Jul 09, 2021
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပ ခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းစိစစ်တွေ့ချက်များနှင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲ လက်မှတ်များ မြေပြင်ဖွင့်ဖောက်စစ်ဆေးခဲ့မှုအခြေအနေ မြို့နယ်အလိုက် စိစစ်တွေ့ရှိမှုစာရင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တစ်ခုချင်းအလိုက် စိစစ်တွေ့ရှိမှု စာရင်းချုပ် များကို ၁၆- ၂- ၂၀၂၁ ရက်နေ့မှ ၇- ၇- ၂၀၂၁ ရက်နေ့အထိ စိစစ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
Jul 09, 2021
မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို တရားဝင် မှတ်ပုံတင်ပေးနေပြီဖြစ်သည်။ ကညနရုံးစိုက်သည့် တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးပေါင်း ၄၉ ရုံးမှာ One Stop Services စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ရာ ဝစ်သောက်ဆိုင်ကယ်ကို မျက်နှာငယ်ငယ် စီးနင်းနေမည့် အစား သက်ဆိုင်ရာသို့ အခွန်အခများပေးဆောင်ပြီး တရားဝင်မှတ်ပုံတင်ဆိုင်ကယ်ကို ရင်ကော့စီးနိုင်ရန် အခွင့် အရေးရခြင်းပင်ဖြစ်သည်။ သည့်အ
Jul 09, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ မြင့်မား လာသည်။ ဇူလိုင် ၇ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၃၉၀၀ ကျပ်မှ ဇူလိုင် ၈ ရက်တွင် ရောဂါပိုးတွေ့သူ ၄၀၀၀ ကျော် ဖြစ်လာခဲ့သည်။ ရောဂါကြောင့် သေဆုံးသူမှာ ဇူလိုင် ၇ ရက်က ၅၇ ဦးနှင့် ဇူလိုင် ၈ ရက်တွင် ၅၁ ဦးရှိသည်။ ယင်းမှာ ပိုးတွေ့ လူနာများမှ ပေါ်ထွက်လာသော ရလဒ်ဖြစ်ပြီး ရောဂါဖြစ်ပွားမှု စစ်ဆေးခြင်း မပြုနိုင်သော ပြည်သူများကို ထည့်ပေါင်းလျှင် ယင်းထက်ပင် ပိုများမည်မှာ သေချာသည်။
Jul 08, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ (၈-၇-၂၀၂၁) ရက်နေ့၊ ည (၇)နာရီ
Jul 08, 2021
(၇-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၉၂၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄,၁၃၂) ဦး တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၈၂၅,၈၂၂)ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၈၀,၀၅၅) ဦး ရှိပြီ ဖြစ်ပါသည်။
Jul 08, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့နှင့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည် တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ကျင်းပသည်။
Jul 08, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ဇူလိုင် ၅ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးသို့ ရောက်ရှိပြီး ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို ကြည့်ရှုစစ်ဆေးသည်။
Jul 08, 2021
အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2021
တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်းနှင့် တိရစ္ဆာန်အစာချဉ်ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2021
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှု ရရှိရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ စခန်းသွင်း လေ့ကျင့် လျက်ရှိသော မြှားပစ်အားကစားနည်း ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လု ပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများ ချီးမြှင့်သည်။
Jul 08, 2021
ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားဆိုင်ရာဝန်ကြီးများ၏ တားမြစ်ဆေးဝါးဆိုင်ရာ အမြင်ချင်းဖလှယ်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပရာ မြန်မာနိုင်ငံမှ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဆွေးနွေးသည်။
Jul 08, 2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment ဖြင့် ဝယ်ယူ နိုင်မည့်စနစ် စတင်မိတ်ဆက်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံ လုပ်ငန်း(ရုံးချုပ်) ဆဌမထပ် အစည်းအဝေးခန်းမ၌ Online Webinar ဖြင့် ကျင်းပသည်။
Jul 08, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း(၃)၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jul 08, 2021
(၅၄)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် (၃၉) ကြိမ်မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယားခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းအဝေး၊ (၂၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယခရီးသွားလုပ်ငန်းအဖွဲ့ အစည်း အဝေးများကို အင်ဒိုနီးရှားနိုင်ငံမှဦးဆောင်၍ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့၌ နံနက်၈နာရီခွဲတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
Jul 08, 2021
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဆောင်းချိန် မှော်ဆီဇာကျေးရွာ သွားကားလမ်းတွင် ချာလီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ကိုလည်းကောင်း၊
Jul 08, 2021
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jul 08, 2021
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မင်းမင်း (ဘ)ဦးဇော်ဝင်း သည် ၂၀၂၀ ဇွန်လခန့်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇွန် ၂ ရက်နေ့အထိ ကာလအတွင်း ၎င်း၏သမီးအရင်း ၂ ဦးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ -၃၇၆(၁)နှင့် ရာဇသတ်ကြီးပုဒ်မ-၃၇၇ တို့အရ ၎င်းအား ဇူလိုင် ၆ ရက်တွင် “အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို ချမှတ်လိုက်သည်။
Jul 08, 2021
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာပေါင်း ၂၆၇၆၇၀ နှင့် အတွင်းလူနာပေါင်း ၇၇၇၁၂ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
Jul 08, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မတ္တရာ မြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် မြို့နယ် ယင်းတော်တိုက်နယ် ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ် ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 08, 2021
အရှေ့ဖျားအာရှနှင့် အရှေ့တောင် အာရှနိုင်ငံများ၏ဘူမိသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Coordinating Committee for Geoscience Programmes in East and Southeast Asia CCOP) ၏ (၇၆) ကြိမ်မြောက် ဦးဆောင်ကော်မတီ အစည်းအဝေး (The 76th CCOP Steering Committee Meeting) ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ (CCOP) ရုံးချုပ်မှ Virtual Meeting ဖြင့် ကျင်းပရာ CCOP အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့် ပါဝင်တက်ရောက် ဆွေးနွေးသည်။
