Skip to main content

Dec 12, 2025

၁။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံ အနက် ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ယနေ့နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ တာ့ခ်မင်နစ္စတန်နိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကောဏ္ဍညအမှူးပြုသော ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

အာဆီယံ အပေါင်းသုံးအရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅)အရ ငလျင်ဘေးသင့် ပြည်သူများအတွက် ထပ်မံလှူဒါန်းသည့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန် တန် ၃၀၀၀ ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၂၇၅ တန်နှင့် ပုံမှန်အစီအစဉ်ဖြင့် လှူဒါန်းခြင်းအစီအစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန် ၂၀၀၀၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆန် ၃၇၅ တန်တို့နှင့်စပ်လျဉ်းသည့် သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement -MoA) လေးစောင်ကို ယနေ့လက်မှတ်ရေးထိုးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ယူနက်စကိုအဖွဲ့ကကြီးမှူးကျင်းပသည့် “လူတိုင်းအကျုံးဝင် ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ” အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ဆော်ဒီအာရေဗျ သံအမတ်ကြီးမစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူလာ အယ်လ်စုဘိုင်အား ယနေ့မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများတက်ရောက်ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

CFC ၏ Managing Director Dr. Sheikh Mohammed Belal ၏ ဖိတ်ကြားချက်အရ CFC ဆိုင်ရာ မြန်မာနိုင်ငံ၏ Governor ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သော ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (Common Fund for Commodities-CFC) ၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ အွန်လိုင်းဖြင့် တက်ရောက်၍ မြန်မာနိုင်ငံကိုယ်စားပြု National State-ment ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့် မြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာ၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများ၊ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် ရပ်ကွက် ကြီး (၈) နှင့် ရပ်ကွက်ကြီး (၁၀)တို့ရှိ လမ်းများ တိုးချဲ့၊ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပန်းပွဲတော်ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူမဲပေးကြမယ်” အသိပညာပေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ကို ယနေ့တွင် နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့၌ ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatol-yevich Matovnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်) သို့သွားရောက်၍ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့ကြသည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အလေးပြုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးတည်ချက် (၄)ရပ်ကို ချမှတ်ထားသည့်အနက် တတိယအချက်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းသား ကျောင်းသူများအား ဆေးပညာသင်ကြား မွေးထုတ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ရန်ရက်သတ္တနှစ်ပတ်ကျော်မျှသာ ကျန်ရှိတော့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများမှာမူ သက်ဆိုင်ရာနိုင်ငံများအလိုက် ကြိုတင်မဲပေးနိုင်ရန် သတ်မှတ်ရက်များအလိုက် မဲရုံများဖွင့်လှစ်ပေးထားသည့် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး(၅၀)တို့တွင် နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ကြိုတင်ဆန္ဒမဲများပေးနေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ စစ်ရေးပြကွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ နခွန်ပထုန်ပြည်နယ် နခွန်ပထုန်အားကစားစင်တာရှိ ပရိသတ် ၄၀၀၀ ဆံ့ အားကစားရုံ၌ ကျင်းပရာ မြန်မာခြင်းလုံး အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့က ရွှေတံဆိပ်ဆုများ စတင်ဆွတ်ခူးရယူနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်