Skip to main content

May 21, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၇/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2021

ယခုအခါ ပြည်သူများအနေဖြင့် ငွေကြေးနှင့်ပတ်သက်ပြီး အခက်အခဲဖြစ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ မိမိတို့အပ်နှံစုဆောင်းထားသည့်ငွေကို ပြန်လည် ထုတ်ယူရေး၌ အခက်အခဲဖြစ်နေကြသည်။ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ယူရေးနှင့် ၎င်းဘဏ်တို့၏ ATM များမှ ငွေထုတ်ယူရန် ငွေကြေးပမာဏ အတိုင်းအတာတစ်ခုကို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းထုတ်ယူနေကြရသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2021

နေ့တစ်နေ့စတင်မိုးလင်းပြီဆိုသည်နှင့် မည်သည့်အချိန်၊ မည်သည့် နေရာတွင် ပေါက်ကွဲမှုဖြစ်မည်လဲ ဟူသော စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြပြီဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ထုတ်ဖော်ပြောကြား လာကြပြီဖြစ်သည်။ မိမိတို့နေထိုင်ရာအနီး၊ သို့မဟုတ် ခပ်လှမ်းလှမ်းနေရာတို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ရန်ကုန်သူ၊ ရန်ကုန်သား မြောက်မြားစွာတို့မှာ ပေါက်ကွဲသံကို ကြားဖူးသူများ၊ ပေါက်ကွဲမှုကြောင့် တုန်ခါကွဲရှသူများနှင့် ကြုံဖူးသူများ၊ မြင်တွေ့ ဖူးသူများဖြစ်လာကြသည်။ စိုးရိမ်မှု၊ မလုံခြုံသည့်ခံစားမှု၊ အကြောက်တရားတို့ ဖုံးလွှမ်းလာမှုမှာ အကြမ်းဖက်မှုများ၏ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix သတင်းဌာနမှ နိုင်ငံရေးဆိုင်ရာ အကြီးတန်းသတင်းထောက်နှင့် Talk with World Leaders အစီအစဉ်တင်ဆက်သူ Ms. Fu Xiao Tian အား ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing မှ တစ်ဆင့် လက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေး ခန်းမဆောင်၌ ကိုဗစ်-၁၉  ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက တိုင်းရင်းသား လူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံအကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ အဋ္ဌမ အကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

လုပ်ငန်းလိုအပ်ချက်အရ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ခုတင်(၂၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆေးရုံအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောင်ရွက်လိုသောလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်)၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ)မှ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရ(သံဖြူဇရပ်)၊ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ(မိတ္ထီလာ)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊

ဆက်လက်ဖတ်ရှုရန်

May 20, 2021

တရားလွှတ်တော် ရှေ့နေအသင်းမှ ဦးအောင်ရဲစိုးက မေးမြန်းရာတွင် အရေးပေါ်အခြေအနေ ကြေညာသည့် အချိန်တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော် ဦးဆောင်သည့် အစိုးရအဖွဲ့က ဦးဆောင်ပြီးသည့်အချိန်တွင် အရေးပေါ်ကာလ ပြီးဆုံးသည့်အချိန်တွင် လွှတ်တော်သက်တမ်း ကုန်ဆုံးသည့် အချိန်နှင့် တိုက်ဆိုင်ခြင်းအတွက် လွှတ်တော်က ပယ်ဖျက်ပြီးဖြစ်သည်ဟု မိမိလေ့လာဖူးကြောင်း၊ အခုအချိန်သည် တတိယအကြိမ် လွှတ်တော် သက်တမ်းအစတွင် အရေးပေါ်ကာလ ဖြစ်သည့်အတွက် အရေးပေါ်ကာလကို သက်တမ်း နှစ်ကြိမ်ဆက်တိုးမည်ဆိုပါက နှစ်နှစ် တာကာလဖြစ်သည့်အတွက် လွှတ်တော် သက်တမ်းသည် ငါးနှစ်ဖြစ်ခြင်းကြောင့် လွှတ်တော်သက်တမ်းသည် သုံးနှစ်သာ ကျန်ရှိမည်ဖြစ်ကြောင်း၊ မိမိသိလိုသည်မှာ အရေးပေါ်ကာလအရ နိုင်ငံတော် တာဝန်အရပ်ရပ်ကို လက်ရှိအစိုးရက တာဝန်ယူသည့် အချိန်တွင်ယာယီသမ္မတ၏ လွှဲအပ်သည့်တာဝန်များ ပြီးဆုံးသည့် အချိန်တွင် နောက်အစိုးရကို ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်မည်လား၊ ပြီးမြောက်ခဲ့ပြီးသော ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ် များအပေါ်တွင် UEC ကို ကန့်ကွက်လွှာ များ တင်ထားသည့် အမှုများအပေါ် လက်ရှိ UEC ကဥပဒေနှင့်အညီ ဆုံးဖြတ်ပြီး ရလဒ် များအပေါ် အခြေခံသည့် အစိုးရအဖွဲ့ဖြင့်သွားမည်လား၊ အဓိကမှာ ပြီးမြောက်ခဲ့သည့် အငြင်းပွားဖွယ်ရာများ များစွာဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲ တစ်ရပ်လုံးကို UEC အနေဖြင့် ဖျက်သိမ်း မှာလား၊ ဖျက်သိမ်းပြီးတော့ အသစ်ပုံစံ ဖြင့် သွားမှာလား၊ သို့မဟုတ်ရွေးကောက် ပွဲကို ဥပဒေနှင့်အညီ ဆုံးဖြတ်ပြီး အစိုးရ အသစ်ဖွဲ့နိုင်ရေးကို ဆောင်ရွက်မည်လား သိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဍနှင့် အပန်းဖြေလေ့လာရေးခရီးကို ဖော်ဆောင်ပေး လျက်ရှိသော မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလျက်ရှိပြီး ဆောင်းခိုငှက်နှင့် ဌာနေရေပျော်ငှက်တို့ ကျက်စားနေထိုင်လျက်ရှိရာ ဧပြီလက ပထမဆုံးအကြိမ်ရောက်ရှိလာသော ဆောင်းခိုငှက် Shearwater ကို ဘေးမဲ့တောမှ အခြားငှက်မျိုးစိတ်များနည်းတူ မှတ်တမ်းတင်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ယခုရက်ပိုင်းအတွင်း မီးလောင်မှုဖြစ်စဉ်တွေ ဆက်တိုက်နီးပါးဖြစ်ပွားနေတာ မြင်ရကြားရတော့ အတော့်ကို စိတ်လက်မချမ်းမသာဖြစ်ရတယ်ဗျ။ အချို့သော စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေရဲ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်များဟာ ပေါ့ဆမီးမဟုတ်ဘဲ မသမာသူတွေရဲ့ လက်ချက် ရှို့မီးဆိုရင်တော့ လုံ့လပယောဂ အားထုတ်သူအဖို့ ပစ္စုပ္ပန်သာမက နောင်သံသရာအတွက်ပါ အတော့်ကို အပြစ်ကြီးတယ်လို့ပဲဆိုရမယ်။ ကျွန်တော်တို့ဟာ ကံ၊ ကံ၏အကျိုးကို ယုံကြည်သက်ဝင်ကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်တာမို့ အဲဒီလိုပဲ ယုံကြည်ယူဆမိကြောင်းပါ။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းကို အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ကုန်ကြမ်း ရှားပါးလာချိန်တွင် ပြည်ပမှကုန်ကြမ်းတင်သွင်း၍ တန်ဖိုးမြှင့်ကုန် ချောထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံအတွက် အခွန်ငွေ ပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2021

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန် အတွက် မြန်မာအားကစားအဖွဲ့များအား ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်