Feb 11, 2020
ပုသိမ် ဖေဖော်ဝါရီ ၁၁
Feb 11, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၁
2019-nCoV acute respiratory diseases ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ယနေ့နေ့လယ် ၁နာရီတွင် သတင်းထုတ်ပြန်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၂၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ကြောင်း၊
အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -
Feb 11, 2020
ဤမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးများ၊ လွင်ပြင်များနှင့် ပတ်လည်ဝိုင်းနေသော ကုန်းပြင်မြင့်နှင့် တောင်တန်းကြီးများ၌ မရှိမပူ၊ ရှိမပူ အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး အရေးရှိလျှင်လည်း
ကောင်းတူဆိုးဖက်ရင်ဆိုင်ခဲ့ကြသည်။ ပြည်ထောင်စု၌ အတူနေထိုင်ကြသော ပြည်ထောင်စုသားများသည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ ဖြစ်ကြ၍ အချိန်ကာလအလိုက်ဖြစ်ခဲ့ကြသော သမိုင်းဖြစ်စဉ်အတက်၊ အကျ များအပေါ်တွင် အဆိုးဘက်ကို အကျိုးဆက်မဖြစ်စေဘဲ သင်ခန်းစာယူ၍ အကောင်းဘက်ကို အကြောင်းဆက်ရမည်ဖြစ်သည်။
Feb 10, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၀
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၄) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန် မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Feb 10, 2020
ရန်ကုန် ဖေဖော်ဝါရီ၁၀
သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမ၌ ကျင်းပသည်။
Feb 10, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန် တော် လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 10, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၀
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ယင်းနေ့နံနက်ပိုင်းတွင် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲကျင်းပမည်ဖြစ်ရာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသမှုကို ပြန်ကြားရေးဝန်ကြီးဌာနက ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 10, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ညနေပိုင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 10, 2020
မြိတ် ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ လေ့လာရေးခရီးစဉ် ရောက်ရှိနေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲ များနှင့် ၎င်းတို့၏ဇနီး/ခင်ပွန်းများ ပါဝင်သော သံတမန်လေ့လာရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အမြန်ရေယာဉ်ဖြင့် မြိတ်ကျွန်းစုရှိ ကျွန်းများအား သွားရောက်ကြည့်ရှု လေ့လာကြသည်။
Feb 10, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၀
မြန်မာ-ဒိန်းမတ် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ ပေးအပ်ခဲ့သော သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
Feb 10, 2020
(၁၀-၂-၂၀၂၀ ရက်နေ့၊ ည (၈) နာရီ)
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 10, 2020
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ နံနက် (၁၁) နာရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့၊ နံနက် (၁၁:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် 2019 Noval Conoravirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၄/၂၀၂၀) သို့ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် -
Feb 10, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နိုင်ငံတကာအစိုးရရှေ့နေ အသင်းဥက္ကဋ္ဌ Dr. Cheol-kyu Hwang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၄ နာရီ ၁၄ မိနစ် တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 10, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Feb 09, 2020
နေပြည်တော် ဖေဖော်ဝါရီ ၉
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Feb 09, 2020
(၉-၂-၂၀၂၀ ရက်နေ့၊ ည (၈:၁၅) နာရီ)
(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ များနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 09, 2020
နေပြည်တော် ဖေဖော်ဝါရီ ၉
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပ သည်။
Feb 09, 2020
ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၉) ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့နှင့် အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ဝန်ကြီးဌာနထံ လာရောက်လှူဒါန်းမှုကို လက်ခံခဲ့ပါသည်။
Feb 09, 2020
ဒီးမော့ဆို ဖေဖော်ဝါရီ ၉
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၆၆) နှစ်မြောက် လွိုင်ကော် ကက်သလစ်သာသနာ၊ သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်သခင်မ (ဆော်ဘော့သ) ယူဆမိုဆို မယ်တော် လိုဏ်ဂူပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲ အခမ်အနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ယူဆမိုဆိုကျေးရွာ တိုက်နယ်ဓမ္မာရုံ၌ ကျင်းပသည်။
Feb 09, 2020
နေပြည်တော် ဖေဖော်ဝါရီ ၉
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
