Feb 08, 2021
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလရှည်ကြာမှုနှင့်အတူ စီးပွားရေးယန္တရားများ လေးလံတုံ့ဆိုင်းကျဆင်းသွားမှုက လူအမြောက်အမြားကို အလုပ်လက်မဲ့ဖြစ်စေသည့်အပြင် ဝင်ငွေနည်းလူတန်းစားနှင့် ဝင်ငွေပုံမှန်မရှိသူများကိုပါ ဘဝရပ်တည်ရေးခက်ခဲစေသည်။ ဆင်းရဲ တွင်းကိုပိုမို၍ နက်စေသည်။ ယင်းအခြေအနေက လူကုန်ကူး ဒုစရိုက် သမားများအတွက် အခွင့်အရေးတစ်ခုဖြစ်စေပြီး လူကုန်ကူးမှု ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ လူကုန်ကူးခံရနိုင်သည့် အန္တရာယ်အလားအလာကို အထူးဂရုပြုရန်လိုအပ်သည်။
Feb 07, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ ဩဝါဒါ စရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တတိလော ကာဘိဝံသ အား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 07, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်- တောင်တွင်းကြီးလမ်း၊ ဥတ္တသီရိမြို့ နယ်ရှိ သစ်တောသုတေသနစခန်း အမှတ်(၅)၊ မိုးစွေစခန်းသို့ သွားရောက်၍ သစ်တော ဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 07, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ် တိုင်းရင်းသားလုပ်ငန်း ရှင်များ ပူးပေါင်း၍ တတိယအကြိမ်
Feb 06, 2021
ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်-
Feb 06, 2021
ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်-
Feb 05, 2021
မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းအများမှ အကြီးအကဲများအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်း ပြောကြားသည်။
Feb 05, 2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၂ နာရီ ခန့်တွင် သမန်းသားရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာရှိ ARSA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ARSA အကြမ်းဖက်သောင်းကျန်းသူများ သည် အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
Feb 05, 2021
အင်အားရစ်(ခ်) တာ စကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား
Feb 05, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက တည်ဆောက်ဖွင့်လှစ်ထားသည့် မြန်မာ့ ကျောက်မျက်ရတနာ သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
Feb 05, 2021
နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်းများအား ယနေ့တွင် နေပြည်တော်ရှိ သားဖွား သင်တန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးကြသည်။
Feb 05, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်ဩဝါ ဒါစရိယ၊ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ပျဉ်းမနား မြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ မဟာထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
Feb 05, 2021
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 05, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာကဏ္ဍနှင့် သတ္တုရေးရာကဏ္ဍ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။
Feb 05, 2021
ငွေကြေးဆိုင်ရာ ကောလာဟလများ၊ ဘဏ်များပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
Feb 05, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအသီးသီး တို့သည် ရှေးပဝေသဏီကာလကတည်းက အမိမြေပေါ်တွင်နေ၊ အမိရေကိုသောက်၍ နှစ်ပေါင်း များစွာ အတူတကွရှင်သန်ရပ်တည်နေထိုင် ကြီးပြင်းလာကြသူများ ဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှအတူတကွ နေထိုင်လာခဲ့ကြပြီး တစ်မိသားစုအတွင်းမှ ပေါက်ဖွားဆင်းသက် လာသော တစ်အူထုံဆင်း ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ရပ်တည်ခဲ့ကြသည်။
Feb 05, 2021
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းသားအရွယ် လူငယ်များအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု မြင့်တက်နေကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်က ဆိုသည်။ စီးကရက်၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးပါသည့် ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည့်အမူအကျင့်အားလုံးမှာ ဆေးရွက်ကြီးတွင် ပါဝင်သည့် နစ်ကိုတင်းဓာတ်ကို စွဲလမ်းမှုကြောင့်ပင်ဖြစ်သည်။
Feb 04, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (4-2-2021, 8:00 PM)
