Apr 26, 2021
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၂၉) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပသည်။
Apr 26, 2021
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့မဈေး၊ သပြေကုန်းဈေး၊ အာဟာရသုခဈေး၊ ဒက္ခိဏသီရိဈေး နှင့် ပုဗ္ဗသီရိဈေးတို့ရှိ ညဈေးတန်းများအား ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်မှ စတင်ပိတ်ထားခဲ့ရာ ယခု ၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်များဖြင့် ပြန်လည်စည်ကားလျက်ရှိသည်ကို တွေ့ရှိရသည်။
Apr 26, 2021
ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထု အချို့၏ နေအိမ်များအား မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့် ပစ်ပေါက် ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင် လျက်ရှိသည်။
Apr 26, 2021
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာစက်မှုဇုန် (၃)ရှိ ရွှေမ် ဆိပ်ကမ်းတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ကမ်း တာဝန်ကျများက သက်ဆိုင်ရာ ဆိပ်ကမ်းအစည်းအဝေးခန်းမ၌ ဆိပ်ကမ်းပိုင်းဆိုင်ရာ အချက်အလက်များ၊ ဆန်တင်ပို့မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
Apr 26, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၆၂၈၀၇ ဦး၊ အတွင်းလူနာ ၄၁၉၁ ဦးကို ကုသ ပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၇၆၃၅ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၃၉၀၁ ဦး စုစုပေါင်း ၁၁၅၃၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိ သည်။ ထို့အပြင် ကလေးမီးဖွားလူနာ ၃၉၆၈ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၆၁၅၀ ကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေး ငယ် ၁၀၁၁၈ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
Apr 26, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ် ထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။
Apr 26, 2021
မေး - ကျွန်တော်တို့တွေ့မြင်နေရသလောက် ဒီအကြမ်းဖက်ဆန္ဒပြသူတွေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အထဲမှာ တရုတ်လူမျိုးပိုင် စက်ရုံအလုပ်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်နေပါတယ်။ ဥပမာ အနေနဲ့ပြောမယ်ဆိုရင် တရုတ်လူမျိုးပိုင်စက်ရုံအချို့ မီးရှို့ ဖျက်ဆီးခံခဲ့ ရပြီးဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပစ်မှတ်ထား တိုက်ခိုက်နေကြတာ ပါလဲ။ တကယ်ပဲ သူတို့ထင်သလို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီပေးနေတာလား။ ဒါမှမဟုတ် စီးပွားပြိုင်ဘက်အချင်းချင်း ချောက်ချတဲ့ သဘောလား။ ဘယ်လိုအကြောင်းကြောင့်များ တရုတ်လူမျိုးပိုင်စီးပွား ရေးလုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ပစ်မှတ်ထားတိုက်ခိုက်ခံလာရတာ ပါလဲ။
Apr 26, 2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာအုတ်မြစ် တော်စီ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်၊ ဝတ္ထုကံတော် အတွင်း၌ ကျင်းပပြုလုပ်သည်။
Apr 26, 2021
မြန်မာနိုင်ငံသည် စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းဖော်ဆောင် နေသည်။ ပြည်သူများကလည်း ဒီမိုကရေစီစနစ်ကို လိုလားလက်ခံကြသည်။ သို့သော် စစ်မှန်သည့် ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ်ကို ကွဲကွဲပြားပြားနားလည်လက်ခံမှု အားနည်းသည်ဟုဆိုနိုင်သည်။ အပေါ်ယံကိုကြည့်၍ စစ်မှန်သည့်ဒီမိုကရေစီကို အာဏာရှင်၊ အာဏာရှင်ကို စစ်မှန်သည့်ဒီမိုကရေစီဟု လွဲမှားစွာရှုမြင်နေဆဲဖြစ်သည်။
Apr 26, 2021
ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများသည် ဆူပူမှု၊ အကြမ်းဖက် သောင်းကျန်းမှု၊ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများဆီအထိ အဆင့်ဆင့် ကူးပြောင်းခဲ့ပြီး လက်ရှိအခြေအနေတွင်မူ လက်လုပ်ဗုံးများ၊ မီးပုလင်းများဖြင့် နှောင့်ယှက်ပစ်ခတ်မှု၊ အစိုးရပိုင်၊ အများပြည်သူပိုင် လမ်းတံတား၊ အဆောက်အအုံများကို မီးရှို့မှုတို့ကိုသာ နေရာဒေသအချို့၌ ပြုလုပ်နေကြသည်ကို သတင်းများအရ သိကြရသည်။ နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့တွင် ပုံမှန်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလာနေပြီး အေးချမ်းသာယာမှုကို မလိုလား သည့် အုပ်စုတို့၏ ထုံးပိုင်း ့ပိုင်း လှုပ်ရှားမှုတို့သာ ရှိနေသည်ဟု သိရသည်။
Apr 25, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်
Apr 25, 2021
သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းသော ရေခံမြေခံကောင်းရှိသည့် ရှမ်းပြည်နယ်တွင် စားနပ် ရိက္ခာ ဖူလုံပိုလျှံစေပြီး ဒေသနေပြည်သူများ လူနေမှုအဆင့်အတန်း သိသာစွာ ပြောင်းလဲ တိုးတက်လာစေရေး၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုတွင် ခေတ်မီ နည်းပညာများ အသုံးပြုနိုင်ရေး နှင့် ကုန်ကြမ်းတင်ပို့ရောင်းချမှုမှ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိရန်အတွက် အဓိကလိုအပ်သည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို စနစ်တကျ သင်ယူတတ်မြောက်စေရန် စီမံ ဆောင်ရွက်ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ (၂၃)ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
Apr 25, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
Apr 25, 2021
အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ ဆရာမများအတွက် အားလပ်ရက်ရှည်(Vacation) ခံစားခွင့်ကို ၂၀၂၁ ခုနှစ် မေ ၂ ရက် အထိ သတ်မှတ်ခွင့်ပြုထားပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ သင်ကြားရေး ဆရာဆရာမများ အားလုံးနှင့် စီမံဝန်ထမ်းများ အားလုံးအနေဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက် နောက်ဆုံးထား၍ မိမိတို့လုပ်ငန်းခွင်များသို့ အင်ပြည့်အားပြည့် မပျက်မကွက် ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန် နှိုးဆော်တိုက်တွန်း ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
Apr 25, 2021
ပွင့်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း၊ လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းများ၊ ပရဟိတဂေဟာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမ ခန်းမ၌ ကျင်းပသည်။
Apr 25, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း နှင့်အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့တွင်းလမ်းများ၏ အခြေအနေကို လိုက်လံစစ်ဆေးပြီး ကျိုင်းတုံမြို့၊ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း ၊ ရေချမ်း ၊ ဆီမီး နှင့်ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ကာ ဘက်စုံအလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။
Apr 25, 2021
ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်ရန် နှစ်လက်မအရွယ် ငါးသားပေါက်များ မြစ်ချောင်း၊ အင်းအိုင်များတွင် တိုးချဲ့ထည့်သွင်းမွေးမြူရန် ငါးသားပေါက်များ တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် မွေးမြူထုတ်လုပ်သော ငါးများကို ဥရောပ (၂၆) နိုင်ငံမှ ဝယ်ယူစားသုံးလျက်ရှိသဖြင့် ပြည်ပဝင်ငွေ တိုးတက်ရရှိရေးအတွက် ကောင်းမွန်သော မွေးမြူ ရေးကျင့်စဉ် (GAqP)ဖြင့် မွေးမြူသော ငါးကန်များ ပိုမိုများပြားလာစေရန် စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနား မြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းသို့ သွားရောက် စစ်ဆေးစဉ် ပြောကြားသည်။ ။
Apr 25, 2021
ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်ရန် နှစ်လက်မအရွယ် ငါးသားပေါက်များ မြစ်ချောင်း၊ အင်းအိုင်များတွင် တိုးချဲ့ထည့်သွင်းမွေးမြူရန် ငါးသားပေါက်များ တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် မွေးမြူထုတ်လုပ်သော ငါးများကို ဥရောပ (၂၆) နိုင်ငံမှ ဝယ်ယူစားသုံးလျက်ရှိသဖြင့် ပြည်ပဝင်ငွေ တိုးတက်ရရှိရေးအတွက် ကောင်းမွန်သော မွေးမြူ ရေးကျင့်စဉ် (GAqP)ဖြင့် မွေးမြူသော ငါးကန်များ ပိုမိုများပြားလာစေရန် စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနား မြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းသို့ သွားရောက် စစ်ဆေးစဉ် ပြောကြားသည်။
Apr 25, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အတူ ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဗျူဟာမြောက်စီမံကိန်းဖြင့် ဆောင်ရွက်သည့် နောင်ငင်းဝမ်ဆိုင်း (လွယ်) လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။
