Skip to main content

Feb 13, 2021

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ ပေးအပ်လှူဒါန်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လူဖမ်းဝရမ်း ထုတ်ဆင့်ထားသူများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံ ပွဲကို ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့၌ အင်အား ( ၈၀၀၊ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့၌ အင်အား ( ၁၀၀၀၀ ခန့်ဖြင့်လည်းကောင်း၊ မလှိုင်မြို့၌ အင်အား ၃၀၀၀ဖြင့်လည်းကောင်း၊ ပျော်ဘွယ်မြို့၌ အင်အား ၂၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီး ထန်းတပင်မြို့၌ အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ ကျောက်ကြီးမြို့၌ အင်အား ၂၀၀ ခန့်ဖြင့် လည်းကောင်း၊ သာယာဝတီမြို့၌အင်အား ၃၀၀၀ ခန့်ဖြင့် လည်းကောင်း၊ မိုးညိုမြို့၌ အင်အား ၅၀၀ ခန့်ဖြင့် လည်းကောင်း၊ ဖြူးမြို့၌ အင်အား ၃၀၀၀ |ခန့်ဖြင့် လည်းကောင်း၊ မုန်းမြို့၌ အင်အား ၄၀၀ ခန့်ဖြင့်လည်းကောင်း အသီးသီး ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။ ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ဆောင်ရွက် လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံ ပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆို ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် UEC အသစ်အား ကြိုဆိုပါသည်။ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်း ပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်။ တပ်မတော်နှင့် ပြည်သူသွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင် ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ် များကို ကိုင်ဆောင်ကြွေးကြော် ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များနှင့် ကျေးလက်ကျန်းမာရေးဌာန များ၌ ဆေးရုံ တက်ရောက် ကုသမှုခံယူ နေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများက လှူဒါန်းသည့် အာဟာရ ဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော် သားများ က သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက် များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန် အတွက် နယ်မြေခံ တပ်မတော် သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့်အရာရှိ၊ စစ်သည်များ၏ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင် များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း အသွားအလာ ကန့်သတ်ချက်များကြောင့် စားရေး အခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံး တို့၌ ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြ သည့်ရခိုင် တိုင်းရင်း သား မျိုးနွယ်စုများ သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်း တွင် စစ်တွေမြို့ အထင် ကရနေရာ များ သို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက် ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည် ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်) အမှူးပြုသော ဆရာတော်ကြီး များနှင့် သံဃာတော်များအား ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည် ညို ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၅၉/ ၂၀၂၁နှင့် ၆၀/၂၀၂၁ တို့ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ထုတ်ပြန်ခဲ့ရာ စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၄၉ ဦး လွတ်မြောက် လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်၀သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများ အဖြစ်သို့ ပြောင်းလဲပေးရန် အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေး နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်အမှတ်၊ ၅၉/၂၀၂၁ နှင့် ၆၀/၂၀၂၁ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းကျခံ နေကြသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက် အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘော ဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက် ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက် အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘော ဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက် ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ယနေ့အချိန်အခါတွင် အထူးသတိထားရမည့်ကိစ္စမှာ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနှုန်း ပြန်လည်မြင့်တက်မလာရေး ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နှုန်း တစ်နေ့လျှင် တစ်ရာခိုင်နှုန်းဝန်းကျင်သာရှိရာမှ ထိုနှုန်း တက်မလာရေးကို အထူးသတိပြုကြရမည် ဖြစ်သည်။ ယခုအခါတွင် အကြောင်းမျိုးစုံဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းများ ဘက်တွင် လိုက်နာမှုအားနည်းလာသည်ကို မြင်တွေ့နေရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 13, 2021

ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ စတင်ဆောင်ရွက် နေပြီဖြစ် သည်။ တစ်ဖက်တွင်လည်း ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုအရှိန်အဟုန် လျော့နည်းလာသည့် လက္ခဏာများကို တွေ့ရသည်။ မီဒီယာများတွင် တွေ့ရသည့် ကိန်းဂဏန်း များအရ ယင်းသို့ ခန့်မှန်းခြင်းဖြစ်သော်လည်း အမှန် နှင့် မည်မျှနီးစပ်မည်ကို မသိနိုင်။ လက်ရှိ အခြေအနေတွင်မူ အတည်ပြု နိုင်သည့် ပိုးတွေ့သူ တစ်သိန်းလေးသောင်း ကျော်ရှိပြီး ရောဂါ ကြောင့် သေဆုံးသူ သုံးထောင်ကျော်ရှိ နေကာ နေ့စဉ် ဆယ်ဂဏန်းအရေ အတွက်နှင့် တိုးတက် နေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2021

၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော် ခန်းမ ဥပစာ ရင်ပြင် ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ဆက်လက်ဖတ်ရှုရန်