Skip to main content

Apr 13, 2021

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့နယ်များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့တွင် တိုင်းစစ် ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၁ ရက် တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ လူနေထိုင်ခြင်းမရှိသည့် အိမ်အမှတ်(၂၈၆)၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း၊ သံတွဲမြို့နယ်၊ နန်းချောင်း ကျေးရွာအုပ်စု၊ အထက်နန်းချောင်းကျေးရွာရှိ ဝေဇင်ကျော်(ဘ) ဦးညီကျော်မြအား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ ဇော်မင်းဦး(ဘ) ဦးကျော်မြင့်အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်နှင့် ဇော်ရဲ(ဘ) ဦးယဉ်ထွေးအား ၎င်း၏တောင်ယာတဲအတွင်းမှ လေသေနတ် ၁ လက်တို့နှင့်လည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်၊ ကန်သာယာရပ်ကွက်၊ အကွက်(ခခ-၃/၇၅)၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၀၂ လမ်းနှင့် ၁၀၃ လမ်းကြားရှိ Nobel INN တည်းခိုခန်းရှိ အခန်းအမှတ်(၁၀၆)၌ မစုစုမာ(ဘ) ဦးပေစိအား လက်လုပ်မိုင်း ၂ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက်တပ်မတော်ဆေးရုံများနှင့်ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် မှ ယနေ့အထိ ပြင်ပလူနာ ၁၃၅၆၃၄ ဦး၊ အတွင်း လူနာ ၄၃၆၅ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများ အနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၆၃၇၇ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၃၂၅ ဦး စုစုပေါင်း ၉၇၀၂ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့်လူနာများကိုလည်း ပါရဂူ များ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသ ပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၃၃၆၂ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၀၉၅ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၈၄၅၇ ဦးကို အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းနှင့် အထက် ကြည့်မြင်တိုင်လမ်းရှိ Yangon Bus Public Co.,Ltd ပိုင် YBS-89 ယာဉ်လိုင်း ဂိတ်အား ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန် အတွက် အစိုးရဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2021

၁၃။ ပထမဦးစွာ Voice Of MyanmartvOM) သတင်း ဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ( မဲလက်မှတ်များကို မည်သည့်နေရာတွင် ရိုက်နှိပ် ခဲ့ပါသလဲ။ မည်မျှရိုက်နှိပ်ခဲ့ပါသလဲ။ မည်သူတာဝန်ယူ လုပ်ခဲ့ပါ သလဲ။ တင်ဒါပေးခြင်းလား၊ ကော်မရှင်က လုပ်ဆောင်ခြင်းလားဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားကို ဧပြီ ၄ ရက်နေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ကြည်ညိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

(၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နေပြည်တော် ဧပြီ ၁၂ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထား သည် လမ်းပိုင်းအလိုက်ရထားများ ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-ရွှေဘို လမ်းပိုင်းနှင့် အင်းစိန်-ဥက္ကံလမ်းပိုင်းတို့၌ ခရီးသည်များခရီးသွားလာမှု အဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းတွင် RBE လူစီးရထားပြေးဆွဲခဲ့သည်။ အဆိုပါ မန္တလေး-ရွှေဘို-မန္တလေးခရီးစဥ်တွင်မန္တလေး-ရွှေဘို အဆန် RBE လူစီးရထား သည် မန္တလေးဘူတာမှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး ဘူတာစဥ်ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရွှေဘိုဘူတာသို့ နံနက် ၉ နာရီ ၃၃ မိနစ်တွင် ရောက်ရှိခဲ့ကာ ရွှေဘို-မန္တလေး အစုန် RBE ရထား ခရီးစဥ်အဖြစ် ရွှေဘိုဘူတာမှ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပြန်လည်ထွက်ခွ

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

တမူးမြို့နယ်၌ ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

၂၀၂၁ ခုနှစ်၊ မေလ ပထမပတ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဦးဆောင်ကျင်းပမည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နေပြည်တော် ဧပြီ ၁၂ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၀ ရက်တွင် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အင်းယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြသော လှေလှော် အားကစား သမားများကို တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး အားကစားသမားများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံ သေနတ်ပစ်

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယမန်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီသွားညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားအနီး ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်ဖူးမြော်လေ့ရှိသည့် ရန်ကုန် ရွှေတိဂုံပုံစံတူ စေတီ တော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နေပြည်တော်၊ ဧပြီ ၁၂ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ရောက်ရှိလျက်ရှိသော နိုင်ငံတော်စီမံအုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး စုပေါင်းခန်းမတွင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရ သည့် အခြေအနေများ၊ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ၊ နိုင်ငံတော်အတွင်

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲ(မန္တလေး)မှ မန္တလေး - ဗန်းမော် ခရီးလမ်းကို တစ်ပါတ်လျှင်နှစ်ခေါက် (တနင်္လာ ကြာသပတေး) နေ့များတွင် ဂေါဝိန်ဆိပ်ကမ်းမှ နံနက် ၆ နာရီတွင် ထွက်ခွာ၍ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ပီကြီး/ ပီလတ်ရေယာဉ်အမျိုးအစားများ ဖြစ်သော နှစ်ထပ်သင်္ဘောများဖြင့် ပုံမှန်ပြေးဆွဲပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်