Skip to main content

Dec 16, 2020

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ အရပ်ဖက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက်လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) သည် ၂၀၁၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဘက်စုံလွမ်းခြုံနိုင်သောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (The Comprehensive Education Sector Review - CESR) နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) တို့၏ အဆက်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် (SDG-4)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ OECD’s Learning Compass (2030), ယူနက်စကို၏ Future of Education (2030) တို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် ရခြင်းဖြစ်သည့်အတွက် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကာလမှာ ၁၀ နှစ်ဖြစ်ပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယနေ့ကျင်းပ သော အစည်းအဝေးသည် ၁၅ ကြိမ်မြောက် အစည်း အဝေးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် Power Point ဖြင့် တင်ပြနိုင်ရေးအတွက် မဟာဗျူဟာ (Strategies) နှင့် လုပ်ငန်းအစီအစဉ် (Components) များကို ရေးဆွဲပြုစု ပေးကြပါသော နိုင်ငံတကာအကြံပေးပညာရှင်များနှင့် ပြည်တွင်း ပြည်ပ အကြံပေးပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်သူများအားလုံးနှင့် အစည်းအဝေးသို့ တက်ရောက် လာသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကဏ္ဍခွဲအလိုက်လုပ်ငန်းအဖွဲ့ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကပ်ရော‌ဂါဖြစ်ပွားမှုနှင့်အတူ အခြေခံပညာကျောင်းများ၊ နည်းပညာနှင့်သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ တစ်သက်တာသင်ယူမှု ဝန်းကျင် ကောင်းများဖြစ်ရန် လိုအပ်လာပါကြောင်း၊ အရည်အသွေးရှိပညာရေးစနစ်ကို စဉ်ဆက်မပြတ် သင်ယူနိုင်ရေးနှင့် အထူးသဖြင့် တိုင်းရင်းသားဒေသများ၊ ဝေးလံခေါင်ဖျားဒေသများ၊ ဖွံ့ဖြိုးမှုအားနည်းသော ဒေသများရှိ ကျောင်းသူ ကျောင်းသားများ သင်ယူနိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာနက ဦးစားပေးပါကြောင်း၊ ယနေ့ ခေတ် ကာလတွင် ဒီဂျစ်တယ်နည်းပညာဖြင့် လေ့လာသင်ယူမှုကို အားပြုဆောင်ရွက်လာရသည်ဖြစ်ရာ High-Tech Learning နှင့် High-Touch Learning တို့ကို အသုံးပြုကာ ပေါင်းစပ်သင်ယူမှုပုံစံ (Blended Learning) ဖြင့် ပြည်ထောင်စုကြီး အတွင်း နေထိုင်သူများအားလုံး၊ ကျောင်းသူ ကျောင်းသားများ၊ သင်ယူသူများ၊ တစ်သက်တာလေ့လာ သူများ ၂၁ ရာစုကျွမ်း ကျင်မှုနှင့်အရည်အသွေးများ ရရှိစေရန် အာမခံနိုင်သည့် အရည်အသွေးရှိသော ကျောင်းများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ ဖြစ်အောင် ပူးပေါင်းဆောင်ရွက် ပေးကြ ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

ကယားပြည်နယ်၌ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားခဲ့ရာ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ပြေးဆွဲလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

 

နေပြည်တော် ဒီဇင်ဘာ ၁၆

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၄)ဦးအား ကွာလာလမ် မူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုရာတွင်စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာ ရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသ ပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့် ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျှက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇)ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ခြင်းကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက မန်းပွဲကျေးရွာအုပ်စု ရှဲန်ခိုက်ဘုရားကျောင်း၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် မန်းပွဲကျေးရွာရှိတောင်သူဦး စိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူ သီးနှံ( GAP and Water Management) စံပြစိုက်ခင်းသို့ ယနေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှသွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

တတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ဧည့်ခန်းမသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအတွင်း ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အသုံးပြုရန် Max-Highway Co., Ltd (ဧရာဝတီဖောင်ဒေးရှင်း)မှ အလှူငွေနှင့် ကျန်းမာရေးသုံး ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

ပြည်တွင်းလေကြောင်းခရီး စီးနင်းလိုက်ပါကြမည့် ခရီးသွား ပြည်သူများအား ယနေ့နံနက်ပိုင်းမှစပြီး ကျောက်တံတား မြို့နယ်ရှိ Tourist Burma အဆောက်အအုံ (ဆူးလေဘုရား လမ်းရှိ မြန်မာအဆွေကုန်တိုက်)နှင့် အောင်မင်္ဂလာအဝေး ပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာနတို့၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ် လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူ များသိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပြည်သူကို အသိပညာ မျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်”ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေး အတွက် ပြည်သူ လူထု၏ ဆောင်ရွက်နိုင်မှုများကို အများပြည်သူသို့ အသိပညာပေးရန် နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်၍ “Breaking the Culture of Corruption” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက် အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

နတ်တော်လဆန်း (၁) ရက်နေ့ကို မြန်မာနိုင်ငံတွင် စာဆိုတော်နေ့ဟု သတ်မှတ်ထားသည်။ စာဆိုတော်နေ့သည် နိုင်ငံတော်၏ ဘာသာသာသနာ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု အသိပညာအဖြာဖြာတို့ကို တိုးတက်အောင် ကလောင်ကိုင်စွဲပြီး ပါဝင်ကြိုးပမ်းခဲ့သည့် စာပေပညာရှင်ကြီးများ၏ ဂုဏ်ကျေးဇူးကို ချီးမြှင့် ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်း အပေါ် ဌာနများ၏ အကြံပြုချက်များ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 16, 2020

ကျန်းမာကြံ့ခိုင်သော ပြည်သူပြည်သားများသည် မိမိ မိသားစုအကျိုးပြု မိမိနိုင်ငံအကျိုးပြုသည့် လူ့စွမ်းအား အရင်း အမြစ်များ ဖြစ်သည်။ ပြည်သူတို့ အနေဖြင့် ယခင်အခါက နိစ္စဓူဝ ဗာဟီရကိစ္စများဖြင့် ပြီးလွယ်စီးလွယ် နေထိုင် ခဲ့ကြသော်လည်း မျက်မှောက်ကာလမှစ၍ မိမိတို့ကျန်းမာရေးအတွက် မပေါ့မဆ မပျက်မကွက် သတိမူနေထိုင် ရတော့မည့် အခြေအနေဖြစ်သည်။ ကျန်းမာရေးကို သတိမူခြင်းသည် မိမိနှင့် မိမိတိုင်းပြည်အနာဂတ်အတွက် ရေရှည်ကောင်းကျိုးပြုနိုင်မည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်