊ ကျည် ၂၉၅ တောင့် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2021

ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကင်းဝေးပြီး ကျန်းမာစွာနေထိုင်နိုင်ရေးသည် အရေးကြီးသည်။ လူတိုင်းလူတိုင်း ရောဂါကင်းဝေး ကျန်းမာရေးအတွက် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိရမည် ဖြစ်သည်။ အသိ၊ သတိ ရှိပြန်လျှင်လည်း လိုက်နာဆောက်ရွက်ဖို့ လိုအပ်သည်။ လိုက်နာဆောင်ရွက် နိုင်ကြရေးအတွက် ကျန်းမာရေးအသိများ မျှဝေပေးကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2021

ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ဦးစားပေးအုပ်စုများကို စတင်ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူလူထုအတွင်း၌လည်း မကြာမီဦးစားပေး အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားတော့မည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌ ဆက်လက်ကူးစက် ပျံ့နှံ့နေဆဲဖြစ်သည့်အပြင် ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ပေါက်လာခြင်း၊ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်များ၏ ကူးစက်ပျံ့နှံ့မှုက မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများသို့ပင် ကူးစက်ဝင်ရောက်လျက်ရှိခြင်းတို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း မျက်ခြည်မပြတ် အထူးဂရုစိုက်ရမည့် အခြေအနေသို့ ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2021

(၃၁-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၉,၀၁၉)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၀၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

နေပြည်တော် ဇန်နဝါရီ ၃၁ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယားသမ္မတ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ် မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ် ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

နေပြည်တော် ဇန်နဝါရီ ၃၁ အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) က ဖွင့်လှစ်သော ကိုယ်ပိုင် ကျောင်းတည်ထောင် အုပ်ချုပ်သူများအတွက် ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင် ရေးအမှတ်စဉ်(၁/၂၀၂၁) သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များ လိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီက ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် သဲကောကြီးကျေးရွာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် နှင့် Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဒိုက်ဦး-စစ်တောင်း မဟာဗျူဟာလမ်း ဖောက်လုပ်မှုစီမံကိန်း တွင် ပါဝင်သွားသည့် လယ်ယာမြေနှင့်သီးနှံများ အတွက် လျော်ကြေး ငွေ ပေးအပ်ခြင်း အခမ်းအနားကျင်း ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

မြန်မာနိုင်ငံကင်းထောက်အကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူကာ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် ကော်မတီနှင့် မြန်မာနိုင်ငံကင်းထောက် အဖွဲ့တို့ ပထမ အကြိမ် ပူးပေါင်းဖွင့်လှစ်သည့် မြန်မာကင်းထောက် ဆရာဖြစ်သင်တန်း (Advance Unit Leader Training) ကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် Virtual Conferencing စနစ်ဖြင့် ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် မကြာမီ ဖွင့်လှစ်မည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်း အနီး တည်ဆောက်ထားသည့် ပထမဆုံးပုဂ္ဂလိက ရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum သို့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုလေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

အခြေခံပြည်သူများ အရေးအကြီးဆုံးကိစ္စမှာ စား၊ ဝတ်၊ နေရေးဖြစ်ပါသည်။ နိစ္စဓူဝအဖို့ ဝတ်စရာမရှိလျှင်သော်မှ စားရေးနှင့် နေရေးမှာ အခြေခံ ပြည်သူများအဖို့ အသက်တမျှ အရေးကြီးပါသည်။ ယင်းအတွက် အခြေခံ ပြည်သူများမှာ နိစ္စဓူဝ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြရသည်။ ယင်းအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်စီးပွား မရေမရာဖြစ်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2021

လူတို့သည် ဘဝတွင် အောင်မြင်မှု၊ ပျော်ရွှင်မှုတို့ကို ခံစားကျေနပ်ရသည့်အခါ ပီတိသောမနဿ ဖြစ်ကြ၏။ သို့သော်လည်း ထိုပျော်ရွှင်မှုသည် လည်းကောင်း၊ ပီတိသောမနဿ ဖြစ်ရမှုသည် လည်းကောင်း မည်မျှတိုတောင်းသည်၊ မည်မျှတာရှည်ခံသည် ဆိုခြင်းကို မေ့လျော့ ထားမိတတ်သည်။

ဆက်လက်ဖတ်ရှုရန်