Skip to main content

Jan 05, 2021

နေပြည်တော်၊ ရုံးအမှတ်(၂၆)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၅ရက်၊ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်ငန်းများ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ Online Meeting စနစ်ဖြင့် တက်ရောက် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2021

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓာဘိသေက အနေကဇာတင် မင်္ဂလာနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ စေတီတော် ဘက်စုံပြုပြင်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ကြီး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး အစိုးရဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စေတီတော်အလှည့်ကျ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2021

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူးသည် မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများလိုက်ပါ၍ ယနေ့ နံနက် (၉) နာရီက မုံရွာမြို့နယ် တောင်မတောကျေးရွာအနီးရှိ တောင်မတောတောင် သို့ တက်ရောက်၍ ပြည်သူများ တောင်တက်အပန်းဖြေနားနေနိုင်ရေး၊ တောတောင်သဘာဝ စိမ်းလန်းစိုပြေစေရေး ကိစ္စရပ်များ အတွက် ဆောင်ရွက်ပေးရမည့် အခြေအနေများအား သိရှိနိုင်ရန် တောင်မတောတောင် သို့ တက်ရောက်ကြည့်ရှုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2021

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပခဲ့ပြီး  နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့်က နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဂုဏ်ထူး ဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ စကားသံများကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 05, 2021

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည် များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်း အနား ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2021

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံ၊ တစ်နည်း ဆိုရသော် တိုင်းတစ်ပါးသား လက်အောက်က ကျွန်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည်။ မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့ရသည့် ခရစ်နှစ် ၁၈၈၅ ခုနှစ်မှသည် ၁၉၄၈ ခုနှစ်ကာလသည် သူ့ကျွန်ဘဝ ဖြစ်ပါသည်။ ဗြိတိသျှ ကျွန်နိုင်ငံ ဖြစ်ရသည့်အတွက် နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ ဗြိတိသျှတို့၏ တစ်ဖက်သတ် အစီအမံအောက်တွင် မြန်မာပြည်သူတို့ နေခဲ့ကြရသည်။ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ဗြိတိသျှတို့ကသာ လွှမ်းမိုးထား၏။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2021

မျက်မှောက်ကာလတွင် စုပေါင်းအင်အားသည်သာ စွမ်းအားဖြစ်ကြောင်း စိန်ခေါ်မှုများအား ကျော်လွှား နိုင်မှုများဖြင့် သက်သေပြနိုင်ခဲ့သည်။ ဤကျော်လွှားနိုင်မှုများသည် လူမှုဘဝစိန်ခေါ်မှုတို့သာ ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးကြီးပွား တိုးတက်ရေးအတွက် စုပေါင်းအင်အားများမှာ ယခုအခါ လိုအပ်လျက်ရှိသည်။ မျက်မှောက်ကာလ၌ ဝေးလံသောဒေသများသို့ ခရီးသွားသောအခါ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်နေပြီ။ အချို့ ဝေးလံဒေသများ၌ လျှပ်စစ်မီးများ ရရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက တာဝန်ယူတည်ဆောက်သည့် အင်းစိန် ရထားလမ်း ခုံးကျော်တံတား အမှတ်(၂) (မင်းကြီးလမ်းလက်တက်တံတား) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အဆိုပါတံတားသစ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

(၂၃-၃-၂၀၂၀) ရက်နေ့မှ (၃-၁-၂၀၂၁) ရက်နေ့အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၁၂၆,၃၄၅) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံ တော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး၊ အမျိုး သားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များနှင့်အညီ  ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့သို့ ယနေ့ နံနက်၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ရောက်ရှိလာပြီး ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်အတွင်းရှိ ဓမ္မလင်္ကာရ ရှေးဟောင်း ကျောင်းဆောင်အား လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြု ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မောရဝတီ ပန်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

(၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အလံ တင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စစ်တွေမြို့ ဓညဝတီအားကစား ကွင်း၌ ယနေ့နံနက်ပိုင်းကကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဂုဏ်ပြုတပ်ဖွဲ့ဝင်များတက်ရောက်ကြပြီး စစ်ကြောင်းမှူး ဗိုလ်မှူးကျော်သူနိုင်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်တော်အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကာဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ သစ္စာ(၄)ချက် ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ဗထူးအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

၂၀၂၁ ခုနှစ်၊ (၇၃) မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက်(၇)နာရီအချိန်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံရှိကျောက်သားရင်ပြင်၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ခေတ္တဝန်ကြီးချုပ်၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ လွိုင်ကော်၊ ဒေသကွပ်ကဲရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁ဝ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်