Skip to main content

Jan 28, 2021

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါရုံး၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့်၊ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် ဖွင့်လှစ်သည့် (KB Kookmin Bank) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Lotte Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်း အမှတ်(၂)တွင် တတိယအကြိမ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၈၀၀ ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD စတင် ထိုးနှံခြင်းလုပ်ငန်းစဉ်ကို ယနေ့နံနက် ပိုင်းတွင် စတင်ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံမှု အစီအစဉ် စတင်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံသူ နိုင်ငံသားများအတွက်ပါ ဝမ်းမြောက်ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာကောင်းသော အချိန်ကာလ၊ မင်္ဂလာရှိသောကာလဟု ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2021

ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် အင်္ဂလိပ်အစိုးရက ပြည်မနှင့် တောင်တန်းသားများကို ခွဲခြားကာ လွတ်လပ်ရေးပေးရန် ကြိုးစားခဲ့ဖူးသည်။ နောက်ဆုံး ၁၉၄၇ ခုနှစ် ဇန်နဝါရီတွင် လန်ဒန်၌ လက်မှတ် ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရာတွင် အချက်တစ်ချက်အနေဖြင့် ထည့်ဆိုသဘောတူခဲ့ရသည်။ “ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရင့်ပြီးဆုံးသည့်အခါ ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့သည် နယ်ခြားဒေသ လူထု၏ဆန္ဒနှင့် လိုက်လျောညီစွာ အကျိုးတူ ရည်မှန်းချက် များကို ဖြည့်စွမ်းရန် အကောင်းဆုံးစနစ်နှင့် ပတ်သက်၍ သဘောတူရယူ လိမ့်မည်ဖြစ်သည်” ဟူ၏။ ။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

(၂၆-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၇-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၆,၅၅၆)ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ာတ်ခွဲအတည် ပြု လူနာသစ် (၄၃၄) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

​မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများကို ယနေ့နံနက် (၈) နာရီမှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂနှင့် အစ္စရေးသံရုံးတို့ ပူးပေါင်း၍ နိုင်ငံတကာ The Victims of the Holocaust အမှတ်တရနေ့အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

online e-campus စတင် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ILO-ITC Myanmar က တာဝန်ယူ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၇)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ ပြစ်ဒဏ် ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား(၄၅)ဦး အပါအဝင် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသား (၁၆၈) ဦးအား မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ဇန်နဝါရီ ၂၇ရက် မွန်းလွဲ ၁နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ဝန်ကြီးချုပ်ထံ အလှူ‌ငွေများ လာရောက်လှူဒါန်းပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁)သင်းမှ ဥက္ကဋ္ဌများအား နေပြည်တော်ရှိ ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် နေရပ်စွန့်ခွာရသူများအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်း ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အဖွဲ့အစည်းမှ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယကိုယ်စားလှယ် Ms. Yukiko Iriyama တို့ ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ပြည်‌ထောင်စုနယ်မြေ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနတွင် နွေရာသီ ဆည်ရေရရှိမှုအခက်အခဲဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ရေမော်တာ ထားရှိမည့်နေရာ၊ ရေပိုက်လိုင်းသွယ်တန်းမည့်နေရာနှင့် လျှပ်စစ်သွယ်တန်းမည့် နေရာတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်