Skip to main content

Aug 11, 2020

မြန်မာနေရှင်နယ်လိဂ်သည် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက် လျက်ရှိပြီး မြန်မာနေရှင်နယ် လိဂ်ကလပ်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများကို ကိုဗစ်-၁၉ ရောဂါ တို့ဖတ်နမူနာ ရယူစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ် ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှု YPS ကတ်ကို ဩဂုတ် ၈ ရက် မှစ၍ YBS ယာဉ်လိုင်းပေါင်း ၁၅ လိုင်းတွင် ထပ်မံသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၅ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေဒုတိယဆုရရှိသည့် စာရေးဆရာ ကိုရွှေသံ (မြန်မာစာ) ၏ “မြစ်ဧရာနဒီ ကြောဝယ်”စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ကိုဗစ်-၁၉ ကာလအတွင်း စပါးပင်၏ အစိတ်အပိုင်းအားလုံးအား အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စပါးဇီဝဥယျာဉ်သုတေသနဌာနစု သင်တန်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန် အိမ်ထောင်စု ၁၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ပါဝင်သည့် ထောက်ပံ့ရေးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ကိုကိုးကျွန်းသို့ ထွက်ခွာသည့် M.V Charites သင်္ဘောဖြင့် ပို့ဆောင်လိုက်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွှယ်သူ ၁ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

လောကလူသားများသည် မိမိတို့ရည်မှန်းရာ ရည်ရွယ်ရာတစ်ခုဆီသို့ လှမ်းတက်ကြရာ၌ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုဟူသည့် ရလဒ်တစ်ခုခု ရရှိကြစမြဲပင်။ အောင်မြင်လျှင် ဝမ်းမြောက်ပီတိဖြစ်၊ ရှုံးနိမ့်လျှင် ဝမ်းနည်း ပူဆွေးဖြစ်ကြသည်မှာ လောကဓမ္မတာသာဖြစ်သည်။ အဓိကမှာ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းထက် မိမိ၏ရည်မှန်းရာပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲ မရောက်ရောက်အောင် လှမ်းတက်မည်ဆိုသည့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ ထက်သန်ဖို့သာ လိုရင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပို၍ကောင်းမွန်သည်ကို လူတိုင်းသိကြသည်။ မိမိတို့၏ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး အတွက် နေ့စဉ်လူနေမှုပုံစံများတွင် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ ဆေးလိပ်ဆေးရွက်ကြီး၊ အရက်မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်ခြင်း၊ ဥတုသပ္ပါယ မျှတအောင် ဝတ်စားဆင်ယင်ခြင်း၊ အသက်အရွယ် အလိုက် သင့်တင့်မျှတသည့် ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာ နိုင်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန် မြှင့်တင်ကာ ပုံမှန်ပြု လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသာဌေးနှင့် ဦးအောင်ဇော်သိန်း တို့ပါဝင်သည့် အပြီးသတ်ကြားနာ ဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး ခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထွေထွေလျှောက်ထားမှု(စာချွန်တော်)(၅)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမ ထွေထွေလျှောက်ထားမှု(စာချွန်တော်)(၅)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဩဂုတ် ၈ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးတင်အောင်၀င်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ အုပ်စုအတွင်း Cash For Work စီမံကိန်းနှင့် ကျေးလက်ဖွံ့ဖြိုး ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အာရှ ဖောင်ဒေးရှင်း (The Asia Foundation)တို့ ပူးပေါင်းဖွင့်လှစ်သည့် စကားပြန်သင်တန်း အမှတ်စဉ် (၄/၂၀၂၀)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ် ဌာန ကျောင်းများ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ လာရောက် ကြည့်ရှုနိုင်ရန် ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာ သည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဩဂုတ် ၉ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ သွားရောက်ပြီး ငွေဆောင် ကမ်းခြေခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် Bay of Bengal Resort ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ကယားပြည်နယ် အစိုးအဖွဲ့ အနေဖြင့် ပြည်နယ် အတွင်းရှိ မြို့နယ် အသီးသီးသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ

ဆက်လက်ဖတ်ရှုရန်

Aug 10, 2020

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (Economic Relief Plan-CERP) Action Plan အရ ပြည်နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် နိုင်ငံတော်မှ ငါးသားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဒီးမော့ဆိုမြို့နယ် ဖောင်းတောကျေးရွာ ခန်းမ ဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်