Skip to main content

Jul 02, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းဖက်သမားကို ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များကို လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀/က)ရပ်ကွက်၊ လှော်ကားလမ်းမကြီးပေါ်ရှိ မိဘရိပ်သစ်ဆိုင်အတွင်းသို့ မတ် ၂၇ ရက်တွင် မျိုးသိန်းထွန်း(ဘ)ဦးကျော်ထွန်း အပါအဝင် (၃၂) ဦးတို့က ဝင်ရောက်၍ ဆိုင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာများနှင့် ခြံတံခါးများကို ဖျက်ဆီးပြီး ရုံးခန်း အတွင်းမှ  Iphone 12 Promax (၂)လုံး၊ Pad 12 (၁)လုံး၊ ငွေကျပ် သိန်း(၁၅၀)၊ CCTV မှတ်တမ်း Box၊ ရွှေတုံး/ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာ(၂၀)ကျပ်သား၊ ဘဏ်စာ အုပ်(၃)အုပ်တို့ကိုလည်းကောင်း၊ အိမ်တွင်တပ်ဆင်ထားသော TV(၆)လုံးနှင့် Felling-125 ဆိုင်ကယ်(၁)စီးတို့ကိုလည်းကောင်း စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်းပေါင်း (၄၁၆၁)သိန်းခန့်တို့ကို လုယက်ခဲ့ခြင်းနှင့် ဆိုင်အတွင်းရပ်ထားသည့် မော်တော်ယာဉ် (၂)စီးတို့ကို ရိုက်ချိုး ဖျက်ဆီး၍ လမ်းမပေါ်တွင် မီးရှိုခဲ့ကြခြင်းတို့ကို ကျူးလွန်ခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ -၃၉၅ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၅ တို့အရ ၎င်းတို့ အား ဇူလိုင် ၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို  ချမှတ်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

(၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၁၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၈၆၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၇၅၂,၉၂၉)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၆၁,၂၁၀) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် အွန်လိုင်းဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့ နံနက် ၁ဝ နာရီက ကိုဗစ်အတည်ပြုလူနာများကိုကျန်းမာ  ရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ပြင်ဆင်နေသည့် ခုတင် ၅၀၀ အရိုးအထူးကုဆေးရုံကြီးသို့ ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမျိုးလှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။ 

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာအတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

အာဆီယံဒေသတွင်းဆိုင်ရာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ASEAN Plan of Action for Energy Cooperation (APAEC) အရ မြန်မာနိုင်ငံနှင့်လာအို နိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပျိုးဥယျာဉ်အနီး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင်စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

ရန်ကုန် ဇူလိုင် ၁ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ခုနှစ်ဆုကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော ခုနှစ်ထပ်ကွမ်း အကယ်ဒမီများရှင် ဂန္ထဝင်အနုပညာရှင်ကြီး မင်းသားကြီး ဦးညွန့်ဝင်း (၈၂) နှစ် သည် လူကြီးရောဂါဖြင့် နေအိမ်၌ ယနေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

မကြာမီက ကျင်းပပြီးစီးခဲ့သည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့က အတည်ပြုခဲ့ သည်ကို သိရှိရ ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

ဧရာဝတီတိုင်းဒေသကြီး ကွင်းကောက်မြို့နယ်၊ အင်္ဂပူမြို့နယ်။ လေးမျက်နှာမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် ကွင်းကောက်မြို့ နယ်မြေခံ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဟင်္သာတတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး နှင့် တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်း မြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ ဆေးရုံ၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ် ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့်

ဆက်လက်ဖတ်ရှုရန်

Jul 02, 2021

ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၅)ကို ဇူလိုင် ၂ ရက် ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်