Feb 13, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။
Feb 12, 2020
ကျောင်းကုန်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေး၊ မြို့အဝင်၌ တည်ဆောက်ပြီးစီးသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံဖွင့်ပွဲကို ယနေ့နံနက် (၇) နာရီခွဲက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေနှင့် တည်ဆောက်ရေးကော်မတီမှ ဒေါက်တာသန်းနိုင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
Feb 12, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် အိန္ဒိယနိုင်ငံ ပြည်ထောင်စုနယ်မြေ ဒေလီ၏ ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲသို့ သွားရောက်လေ့လာခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်
Feb 12, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၂
2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ် ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၃ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 12, 2020
မန္တလေး၊ ဖေဖော်ဝါရီ ၁၃
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အကွက် (၃၂၃) ၃၅လမ်းထောင့် ၊ အကွက် (၃၂၃) ဂေါဝန်ရပ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင် သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်းတွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ထင်းမီးဖြင့် ထမင်းအိုး တည်ရာမှ အနီးရှိ ထရံသို့ ကူးဆက်ကာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် စည်ပင်သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်း သွပ်မိုးထရံကာ မြေစိုက် ၁၀ လုံးနှင့် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင် သေဆုံးခဲ့သည်။
Feb 12, 2020
မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ ခရစ်နှစ် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် မြန်မာပြည် အလယ်ပိုင်း မကွေးခရိုင် နတ်မောက်မြို့လေး၌ ပစ္စုပ္ပန်ခေတ် မြန်မာနိုင်ငံ သမိုင်းအတွက် ထူးခြားသောမှတ်တိုင်တစ်ခု စတင်ပေါ်ထွန်းလာခဲ့သည်။ အကြောင်းကား ထိုနေ့မှ နှစ်ပေါင်း ၃၀ ဝန်းကျင်၌ မြန်မာတစ်မျိုးသားလုံး၏ အဖိုးထိုက်တန်ဆုံးရတနာ လွတ်လပ်ရေးဆုမွန်ကို ရွပ်ချွံစွာ ရှေ့ဆောင် ဆွတ်ခူးပေးနိုင်လတ္တံ့သော အာဇာနည်သူရဲကောင်းတစ်ဦးကို အဘ ဦးဖာ၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့သောကြောင့်ပင်တည်း။
Feb 12, 2020
တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန် အတွက်လည်း ကြိုးပမ်းလျက် ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ဂုဏ်ပြု အထူးအစီအစဉ် အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
Feb 12, 2020
အောင်ဆန်းဆိုသည့် နာမည်ကို မြန်မာတွင်သာမက နိုင်ငံတကာက ရင်းနှီးကျွမ်းဝင်ကြသည်။ နိုင်ငံတကာ သမိုင်းကို နှံ့စပ် နားလည်သူများသည်ကား အောင်ဆန်းဆိုသည့် အမည်ကို အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း၊ ထက်မြက်သလောက် ရိုးသားဖြူစင်သူအဖြစ် အသိအမှတ်ပြုကြသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာဦးအဖြစ်ခေတ်ပြိုင်နိုင်ငံရေးသမားများကရော၊ လုပ်ဖော်ကိုင်ဖက်များ ကရော၊ သူ့ကိုမုန်းသူများကပါ တလေးတစားရှိကြသည်။ သူ၏ ထက်မြက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်က ကြောက်ခမန်းလိလိဖြစ်သည်။
Feb 12, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၂
Feb 12, 2020
နေပြည်တော် ဖေဖော်ဝါရီလ ၁၂
2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကို ယနေ့၊ နံနက် ၁၀ နာရီခွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဉီးဆောင်၍ ကျင်းပခဲ့သည်။
Feb 12, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်ဖွင့်ပွဲကို ယင်းနေ့နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်ပြခန်းကို စတင် ခင်းကျင်းပြသလျက်ရှိသည်။
Feb 12, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၂
Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။
Feb 12, 2020
ဘားအံ ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ပညာဒီပကျောင်းစာကြည့်တိုက် ဖွင့်လှစ်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတွင် ပြုလုပ်သည်။
Feb 12, 2020
မန္တလေး ဖေဖော်ဝါရီ ၁၂
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးမြို့၊ မန္တလာသီရိအဆင့်မြင့်အားကစားကွင်း ၌ ယနေ့ နံနက် ၇ နာရီ က ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
Feb 12, 2020
ထားဝယ် ဖေဖော်ဝါရီ ၁၂
(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စုရပ်ဖြစ်သော ရွှေဝယ်သီရိအားကစားကွင်းအရှေ့ ၌ ကျင်းပသည်။
ထို့နောက် အသက်(၁၅)နှစ်အောက် ဝါသနာရှင်လူငယ်မောင်မယ် (၁၀၀၀)ဦး ပါ၀င်ယှဉ်ပြိုင်ရာ ရှေးဦးစွာ မာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင် က တာလွှတ်ပေးသည်။
Feb 12, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၂
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းတို့က နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို အလေးပြုကြသည်။
Feb 12, 2020
မော်လမြိုင် ဖေဖော်ဝါရီ ၁၂
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မော်လမြိုင်မြို့ မောရဝတီပန်းခြံ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများတက်ရောက်ကြသည်။
Feb 12, 2020
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၊ စီတာပူရပ်ကွက် မနောကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မနောအကဖြင့် ဆင်နွှဲခြင်းအပါအဝင် အားကစားပြိုင်ပွဲများ ဖြင့် စည်ကားစွာ ကျင်းပပြုလုပ်သည်။
Feb 11, 2020
ဟားခါး ဖေဖော်ဝါရီ ၁၂
ချင်းပြည်နယ် ၊ ဟားခါးခရိုင် ထန်တလန်မြို့တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကထန်တလန်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်ခဲ့ကြောင်းသိရသည်။
Feb 11, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၁၂
၂၀၂၀ ခုနှစ် ၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲဘော် အပေါင်းတို့အား အလေးပြုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
