ပညာခေတ်မှာ ကျောင်းအပ်ပါ ပညာရှာ ပညာသင်ကြပါ
အရာရာပညာနဲ့ တန်ဖိုးဖြတ်တဲ့ခေတ်ကြီး။ ယခုလည်း ကျောင်းတွေဖွင့်ချိန် ရောက်ပြန်ပါပြီ။ နှစ်စဉ် ကျောင်းအပ်ချိန်ရောက်တိုင်း ပညာရေး ပညာပေးနှိုးဆော်မှုလေးတွေ ပြုလုပ်ဖြစ်ပါတယ်။ ဒီနှစ်လည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိတို့သားသမီးအရွယ် လူငယ်လူရွယ်တွေအတွက် မပြတ်တိုက်တွန်းဖြစ်ပါတယ်။
