Jun 26, 2020
နေပြည်တော် ဇွန် ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညို ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Jun 25, 2020
နေပြည်တော် ဇွန် ၂၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကို မြို့ရှိ ကရင်မလင်နန်းတော် ရင်ပြင်နီ၌ ကျင်းပသည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
Jun 25, 2020
နေပြည်တော် ဇွန် ၂၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇွန် ၂၃ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးသည်။
Jun 05, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်)
ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူနိုင်ငံသားများခင်ဗျား-
ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခါသမယတွင် နိုင်ငံသူ နိုင်ငံသားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
May 23, 2020
နေပြည်တော် မေ ၂၂
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 06, 2020
နေပြည်တော် ဇွန် ၄
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ပိုင်း တွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 17, 2020
မိဘပြည်သူများနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။ ၁၃၈၁ ခုနှစ်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မိဘပြည်သူများ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့ ဖြတ်သန်းခဲ့တဲ့ဖြစ်စဉ် ပေါင်းများစွာထဲမှာ အောင်မြင်တာတွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိကြပါတယ်။ နှစ်ကုန်ခါနီးမှာတော့ မမျှော်လင့်ဘဲနဲ့ Coronavirus (COVID-19) ရောဂါ ပြဿနာတစ်ခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရောဂါကပ်ဘေးကြီးကိုတော့ မိဘပြည်သူ များနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနို
Apr 10, 2020
နေပြည်တော် ဧပြီ ၉
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 07, 2020
နေပြည်တော် ဧပြီ ၇
ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
Apr 02, 2020
သတင်းဆောင်းပါး - နိုင်လင်းကြည်၊ ဓာတ်ပုံ - ဟိန်းစည်သူ
Apr 02, 2020
မြန်မာနိုင်ငံမှ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်စေရန်၊ မြန်မာနိုင်ငံရှိ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်းများအဖြစ် အသုံးပြုနိုင်ရန်နှင့် ကီလိုမီတာ ၄၂၀၀၀ ကျော်ရှိ လမ်းများကို ASEAN Class III (၁၈ ပေအကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်း)အဆင့် အနည်းဆုံး ရောက်ရှိရန်၊ တံတားအားလုံး ၂၄ ပေအကျယ် နှစ်လမ်းသွား RC သံကူကွန်ကရစ်တံတား/ PC ကြိုတင်အားဖြည့် ကွန်ကရစ်တံတား/ သံပေါင်တံတားအဆင့် အနည်းဆုံးရောက်ရှိရန်တို့ကို ၂၀၃၀
Apr 02, 2020
ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ လေးနှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လေးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်
Apr 01, 2020
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်ရရှိရေးနှင့် သတင်းမှား များဖြင့် အထိတ်တလန့်ဖြစ်စေမှုများကို ရှောင်ရှားရန် အသိပညာပေးဆွေးနွေးပွဲကို မတ် ၂၆ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် ထုတ်လွှင့်ခဲ့သည်။

