Skip to main content

Jun 24, 2021

(၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ RADISSON Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

ယနေ့အချိန်ကာလတွင် မြို့ရွာများ၌ မတည်ငြိမ်မှုများနှင့်အတူ ပြည်သူများအား အန္တရာယ်ပြုသော အမှုကိစ္စများ နေ့စဉ်ကြားသိနေရသည်။ ရပ်ရွာများအတွင်း အေးချမ်းစွာနေထိုင်ကြသော ပြည်သူများ အား အစွန်းရောက်နိုင်ငံရေးသမားများ၊ အစွန်းရောက်အကြမ်းဖက်သူများ၊ မသမာသူများက ငွေပေး စေခိုင်းသည့် အဖျက်သမားများ၊ ဒုစရိုက်သမားလူမိုက်များလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ အမြောက်အမြား ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ကြသည်ကို ကြားသိနေရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

နယုန်လပြည့်နေ့ကိုမဟာသမယအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအမြတ် ထားကြသည်။ ငါးရာသော ရဟန္တာမထေရ်မြတ်တို့နှင့်တကွ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် လာရောက်ကြသော နတ်အပေါင်းတို့၏ အစည်းအဝေး၌ ထိုသို့လာရောက်သော နတ်ဗြဟ္မာ အပေါင်းတို့၏အမည်ကို ဖော်ပြရာဖြစ်သော မဟာသမယသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် သက္ကကိုင်း ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောအရပ်၌ ဟောကြားတော်မူခဲ့သည်။ မဟာသမယ ဟူသည် ကြီးကျယ်မြင့်မြတ်သည့် အချိန်အခါဟု အနက်အဓိပ္ပာယ်ရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီးကုန်သော ရဟန္တာငါးရာတို့၏ ထူးခြား ကြည်ညိုဖွယ်ရာ သံဃာ့အစည်းအဝေးကို ဖူးမြင်ရန် လာရောက်ကြကုန်သော နတ်၊ ဗြဟ္မာများ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ မဟာဝုန်တောသို့ စုရုံးရောက်ရှိနေခဲ့သည့် ထိုအချိန်အခါသည် မဟာ သမယပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ် (၄၃)ဘဏ်မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် ဖြင့် အစည်းအဝေးပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

(၂၂-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၀၃၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၈၀) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၈၉,၇၉၂) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၉,၉၂၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာ နိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဇွန် ၂၂ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းနေရာ၊ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာ၊ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းနေရာနှင့် ဟင်္သာတဘူတာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်း လမ်းညွှန်(မူကြမ်း) ဒုတိယအကြိမ်နှင့် ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆွေးနွေးပွဲ (ပထမနေ့) ကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိ အမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်းကို ဇွန်လ ၂၃ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည်မန္တလေးမြို့ အတွင်းဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများ နှင့်အတူ အကြမ်းဖက်သူတချို့ရောက်ရှိခိုအောင်းနေကြောင်းသတင်းအရ ယနေ့နံနက်၇နာရီခွဲခန့်တွင် ၁၁၁ လမ်း နှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်သည်

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်