Skip to main content

Jan 22, 2025

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့်စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “စာပေကဏ္ဍဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် (ဇန်နဝါရီလ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဟန်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာအတွင်းရှိ ရအောင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ စာပေဟောပြောပွဲအခမ်းအနားနှင့် Naypyitaw State Polyte-chnic University၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် ဓနအလင်းရောင်စာကြည့်တိုက်များသို့ သုတ၊ ရသစာအုပ်များနှင့် ဘုရားရှိခိုးစာအုပ်များလှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အစိုးရစက်မှုလက်မှုသိပ္ပံရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများ၊ အားကစားသမားများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Gold Medal Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဒုတိယနေ့ကို ယနေ့တွင်  ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက သုတေသနစာတမ်းစုစုပေါင်း ၂၉ စောင်ကို ဖတ်ကြားတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

၂၀၂၄ ခုနှစ်အတွင်း မြန်မာ-စင်ကာပူသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည့် Initiative for ASE-AN Integration-IAI သင်တန်းများအပေါ် ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ချင်းတွင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ တည်ဆောက်လျက်ရှိသည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Linear Accelerators- LA) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၄-၂၀၂၅)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

နိုင်ငံတစ်နိုင်ငံသည် မည်သည့်အခြေအနေတွင်ရှိသည်ဖြစ်စေ စီးပွားရေး သို့မဟုတ် ဓနဥစ္စာပြည့်စုံရေးကို ဆောင်ရွက်နေကြရသည်။ နိုင်ငံတွင် မည်သို့ပင်အခက်အခဲများ၊ စိန်ခေါ်မှုများရှိသော်ငြားလည်း စီးပွားရေးတိုးတက်ပါမှ အရာရာကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးအားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး စသည့်အဘက်ဘက်တို့တွင် အားကောင်းလာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေးအားကောင်းလာအောင် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး နေပြည်တော် ပြင်ပဌာနများမှ ဝန်ထမ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2025

နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာကျဆင်းအောင် မျက်နှာအိုးမဲသုတ်နေသည့် အကြောင်းအရာနှစ်ခုရှိသည်။ တစ်ခုမှာ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ်ရောင်းချခြင်းနှင့် နောက်တစ်ခုမှာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများပင်ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့်စပ်လျဉ်း၍ ဘိန်းစိုက်ပျိုးခြင်း၊ ဓာတုပစ္စည်းများကို အခြေခံ၍ထုတ်လုပ်သည့် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးများထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းတို့မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အွန်လိုင်းငွေလိမ်မှုနှင့် လောင်းကစားလုပ်ငန်းများမှာ များစွာမကြာလှသေးသော်လည်း နိုင်ငံ၏ပုံရိပ်ကို များစွာညှိုးနွမ်းစေခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2025

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့အတွင်းရှိ အမျိုးသားအဆောင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧည့်စာရင်းအကြောင်းပြ၍ ဝင်ရောက်ဖမ်းဆီးခြင်းများပြုလုပ်နေပြီး ဇန်နဝါရီလ (၁၆) ရက်နေ့ ညပိုင်းက မြို့လယ်ရှိအဆောင်တစ်ခုကို ဝင်ရောက်စစ်ဆေး၍ ငွေမပေးနိုင်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားထုတ်လွှင့် လျက်ရှိကြောင်းတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2025

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်အခြေပြု၍ ကျွန်းစုမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၈၀၇ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2025

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့၊ Novotel Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump ၊ (ကြည်း၊ ရေ၊ လေ၊ ရဲ) စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2025

KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အဦများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည့်အပြင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ပညာရေးဆိုင်ရာအဆောက်အဦများဖျက်ဆီးခြင်း၊ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြုတိုက်ခိုက်ခြင်း၊ နိုင်ငံအတွက်အရေးကြီးသည့် ပညာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း စသည့်မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏အနာဂတ်ကို ပျက်စီးစေလိုသည့်၊ အသိဉာဏ်ကင်းမဲ့သည့် လူမဆန်သောလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) ဌာနတာဝန်ခံ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်