May 15, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထု အတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ် သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ ခွဲစိတ်ကုသ ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
May 15, 2021
ပြည်ပဈေးကွက်ရရှိထားသော ပုစွန်၊ ကဏန်းအရှင် ပို့ကုန်မှာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တင်ပို့မှု လျော့ကျခဲ့သော်လည်း လုပ်ငန်းရပ်တန့်ခြင်းမရှိဘဲ လည်ပတ်ခဲ့ရာ ယခုအခါ ပြည်ပလေယာဉ်ခရီးစဉ်များပွင့်လန်းပါက ရေထွက်ပို့ကုန် ကဏ္ဍ ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း သိရသည်။
May 15, 2021
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးယန္တရားနှင့် တရားဥပဒေစိုးမိုးမှု ထိခိုက် ပျက်ပြားစေရန်နှင့် ပြည်သူလူထုများကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ်ကာ အကြမ်းဖက်အုပ်စုများမှ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့မှူးနှင့် ရပ်/ကျေးစာရေးတို့ ၂ ဦးအား ရည်ရွယ် ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
May 15, 2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ လက်လုပ်မိုင်း ထိမှန်ဒဏ်ရာရရှိထားသူများအား ဆေးရုံသို့ပို့ဆောင်စဉ် ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သည့်အတွက် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
May 15, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၃) ရပ်ကွက်၊ နဝရတ်လမ်း၊ အမှတ်(၂၃၅)လမ်းရှိ နဂါး(ခ)ဉာဏ်ထက်အောင်(ဘ)ဦးခင်ဦး ၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၁၇ ရက် ည ၁၁ နာရီ ၄၀ မိနစ် ခန့်တွင် ဝင်ရောက်ရှာဖွေရာ ဆေးခြောက်(၂၀၀) ဂရမ်ခန့်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိမှု အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၁၉(က) အရ ၎င်းအား မေ ၁၃ ရက်တွင် “ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ် ” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
May 15, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ အား လုပ်ဆောင်လျက်ရှိသည်။
May 15, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ အကြမ်းဖက်သူများမှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်း သိရသည်။
May 15, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိသည်။
May 15, 2021
မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် မြန်မာ့စီပွားရေးဘဏ်တို့အား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15, 2021
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လုံခြုံစိတ်ချ၍ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန်အတွက်ခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။ ဆက်လက်၍လည်း အစဉ်မပြတ် နေ့ညမလပ်၊ ရာသီဥတု၊ အချိန်အခါမရွေး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး လျှပ်စစ်ဓာတ်အား အကောင်းဆုံး ဝန်ဆောင်မှုရစေရန် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
May 15, 2021
ကမ္ဘာ့အဆင့်တွင် မြန်မာဗိုလ်စွဲသောအရာဟူ၍ ရှားရှားပါးပါး တစ်ခုသာရှိသည်။ ယင်းမှာ ကမ္ဘာ့ကွမ်းအစားဆုံးနိုင်ငံ ခြောက်နိုင်ငံ အနက် မြန်မာက ဗိုလ်တကာ့ဗိုလ်အဖြစ် နံပါတ်(၁) နေရာ၌ ရှိနေခြင်းပင်ဖြစ်သည်။ တန်းစီဇယားအရဆိုလျှင် မြန်မာက ၅၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် ပထမ၊ အိန္ဒိယက ၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ နီပေါက ၃၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် တတိယ၊ ဘင်္ဂလားဒေ့ရှ်က ၂၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် စတုတ္ထ၊ သီရိလင်္ကာက၂၄ ဒသမ၉ ရာခိုင်နှုန်း ဖြင့် ပဉ္စမ၊ ထိုင်းက ၁ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမဖြစ်သည်ဟု လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ ကွမ်းစားသူရာခိုင်နှုန်းမှာ လျော့မသွားဘဲ ဆက်လက်တိုးမြင့်လျက် ရှိကြောင်း သတင်းများတွင် တွေ့ရသည်။ ။
May 14, 2021
နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေအနေဖြစ်ပေါ်မှု ကိန်းဂဏန်း၊ အချက်အလက်များကို စောင့်ကြည့်လေ့လာသုံးသပ်၍ ကာလတိုနှင့် ကာလလတ်အတွက် ဆောင်ရွက်မည့်အစီအမံများ အကြံပြုတင်ပြနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းဝေး တစ်ရပ်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
May 14, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်၊ မဉ္ဇူသက လမ်းရှိ MYANMAR GOLDEN PRODUCE CO., LTD ၏ သစ်သီးဝလံ တန်ဖိုးမြှင့် ထုတ်လုပ်သည့် စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
May 14, 2021
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
May 14, 2021
ဆောက်လုပ်ရေးဝန်းကြီးဌာန၏ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တံတားဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
May 14, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ ပုလဲသန္တာဟိုတယ် အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြိတ်ခရိုင် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းတို့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
