Mar 16, 2020
တစ်ယောက်အားနှင့်ယူသော်မရ၊ တစ်သောင်းအားနှင့်ယူသော်ရ၏ဆိုသော ဆိုရိုးစကားသည် ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်၊ ညီညွတ်ခြင်း၏စွမ်းပကားကို ဖော်ညွှန်းနေသည်။ တစ်ယောက်တစ်လက် ကျောင်းသားလက်၊ စုပေါင်းညီညာ အောင်ကြောင်းဖြာ စသည့် ကြွေးကြော်သံများကိုလည်း အဖွဲ့အစည်းများတွင် ယနေ့တိုင် အသုံးပြုနေသည်ကိုတွေ့ရပါသည်။ အားလုံးကို ခြုံကြည့်သော် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ခြင်းဖြင့်သာ အောင်မြင်မှုကိုရရှိနိုင်မည် ဖြစ်သည်။
Mar 15, 2020
(၁၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 15, 2020
နေပြည်တော် မတ် ၁၄
Mar 14, 2020
ရန်ကုန် မတ် ၁၄
မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကမာရွတ် မြို့နယ်ရှိ Novotel Hotel ၌ ကျင်းပသည်။
Mar 14, 2020
မန္တလေး မတ် ၁၄
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ယခုနှစ် သင်္ကြန်ကာလတွင်ကျင်းပမည့် မြို့တော်မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် ပွဲတော်အပါအဝင် လူစုလူဝေး ဖြစ်စေမည့် ပွဲတော်အားလုံးကို COVID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် ရပ်ဆိုင်းခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
Mar 14, 2020
မန္တလေး မတ် ၁၄
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်အတွက်ပေးဆောင်ရမည့် အခွန်အခများကို Mandalay Smart Pay (MSP Wallet) စနစ်ဖြင့် ငွေပေးချေနိုင်မည့် အစီအစဉ်ကို ဒေသခံပြည်သူများ စတင်အသုံးပြုနိုင်ရန် မတ် ၁၄ ရက်က မန္တလေးကွန်ဗင်းရှင်းစင်တာတွင် MSP Account များ ဖွင့်လှစ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို စင်ကာပူနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် 2C2P ကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် ရတနာပုံဘဏ်တို့ ပူးပေါင်းဆောင်ရွက်ပေးသည့် ငွေသွင်းငွေလွှဲခြင်း များအတွက် အခကြေးငွေ ဖြတ်တောက်မှု လုံးဝမရှိသော ငွေပေးချေနိုင်သည့်စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
Mar 14, 2020
နေပြည်တော် မတ် ၁၄
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိပြီး ယင်းအခြေအနေများကြောင့် ပြည်တွင်း၌ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန်စပါး စိုက်ပျိုးထွက်ရှိမှု၊ ဆန်စပါးလက်ကျန်နှင့် ပြည်ပတင်ပို့မှုများဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ Myanmar International Trade Center ၌ ကျင်းပသည်။
Mar 14, 2020
ယနေ့ကမ္ဘာကို ကိုင်လှုပ်နှိုးလိုက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) နိုင်ငံတကာသို့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်သည့် သတင်းများ ကြေညာလိုက်သည်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး တုန်လှုပ်သွားလေသည်။
Mar 14, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-I9) ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများအကြား နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ်နေသဖြင့် ထိုရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် အတည်ပြုသတ်မှတ်ကြေညာခဲ့သည်။
Mar 14, 2020
နေပြည်တော် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကျောဇီကျေးရွာအနီးရှိ MCCM Co., Ltd ၏ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) စမ်းသပ်လည်ပတ်နေမှုကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Mar 14, 2020
ထားဝယ် မတ် ၁၄
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Mar 14, 2020
နေပြည်တော် မတ် ၁၄
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ ဖြေဆိုကြသည်။
ယနေ့ဖြေဆိုသည့် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ကချင်ပြည်နယ်တွင် ၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဦးနှင့် ရခိုင်ပြည်နယ်တွင် တစ်ဦး စုစုပေါင်း ၁၀ ဦး ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)
Mar 14, 2020
နေပြည်တော် မတ် ၁၄
COVID-19 ရောဂါလူနာများတွေ့ရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးရာ၌ အသုံးပြုရန်အတွက် ဆေးရုံသုံးစက်ပစ္စည်းနှင့် အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သင်တန်းခန်းမ၌ ကျင်းပသည်။
Mar 14, 2020
ဟားခါး မတ် ၁၄
ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက စီစဉ်ကျင်းပသည့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ လူငယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၀)ကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟားခါးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်နှင့် မြို့နယ် လူငယ်ရေးရာကော်မတီဝင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီးတို့မှ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
Mar 14, 2020
လွိုင်ကော် မတ် ၁၄
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော် စက်မှုဇုန်အပိုင်း(၁)နှင့် အပိုင်း (၂)အတွင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က စက်မှုဇုန် ခန်းမဆောင်၌ ကျင်းပခဲ့သည်။
Mar 14, 2020
လွိုင်ကော် မတ် ၁၄
ကယားပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး၊ ဌာနဆိုင်ရာများလုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုတိုးတက်အောင်မြင်စေရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ မွန်းလွဲ ၂ နာရီခွဲ အချိန် ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 14, 2020
လွိုင်ကော် မတ် ၁၄
ကယားပြည်နယ်အတွင်းရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းများ စစ်ဆေးရေး ကော်မတီ နှင့် ခရိုင်/ မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန် က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 14, 2020
နေပြည်တော် မတ် ၁၃
ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း မတ် ၁၀ ရက် နံနက်ပိုင်း တွင် ပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့် အပြန်အလှန်ဆွေးနွေးမှု၌ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သက်ဆိုင်ရာ နိုင်ငံအနေဖြင့် တုံ့ပြန်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
အလုံးစုံငြိမ်းချမ်းရေးရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေ
Mar 14, 2020
နေပြည်တော် မတ် ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် Myanmar Blue Sky Rescue Development Council အဖွဲ့အစည်းနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
