Apr 18, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဧပြီ ၁၆ ၊ ၁၇ နှင့် ၁၈ ရက်များတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီး ဌာနအောက်ရှိ အားကစားကွင်း/ အားကစားရုံများ တည်ဆောက် ပြုပြင် မွမ်းမံမှု လုပ်ငန်း များ ကြည့်ရှု စစ်ဆေးသည်။
Apr 18, 2021
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရှမ်းပြည်နယ် အတွင်းရှိ ကလောမြို့နယ် ဟဲဟိုးမြို့ အင်းခေါင်း ဆည်၌ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ဦးဆောင်သော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးလွှမ်းမိုးဇော် နှင့် ဝန်ထမ်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ပြီး နှစ်လက်မအရွယ်ရှိ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၄၀၀၀၀ နှင့် ငါးခုံးမကြီး သားပေါက် ကောင်ရေ ၁၀၀၀၀၊ စုစုပေါင်းသားပေါက်ကောင် ရေ ၅၀၀၀၀အား စုပေါင်း၍ ဇီဝိတဒါနငါးမျိုး လွှတ်ပေးခဲ့ကြသည်။
Apr 18, 2021
မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ကြီးမှူး ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ( ၁ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကိုယနေ့နံနက် ၈ နာရီတွင် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာရှေ့ ကျုံးတောင်ဘက်ခြမ်း၌ လည်းကောင်း၊ ညနေ ၅ နာရီတွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လည်းကောင်း ကျင်းပသည်။ ။
Apr 18, 2021
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိ ရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းမဘေးရှိ မင်္ဂလာ ကန်တော်၌ ကျင်းပသည်။
Apr 18, 2021
နေပြည်တော်၊ ဧပြီ - ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်သို့ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့က ရှထောင်ကျေးရွာ၏အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောင်ကုန်းပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက် ဒုံး ၃ လုံးသည် နယ်မြေခံတပ်အနီး သို့လည်း ကောင်း၊ ရှော့တိုက်ဒုံး ၁ လုံး သည် အောက်မော်ဖောင်းကျေးရွာအတွင်းသို့ လည်းကောင်း အသီးသီး ကျရောက် ပေါက်ကွဲခဲ့သည်။
ရှော့တိုက်ဒုံးကျရောက်
Apr 18, 2021
ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်း များ ဆောင်ရွက်လျက်ရှိသည်။
Apr 18, 2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ် ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြုလုပ် ကြသည်။
Apr 18, 2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းတွင် တည်ထားကိုးကွယ်လျက်ရှိ သော သမိုင်းဝင်ဆံ တော်ရှင်သစ္စာမဏ္ဍိုင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အလှူတော်မင်္ဂလာအခမ်းအနားသို့ ခေါင်းဆေးကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မွန်ပြည်နယ်၊ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ တက်ရောက် ကြည်ညိုကြသည်။
Apr 18, 2021
အနယ်နယ်အရပ်ရပ်တွင်ရှိသည့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးကုသရန် အခက်အခဲ များ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ဆေးရုံဝန်ထမ်းများနှင့် လူနာရှင်များ၏ အကူအညီတောင်းခံမှုများ ကြောင့် တပ်မတော်ဆေးကုသရေး အဖွဲ့များကိုစေလွှတ်၍ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးနေရသည်။ CDM လုပ်သွားသည့် ဆရာဝန်များကြောင့် ပြည်သူ့ဆေးရုံများ တံခါးပိတ်ထားရသည့် အခြေအနေတွင် တပ်မတော်ဆေးရုံများ၌ အရပ်သားလူနာမြောက်မြားစွာ သွားရောက်ကုသနေကြရသည်။ ရောဂါဝေဒနာ ဟူသည် နေ့ည အချိန်ရွှေ့ဆိုင်းထား၍ မရသလို မဖြစ်မနေ အချိန်မှန် စစ်ဆေးကုသမှုပြုရမည့် ရောဂါမျိုးတွင်လည်း အကြောင်းကြောင်းကြောင့် ကုသမှုမရရှိနိုင်ပါက လူနာအဖို့ အန္တရာယ်ကြီးလှသည်။ နိုင်ငံရေးယုံကြည်ချက်၊ ခံစားချက်တို့ကို အကြောင်းပြု၍ တာဝန်တို့ကို စွန့်လွှတ်စွန့်ပစ်ခဲ့ခြင်းတို့၏ အကျိုးဆက်တို့ကို တိုက်ရိုက်ခံစားကြရ သူတို့မှာ ကံဆိုးလှရှာသည့်လူနာများပင်ဖြစ်သည်။ အထူးသဖြင့် ငွေကြေးအကုန်အကျ ခံကာ ပုဂ္ဂလိ ကဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်မကုသ နိုင်ကြသည့် ဝင်ငွေနည်းပြည်သူများဖြစ်သည့် ဝေဒနာရှင် များပင် ဖြစ်သည်။
Apr 18, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အား ဖြင့် လည်းကောင်း ၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုက ရေစီ နိုင်ငံ တော်သစ်တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက် တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်း ကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ က အမိန့်အမှတ် ၁၁၃/၂၀၂၁ နှင့် ၁၁၄/၂၀၂၁ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၂၃၀၄၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ ၁၃၇ ဦး၊ စုစုပေါင်း ၂၃၁၈၄ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းသိရသည်။
Apr 18, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှား မှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအားဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ် ပေါ်စေရန်နှင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခြင်း၊ Social Pumishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော် ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြား ပါဝင် ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။
Apr 18, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန် များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
Apr 17, 2021
၁၃၈၃ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ နိုင်ငံသားများ ဥပဒ်ဘေးဒဏ် ဘေးရန် အန္တရာယ်ကင်းဝေးစေရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီ မြန်မာ့ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ကျင်းပသည်။
Apr 17, 2021
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ကုန်ဆုံး၍ ၁၃၈၃ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ နေ့ထူးနေ့မြတ် အချိန်အခါ သမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ကာလအတွင်း အတာ ရေဖြင့် ဆေးကြောသန့်စင်ပြီး စိတ်၏အညစ်အကြေးများကို ကုသိုလ်ဒါန ပြုခြင်း ဖြင့် ဆေးကြောသန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် အစပြုလေ့ရှိရာ ယနေ့ တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်းများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ သက်ကြီး ဘိုးဘွားများကို တစ်ကိုယ်ရေ သန့်ရှင်းမှုများပြုလုပ်ပေး ခြင်း၊ ကန်တော့ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းနှင့် ကုသိုလ်ဒါနပြုခြင်းတို့ဖြင့် နှစ်သစ်ကို အစပြုကြသည်။
Apr 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်း အမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းရေးနှင့် လူသားချင်း စာနာထောက် ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင် စခန်း အသီးသီးတွင် အကျဉ်း ကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုခဲ့သည်။
Apr 17, 2021
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ကုန်လွန်၍ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါဝင် ဘုရားစေတီများ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။
